ခွေးတွေဟာ လူသားများရဲ့အကောင်းဆုံး သူငယ်ချင်းဘဲဖြစ်ပါတယ်။ ၎င်းတို့က သင့်အား ပေါင်းသင်းဆက်ဆံဖို့ ပြီးပြည့်စုံတဲ့အိမ်မွေးတိရိစ္ဆာန်များဖြစ်ပြီး၊ ခက်ခဲပင်ပန်းတဲ့အချိန်တွေမှာ သင့်ကိုနှစ်သိမ့်ပေးနိုင်သည့် သစ္စာရှိအဖော်များလည်းဖြစ်ပါတယ်။ သို့ပေမဲ့ အမျိုးသားတစ်ဦးအတွက် သူ့အချစ်ဆုံးခွေးလေးက သူ့အတွက်အလိုအပ်ဆုံးအချိန်မှာ သူဟာ သေမင်းရဲ့အိပ်ရာထက်မှာရှိနေခဲ့ပါတယ်။ ဒါဟာ ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုဆိုပေမဲ့ နောက်ဆုံးမှာတော့ လူတွေနဲ့ သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကြားမှာရှိတဲ့ လှပတဲ့နှောင်ကြိုးကိုပြသတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဗီယက်နမ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် 69 နှစ်အရွယ် ဝါရင့်မရိန်းတပ်သားဟောင်း John Vincent ဟာ Raymond G. Murphy Veterans Affairs Medical Center တွင် ဆေးရုံတင်ထားရပြီး သူ့ဘဝရဲ့အဆုံးသတ်ကိုရင်ဆိုင်နေခဲ့ရပါတယ်။
ဝမ်းနည်းစရာမှာ သူဟာ အသက် 5 နှစ်အရွယ် Yorkshire terrier ခွေးမျိုး ခွေးလေး Patch နှင့်လမ်းခွဲလိုက်ရခြင်းလည်းဖြစ်ပါတယ်။ John မှာ မိသားစုမရှိတာကြောင့် သူဟာ ဆေးရုံတက်နေစဉ်အတောတွင်း ခွေးလေးကို Albuquerque Animal Welfare သို့ အပ်နှံထားခဲ့ပါတယ်။
John က အသက်ရှင်ဖို့ ရက်အနည်းသာကျန််ရှိနေတော့ပုံထင်မှတ်ရတာကြောင့် သူ့အားပြုစုစောင့်ရှောက်ပေးသူ Amy Neal က သူ့မှာ နောက်ဆုံးတောင်းဆိုမှုများရှိမရှိကို မေးမြန်းခဲ့ပါတယ်။ John အတွက် ရွေးချယ်မှုက ရိုးရှင်းနေခဲ့ပြီး သူဟာ သူ့ခွေးလေးကို နောက်ထပ်တစ်ကြိမ် ပြန်တွေ့ချင်ကြောင်း ဆန္ဒပြုတောင်းဆိုခဲ့ပါတယ်။ သူ့ရဲ့သေလုမျောပါးဆန္ဒကြောင့် စိတ်မကောင်းဖြစ်သွားခဲ့ကြတဲ့ဝန်ထမ်းများကလည်း သူနှင့်သူ့ရဲ့ခွေးလေးတို့ကြား လှပတဲ့ နောက်ဆုံးပြန်လည်ဆုံဆည်းမှုကိုဖန်တီးပေးရန် ဆုံးဖြတ်ခဲ့ကြပါတယ်။
ဆေးရုံ၏တောင်းဆိုချက်ကြောင့် Albuquerque Animal Welfare မှ အဖွဲ့သားများက Patch ကို ဆေးရုံသို့ခေါ်ဆောင်လာတဲ့အချိန်မှာတော့ John ဟာ သူ့ရဲ့သူငယ်ချင်းဟောင်းကိုပြန်တွေ့ရန် အလွန်ပင်စိတ်လှုပ်ရှားသွားခဲ့ပါတယ်။
