92B လေဖိအားနည်းလေဝဲတစ်ခုစတင်ဖြစ်ပေါ်လာ၍ ပင်လယ်ပြင်ခရီးသွားများသတိထားရန်
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၁၁ မိနစ် မိုးလေဝသတိုင်းတာချက်များအရ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့တောင်ဘက်တွင် 92B လေဖိအားနည်းလေဝဲတစ်ခုစတင်ဖြစ်ပေါ်လာ၍
ရေလုပ်သားများနှင့်ပင်လယ်ပြင်ခရီးသွားများသတိထားရန်အသိပေးနှိုးဆော်ထားပါတယ်။အမေရိကန်ပြည်ထောင်စုJoint Typhoone Warning Center (JTWC)မှ ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ၁၂နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်များအရ
တနင်္သာရီတိုင်းဒေသကြီးဘုတ်ပြင်းမြို့ရဲ့တောင်ဘက်ရေမိုင်၁၆၄အကွာတွင် အမေရိကန်ပြည်ထောင်စု JTWCမှ အသိအမှတ်ပြု INVEST92B တစ်ခုစတင်ဖြစ်ပေါ်လာလာနေပြီ ဖြစ်တယ်လို့ဆိုပါတယ်။
ခု ဖြစ်ပေါ်နေသော INVEST92Bရဲ့ အခြေအနေကတော့ Center pressureမှာ “1007hpa”ဖြစ်ပြီး အနောက်မြောက်ဘက်ကို ၁နာရီ၁၀မိုင်နှုန်းရွေ့လျားနေပါတယ်။ အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁နာရီ ၁၅မိုင်မှ ၂၀မိုင်နှုန်းဖြစ်ပါတယ်။
အဆိုပါINVEST92Bဟာဆက်လက်အားကောင်းလာပြီး နောက်၇၂နာရီအတွင်း မုန်တိုင်းငယ် Depressionအဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့တော့ ကနဦးခန့်မှန်းတွက်ချက်ရရှိထားပါတယ်လို့သိရပါတယ်။
ထိုဖြစ်စဉ်ကြောင့် နိုဝင်ဘာလ ၁၃ ရက် ယနေ့ညနေ ၄နာရီမှ နောက်၂၄နာရီ အတွင်းတနင်္သာရီကမ်းရိုးတန်းတစ်လျှောက် မိုးသက်လေပြင်းကျရောက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်လို့ရေလုပ်သားများနှင့်ပင်လယ်ပြင်ခရီးသွားများသတိထားသင့်ကြောင်း
မိုးလေဝသပညာရှင် ဝေဖြိုးဟန်(လေကြောင်းမိုးလေဝသ)မှ ကြိုတင်ခန့်မှန်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။လေဖိအားနည်းလေဝဲ 92B invest တစ်ခုဖြစ်ပေါ်လာနေတဲ့အတွက် နောက်သုံးရက်အထိကော့သောင်းခရိုင်နှင့်ကျွန်းစုများမိုးကြီးနိုင်ပါတယ်။
ပင်လယ်အတွင်းလှေသင်္ဘောများသွားလာခြင်းမပြုလုပ်ကြပါနဲ့ အန္တရာယ်ရှိပါတယ် ဆိုပြီး မိုးလေဝသပညာရှင် စုစုစံမှလည်း ခန့်မှန်းပေးထားတာဖြစ်တဲ့အတွက်သတိပြုကြပါရန် ကြိုတင်အသိပေးလိုက်ရပါတယ်။
Credit
