ကလေးတွေဟာ တစ်ခုခုကို လိုချင်ပြီဆိုရင် ဂျီကျတတ်ကြပါတယ်။ လိုချင်တာ မရမချင်း ထိုင်ငိုတတ်တဲ့ ကလေးတွေကိုလည်း တွေ့ဖူးမှာပါ။ ဒီလို ဂျီတိုက်ပြီး ခေါင်းမာပြလိုက်တာက သူတို့ လိုချင်တာကို ရတယ်ဆိုတာကို ကလေးတွေက သိကြပါတယ်။
ဒါကြောင့် တစ်ခါတစ်လေ ဆူလိုက်ငေါက်လိုက်မှ မငိုတော့တာမျိုးလည်း ရှိပါတယ်။ ဒီနည်းလမ်းက ရက်စက်တယ် ဆိုပေမယ့် ထိရောက်ပါတယ်။ ဒါကြောင့် ဆူငေါက်တာမျိုး မဟုတ်ပဲ ကလေးတွေကို ဂျီတိုက်တာတွေ၊ ခေါင်းမာတာတွေကနေ ပြောင်းလဲသွားနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ပြောပြပေးချင်ပါတယ်။
၁။ လိုချင်တာကို အေးအေးဆေးဆေးနဲ့ ယူတတ်အောင် သင်ပေးပါ။
ကလေးတွေဟာ သူတို့မိဘတွေရဲ့ ပြုမှုပုံကို အတုယူတတ်လေ့ ရှိပါတယ်။ ဒါကြောင့် သူတို့ရှေ့မှာ စကားပြောရင် အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ် ပြောသင့်ပါတယ်။ သူတို့ရှေ့မှာ ဝုန်းဒိုင်းကြဲပြီး အော်ဟစ်အော်ငေါက် ပြနေရင် ဒါကိုလိုက်ပြီး အတုခိုးပါလိမ့်မယ်။ ပြီးတော့ သူတို့ကို စိတ်ခံစားမှုနောက်ကို အမြဲ မလိုက်ဖို့ သင်ပေးပါ။
၂။ သူတို့ဘာလုပ်ချင်တယ် ဆိုတာကို ရွေးချယ်ခွင့်ပေးပါ။
လက်ထောက်ပါမောက္ခ Angie T. Cranor ရဲ့ ပြောကြားချက်အရ သင့်ကလေးကို ရွေးချယ်မှုတစ်ခု ပေးခြင်းဟာ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စွမ်း ရှိစေပါတယ်။ ဒါကြောင့် သူတို့ကို ကိုယ်တိုင် သွားတိုက်မလား၊ အရုပ်တွေ ကိုယ်တိုင် ကောက်သိမ်းမလား မေးကြည့်ပါ။
၃။ မုန့်လေးတွေ အမြဲ ဆောင်ထားပေးပါ။
ခဏခဏ စိတ်ကောက်တာတွေ ဒါမှမဟုတ် ဂျီခဏခဏကျဟာ မကြာခဏ ဆာလောင်မှုကြောင့်ပဲ ဖြစ်ပါတယ်။ သင်နဲ့ သင့်ကလေး အပြင် အတူသွားရင် သူတို့အတွက် မုန့်တွေ ယူသွားပေးတာက သင့်ကို ထိန်းရလွယ်စေပြီး သင့်ကလေးကိုလည်း ပျော်ရွှင်စေပါတယ်။
၄။ အကျိုးအကြောင်း ရှင်းပြပါ။