အမြှီးလှုပ်ယှမ်းရင်း သူ့ကုတင်ဆီရောက်လာတဲ့ Patch ကို John က “ ဟုတ်တယ် ၊ ဒါ အဖေဘဲ ၊ သားလေး အဖေ့ကိုတွေ့ရတာ အရမ်းပျော်နေတယ်မလား ၊ အဖေကတော့ သားကိုတွေ့ရတာအရမ်းပျော်နေတယ်” ဟုပြောနေခဲ့ပါတယ်။ Patch ဟာ ဆေးရုံအသွား ကားစီးနေတုန်း ငြိမ်သက်နေခဲ့ပေမဲ့ ဆေးရုံသို့ချဉ်းကပ်လာတဲ့အခါမှာတော့ စိတ်လှုပ်ရှားနေခဲ့ကြောင်း Albuquerque Animal Welfare ရဲ့ ဒါရိုက်တာ Nevarez ကပြောပြခဲ့ပါတယ်။
John ဟာ အိမ်နီးချင်းတစ်ဦးဆီကနေ Patch ကိုမွေးစားခဲ့ပြီး Patch လေးရဲ့အဖြူရောင်အမွေးကွက်တွေက သူ့ရဲ့မုတ်ဆိတ်မွေးအရောင်နဲ့တူနေလို့ Patch လို့အတိုကောက်အမည်ပေးခဲ့တာဘဲဖြစ်ပါတယ်။ ၎င်းအခိုက်အတန့်ဟာ မိတ်ဟောင်းဆွေဟောင်း နှစ်ဦးကြား ကြည်နူးစရာပြန်လည်ဆုံဆည်းမှုဖြစ်ခဲ့ပေမဲ့ ၎င်းတို့ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲသာဖြစ်နေခဲ့ပါတယ်။ သို့တိုင် ပြန်လည်ဆုံဆည်းမှုကို တတ်နိုင်သမျှစွမ်းဆောင်နိုင်ခဲ့သည်မှာဝမ်းသာစရာဖြစ်ခဲ့ရပါတယ်။
“ဒါက နှလုံးသားကိုနွေးထွေးစေတဲ့အခိုက်အတန့်ပါပဲ!၊ သူတို့ ဝမ်းသာစွာ အချင်းချင်း တွေ့ဆုံပြီး အချင်းချင်း နှုတ်ဆက်ခဲ့ကြတယ်၊ ဒီစစ်မှုထမ်းဟောင်းရဲ့နောက်ဆုံးဆန္ဒကို အကောင်အထည်ဖော်ခွင့်ရတာဂုဏ်ယူမိပါတယ်” ဟု Albuquerque Animal Welfare က ခွေးလေးနဲ့ John တို့ရဲ့နောက်ဆုံးတွေ့ဆုံမှုပုံရိပ်များကို Facebook ပေါ်ဖော်ပြပေးခဲ့ပါတယ်။
နောက်ဆုံးမှာ Patch ဟာ သူ့သခင်မရှိတော့တဲ့အခါ ဆက်လက်ပြီး ကောင်းစွာဂရုစိုက်နေထိုင်ရမည်ဖြစ်တာကြောင့် အိမ်အသစ်ရှာဖွေပေးနေတဲ့ တိရိစ္ဆာန်ဂေဟာသို့ပြန်လာခဲ့ရပြီး တိရိစ္ဆာန်ဂေဟာကလည်း Patch အား မွေးစားချင်သူတွေတန်းစီနေကြောင်းပြောကြားခဲ့ပါတယ်။
သို့ပေမဲ့ ၎င်းနှလုံးသားရဲ့အစိတ်အပိုင်းကတော့ John နှင့် အမြဲအတူရှိနေမှာပါဘဲ။ ဒါဟာ ကျွန်တော်တို့ရဲ့အိမ်မွေးတိရိစ္ဆာန်တွေက တစ်ခါတစ်ရံ ကျွန်တော်တို့ရဲ့နောက်ဆုံးနာရီတွေမှာတောင် ကျွန်တော်တို့ရဲ့အကောင်းဆုံးသူငယ်ချင်းများဖြစ်ကြောင်းကိုပြသသည့် လှပ၊ခါးသီးတဲ့ဇာတ်လမ်းတစ်ပိုဒ်ဖြစ်နေခဲ့ပါတယ်။
Mia (KB Chimmy One)
Reference : theanimalclub