zawgyi
92B ေလဖိအားနည္းေလဝဲတစ္ခုစတင္ျဖစ္ေပၚလာ၍ ပင္လယ္ျပင္ခရီးသြားမ်ားသတိထားရန္
၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလ ၁၃ ရက္ မြန္းလြဲ ၁ နာရီ ၁၁ မိနစ္ မိုးေလဝသတိုင္းတာခ်က္မ်ားအရ တနသၤာရီတိုင္းေဒသႀကီး ဘုတ္ျပင္းၿမိဳ႕ေတာင္ဘက္တြင္ 92B ေလဖိအားနည္းေလဝဲတစ္ခုစတင္ျဖစ္ေပၚလာ၍
ေရလုပ္သားမ်ားႏွင့္ပင္လယ္ျပင္ခရီးသြားမ်ားသတိထားရန္အသိေပးႏႈိးေဆာ္ထားပါတယ္။အေမရိကန္ျပည္ေထာင္စုJoint Typhoone Warning Center (JTWC)မွ ယေန႔ျမန္မာစံေတာ္ခ်ိန္ မြန္းလြဲ၁၂နာရီ ၃၀ မိနစ္အခ်ိန္တိုင္းထြာခ်က္မ်ားအရ
တနသၤာရီတိုင္းေဒသႀကီးဘုတ္ျပင္းၿမိဳ႕ရဲ႕ေတာင္ဘက္ေရမိုင္၁၆၄အကြာတြင္ အေမရိကန္ျပည္ေထာင္စု JTWCမွ အသိအမွတ္ျပဳ INVEST92B တစ္ခုစတင္ျဖစ္ေပၚလာလာေနၿပီ ျဖစ္တယ္လို႔ဆိုပါတယ္။
ခု ျဖစ္ေပၚေနေသာ INVEST92Bရဲ႕ အေျခအေနကေတာ့ Center pressureမွာ “1007hpa”ျဖစ္ၿပီး အေနာက္ေျမာက္ဘက္ကို ၁နာရီ၁၀မိုင္ႏႈန္းေ႐ြ႕လ်ားေနပါတယ္။ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ ၁နာရီ ၁၅မိုင္မွ ၂၀မိုင္ႏႈန္းျဖစ္ပါတယ္။
အဆိုပါINVEST92Bဟာဆက္လက္အားေကာင္းလာၿပီး ေနာက္၇၂နာရီအတြင္း မုန္တိုင္းငယ္ Depressionအျဖစ္သို႔ ေရာက္ရွိလာႏိုင္တယ္လို႔ေတာ့ ကနဦးခန္႔မွန္းတြက္ခ်က္ရရွိထားပါတယ္လို႔သိရပါတယ္။
ထိုျဖစ္စဥ္ေၾကာင့္ ႏိုဝင္ဘာလ ၁၃ ရက္ ယေန႔ညေန ၄နာရီမွ ေနာက္၂၄နာရီ အတြင္းတနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ မိုးသက္ေလျပင္းက်ေရာက္ျခင္း၊ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ လႈိင္းအသင့္အတင့္မွလႈိင္းႀကီးႏိုင္လို႔ေရလုပ္သားမ်ားႏွင့္ပင္လယ္ျပင္ခရီးသြားမ်ားသတိထားသင့္ေၾကာင္း
မိုးေလဝသပညာရွင္ ေဝၿဖိဳးဟန္(ေလေၾကာင္းမိုးေလဝသ)မွ ႀကိဳတင္ခန႔္မွန္း သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။ေလဖိအားနည္းေလဝဲ 92B invest တစ္ခုျဖစ္ေပၚလာေနတဲ့အတြက္ ေနာက္သုံးရက္အထိေကာ့ေသာင္းခ႐ိုင္ႏွင့္ကြၽန္းစုမ်ားမိုးႀကီးႏိုင္ပါတယ္။
ပင္လယ္အတြင္းေလွသေဘၤာမ်ားသြားလာျခင္းမျပဳလုပ္ၾကပါနဲ႔ အႏၲရာယ္ရွိပါတယ္ ဆိုၿပီး မိုးေလဝသပညာရွင္ စုစုစံမွလည္း ခန႔္မွန္းေပးထားတာျဖစ္တဲ့အတြက္သတိျပဳၾကပါရန္ ႀကိဳတင္အသိေပးလိုက္ရပါတယ္။
Credit