ကလေးတွေ အပေါ်ကို “ငါပြောသလိုသာလုပ်၊ ဘာမှပြန်မပြောနဲ့” ဆိုတဲ့ အာဏာကို သွားသုံးလို့ မရပါဘူး။ ဒီလိုလုပ်တာက သူတို့ကို ကြောက်စေတဲ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အားနည်းလာတတ်ပါတယ်။ ဒါကြောင့် တစ်ခုခု လုပ်တော့မယ်ဆိုရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေနဲ့ အမှားအမှန်ကို ရှင်းပြပါ။ ဒီလိုပြောတာက သူတို့ကိုယ်တိုင် စဉ်းစားတတ်သွားတဲ့အပြင် ဘယ်ဟာအမှန် ဘယ်ဟာအမှား ဆိုတာကို ခွဲခြားတတ်လာပါလိမ့်မယ်။ ပြီးတော့ ဆုံးဖြတ်ချက်တွေလည်း ရဲရဲတင်းတင်း ချလာနိုင်ပါလိမ့်မယ်။
၅။ သူတို့လိုက်နာရမယ့် စည်းကမ်းထုတ်ပြီးတော့ ဆုချပေးပါ။
ကလေးတွေကို အချိန်ပြည့် တီဗွီ ကြည့်ခိုင်းထားတာထက် ပန်းကန်ဆေးတတ်အောင်၊ အိပ်ယာကိုယ်တိုင် သိမ်းတတ်အောင်၊ အိမ်သန့်ရှင်းရေး လုပ်တတ်အောင် သင်ပေးပါ။ ကလေးလည်း ကျန်းမာစေတဲ့အပြင် စည်းကမ်းလည်း ရှိစေပါတယ်။ ပြီးတော့ ကျောက်သင်ပုန်း တစ်ခုပေါ်မှာ သူရေးခြစ်ချင်တာတွေ၊ ပုံဆွဲချင်တာတွေကို ဆွဲခွင့်ပြုလိုက်ပါ။ ဒီလိုသာ ၁ ပတ် ဒါမှမဟုတ် ၂ ပတ်အထိ ပုံမှန်လေး လိုက်လုပ်တယ် ဆိုရင် သူတို့ကို ဆုချပေးပါ။ ပျော်စေတဲ့အပြင် သင့်ကလေးကို လိမ်မာသွားစေပါလိမ့်မယ်။
၆။ စည်းကမ်း ချိုးဖောက်ရင် ဒဏ်ပေးပါ။
ယုတ္တိတန်တဲ့ အကျိုးဆက်တွေဟာ သီးခြား အပြုအမူတစ်ခုနှင့် ဆက်စပ်နေပါတယ်။ သင့်ကလေးက ထမင်းကောင်းကောင်း မစားရင် မုန့်မကျွေးပါနဲ့။ သူဆော့ထားတဲ့ အရုပ်တွေကို ကောက်သိမ်းရမှာ ပျင်းနေရင် နောက်နေ့ အရုပ်တွေနဲ့ ပေးမဆော့ပါနဲ့။ ဒါဟာ ကလေးအပေါ်ကို ရက်စက်တာ မဟုတ်ပဲ စည်းကမ်း လိုက်နာတတ်အောင် ပြုပြင်ပေးတာပါ။
၇။ အာရုံစိုက်တတ်အောင် သင်ပေးပါ။
American Academy of Pediatrics ရဲ့ အဆိုအရ တစ်ခါတစ်လေမှာ ကလေးတွေဟာ သူတို့ အာရုံစိုက်စရာ တစ်ခုခု မရှိရင် ပျင်းရိသွား တတ်ပါတယ်။ ဒါကြောင့် သူတို့ အာရုံစိုက်မိအောင် သီချင်းလေးတွေ ဖွင့်ပြတာတွေ၊ ဗဟုသုတတွေ ပြောပြတာတွေ၊ စာအုပ် ဖတ်တတ်အောင် သင်ပေးပြောပြပေးတာတွေ လုပ်သင့်ပါတယ်။
၈။ သူတို့ပြဿနာတွေကို သူတို့ကိုယ်တိုင် ရှင်းတတ်အောင် သင်ပေးပါ။
သူတို့နဲ့ စကားပြောမိတဲ့အခါ သူတို့ ခံစားနေရတာတွေကို မေးပါ။ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နားထောင်ပေးပါ။ သင်က ဝင်မဖြေရှင်းပဲနဲ့ ဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့ နည်းလမ်းကိုပဲ ပြောပြလိုက်ပါ။ သူတို့ ပြဿနာကို သူတို့ ဖြေရှင်းနေသလို ခံစားရဖို့ အရေးကြီးသလို သူတို့ကို ချီးကျူးဂုဏ်ပြုပြီး အားပေးဖို့ကလည်း အရေးကြီးပါတယ်။
၉။ ခံစားချက်တွေကို အသိအမှတ် ပြုပေးပါ။
သူတို့ စိတ်ဆိုးစိတ်ကောက်နေတာကို ဒေါသနဲ့ ပြန်ဖြေရှင်းမယ့်အစား သူတို့ဘာကြောင့် ဘယ်လို ခံစားနေရလဲ ဆိုတာကို မေးပါ။ စိတ်ခံစားမှုတွေဟာ ကလေးတွေရဲ့ ဘဝမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် သူတို့ကို အသိအမှတ် ပြုပေးဖို့ လိုပါတယ်။
ဥပမာ “ ဒီနေ့ရာသီဥတု မကောင်းလို့ ကမ်းခြေကို သွားလို့ အဆင်မပြေနိုင်ဘူး။ ဒါပေမယ့် တိရစ္ဆာန်ရုံကို သွားကြတာပေါ့” စတဲ့ စကားလုံးမျိုးနဲ့ ဖြေသိမ့်ပေးသင့်ပါတယ်။ ကလေးကိုလည်း အတွေ့အကြုံအသစ် ရစေတဲ့အပြင် သူတို့ မျှော်လင့်ချက်တွေကိုလည်း ရိုက်ချိုးသလိုမျိုး မဖြစ်တော့ပါဘူး။
Zombie (lovemedia)
for zawgyi
ေခါင္းမာၿပီး ေျပာဆိုရခက္တဲ့ ကေလးေတြကို လိမၼာသြားေစမယ့္ နည္းလမ္း (၉) ခု
ကေလးေတြဟာ တစ္ခုခုကို လိုခ်င္ၿပီဆိုရင္ ဂ်ီက်တတ္ၾကပါတယ္။ လိုခ်င္တာ မရမခ်င္း ထိုင္ငိုတတ္တဲ့ ကေလးေတြကိုလည္း ေတြ႕ဖူးမွာပါ။ ဒီလို ဂ်ီတိုက္ၿပီး ေခါင္းမာျပလိုက္တာက သူတို႔ လိုခ်င္တာကို ရတယ္ဆိုတာကို ကေလးေတြက သိၾကပါတယ္။ ဒါေၾကာင့္ တစ္ခါတစ္ေလ ဆူလိုက္ေငါက္လိုက္မွ မငိုေတာ့တာမ်ိဳးလည္း ရွိပါတယ္။ ဒီနည္းလမ္းက ရက္စက္တယ္ ဆိုေပမယ့္ ထိေရာက္ပါတယ္။ ဒါေၾကာင့္ ဆူေငါက္တာမ်ိဳး မဟုတ္ပဲ ကေလးေတြကို ဂ်ီတိုက္တာေတြ၊ ေခါင္းမာတာေတြကေန ေျပာင္းလဲသြားႏိုင္မယ့္ နည္းလမ္းေလးေတြကို love media ကေန ေျပာျပေပးခ်င္ပါတယ္။
၁။ လိုခ်င္တာကို ေအးေအးေဆးေဆးနဲ႔ ယူတတ္ေအာင္ သင္ေပးပါ။
ကေလးေတြဟာ သူတို႔မိဘေတြရဲ႕ ျပဳမႈပုံကို အတုယူတတ္ေလ့ ရွိပါတယ္။ ဒါေၾကာင့္ သူတို႔ေရွ႕မွာ စကားေျပာရင္ ေအးေအးေဆးေဆးနဲ႔ တည္တည္ၿငိမ္ၿငိမ္ ေျပာသင့္ပါတယ္။ သူတို႔ေရွ႕မွာ ဝုန္းဒိုင္းႀကဲၿပီး ေအာ္ဟစ္ေအာ္ေငါက္ ျပေနရင္ ဒါကိုလိုက္ၿပီး အတုခိုးပါလိမ့္မယ္။ ၿပီးေတာ့ သူတို႔ကို စိတ္ခံစားမႈေနာက္ကို အၿမဲ မလိုက္ဖို႔ သင္ေပးပါ။
၂။ သူတို႔ဘာလုပ္ခ်င္တယ္ ဆိုတာကို ေ႐ြးခ်ယ္ခြင့္ေပးပါ။
လက္ေထာက္ပါေမာကၡ Angie T. Cranor ရဲ႕ ေျပာၾကားခ်က္အရ သင့္ကေလးကို ေ႐ြးခ်ယ္မႈတစ္ခု ေပးျခင္းဟာ သူတို႔ကိုယ္သူတို႔ ထိန္းခ်ဳပ္ႏိုင္စြမ္း ရွိေစပါတယ္။ ဒါေၾကာင့္ သူတို႔ကို ကိုယ္တိုင္ သြားတိုက္မလား၊ အ႐ုပ္ေတြ ကိုယ္တိုင္ ေကာက္သိမ္းမလား ေမးၾကည့္ပါ။
၃။ မုန႔္ေလးေတြ အၿမဲ ေဆာင္ထားေပးပါ။
ခဏခဏ စိတ္ေကာက္တာေတြ ဒါမွမဟုတ္ ဂ်ီခဏခဏက်ဟာ မၾကာခဏ ဆာေလာင္မႈေၾကာင့္ပဲ ျဖစ္ပါတယ္။ သင္နဲ႔ သင့္ကေလး အျပင္ အတူသြားရင္ သူတို႔အတြက္ မုန႔္ေတြ ယူသြားေပးတာက သင့္ကို ထိန္းရလြယ္ေစၿပီး သင့္ကေလးကိုလည္း ေပ်ာ္႐ႊင္ေစပါတယ္။
၄။ အက်ိဳးအေၾကာင္း ရွင္းျပပါ။
ကေလးေတြ အေပၚကို “ငါေျပာသလိုသာလုပ္၊ ဘာမွျပန္မေျပာနဲ႔” ဆိုတဲ့ အာဏာကို သြားသုံးလို႔ မရပါဘူး။ ဒီလိုလုပ္တာက သူတို႔ကို ေၾကာက္ေစတဲ့အျပင္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈေတြ အားနည္းလာတတ္ပါတယ္။ ဒါေၾကာင့္ တစ္ခုခု လုပ္ေတာ့မယ္ဆိုရင္ ျဖစ္လာႏိုင္မယ့္ အက်ိဳးဆက္ေတြနဲ႔ အမွားအမွန္ကို ရွင္းျပပါ။ ဒီလိုေျပာတာက သူတို႔ကိုယ္တိုင္ စဥ္းစားတတ္သြားတဲ့အျပင္ ဘယ္ဟာအမွန္ ဘယ္ဟာအမွား ဆိုတာကို ခြဲျခားတတ္လာပါလိမ့္မယ္။ ၿပီးေတာ့ ဆုံးျဖတ္ခ်က္ေတြလည္း ရဲရဲတင္းတင္း ခ်လာႏိုင္ပါလိမ့္မယ္။
၅။ သူတို႔လိုက္နာရမယ့္ စည္းကမ္းထုတ္ၿပီးေတာ့ ဆုခ်ေပးပါ။
ကေလးေတြကို အခ်ိန္ျပည့္ တီဗြီ ၾကည့္ခိုင္းထားတာထက္ ပန္းကန္ေဆးတတ္ေအာင္၊ အိပ္ယာကိုယ္တိုင္ သိမ္းတတ္ေအာင္၊ အိမ္သန႔္ရွင္းေရး လုပ္တတ္ေအာင္ သင္ေပးပါ။ ကေလးလည္း က်န္းမာေစတဲ့အျပင္ စည္းကမ္းလည္း ရွိေစပါတယ္။ ၿပီးေတာ့ ေက်ာက္သင္ပုန္း တစ္ခုေပၚမွာ သူေရးျခစ္ခ်င္တာေတြ၊ ပုံဆြဲခ်င္တာေတြကို ဆြဲခြင့္ျပဳလိုက္ပါ။ ဒီလိုသာ ၁ ပတ္ ဒါမွမဟုတ္ ၂ ပတ္အထိ ပုံမွန္ေလး လိုက္လုပ္တယ္ ဆိုရင္ သူတို႔ကို ဆုခ်ေပးပါ။ ေပ်ာ္ေစတဲ့အျပင္ သင့္ကေလးကို လိမ္မာသြားေစပါလိမ့္မယ္။
၆။ စည္းကမ္း ခ်ိဳးေဖာက္ရင္ ဒဏ္ေပးပါ။
ယုတၱိတန္တဲ့ အက်ိဳးဆက္ေတြဟာ သီးျခား အျပဳအမူတစ္ခုႏွင့္ ဆက္စပ္ေနပါတယ္။ သင့္ကေလးက ထမင္းေကာင္းေကာင္း မစားရင္ မုန႔္မေကြၽးပါနဲ႔။ သူေဆာ့ထားတဲ့ အ႐ုပ္ေတြကို ေကာက္သိမ္းရမွာ ပ်င္းေနရင္ ေနာက္ေန႔ အ႐ုပ္ေတြနဲ႔ ေပးမေဆာ့ပါနဲ႔။ ဒါဟာ ကေလးအေပၚကို ရက္စက္တာ မဟုတ္ပဲ စည္းကမ္း လိုက္နာတတ္ေအာင္ ျပဳျပင္ေပးတာပါ။
၇။ အာ႐ုံစိုက္တတ္ေအာင္ သင္ေပးပါ။
American Academy of Pediatrics ရဲ႕ အဆိုအရ တစ္ခါတစ္ေလမွာ ကေလးေတြဟာ သူတို႔ အာ႐ုံစိုက္စရာ တစ္ခုခု မရွိရင္ ပ်င္းရိသြား တတ္ပါတယ္။ ဒါေၾကာင့္ သူတို႔ အာ႐ုံစိုက္မိေအာင္ သီခ်င္းေလးေတြ ဖြင့္ျပတာေတြ၊ ဗဟုသုတေတြ ေျပာျပတာေတြ၊ စာအုပ္ ဖတ္တတ္ေအာင္ သင္ေပးေျပာျပေပးတာေတြ လုပ္သင့္ပါတယ္။
၈။ သူတို႔ျပႆနာေတြကို သူတို႔ကိုယ္တိုင္ ရွင္းတတ္ေအာင္ သင္ေပးပါ။
သူတို႔နဲ႔ စကားေျပာမိတဲ့အခါ သူတို႔ ခံစားေနရတာေတြကို ေမးပါ။ သူတို႔ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြကို နားေထာင္ေပးပါ။ သင္က ဝင္မေျဖရွင္းပဲနဲ႔ ဘယ္လိုေျဖရွင္းရမလဲ ဆိုတဲ့ နည္းလမ္းကိုပဲ ေျပာျပလိုက္ပါ။ သူတို႔ ျပႆနာကို သူတို႔ ေျဖရွင္းေနသလို ခံစားရဖို႔ အေရးႀကီးသလို သူတို႔ကို ခ်ီးက်ဴးဂုဏ္ျပဳၿပီး အားေပးဖို႔ကလည္း အေရးႀကီးပါတယ္။
၉။ ခံစားခ်က္ေတြကို အသိအမွတ္ ျပဳေပးပါ။
သူတို႔ စိတ္ဆိုးစိတ္ေကာက္ေနတာကို ေဒါသနဲ႔ ျပန္ေျဖရွင္းမယ့္အစား သူတို႔ဘာေၾကာင့္ ဘယ္လို ခံစားေနရလဲ ဆိုတာကို ေမးပါ။ စိတ္ခံစားမႈေတြဟာ ကေလးေတြရဲ႕ ဘဝမွာ ႀကီးမားတဲ့ အခန္းက႑ကေန ပါဝင္ေနတာေၾကာင့္ သူတို႔ကို အသိအမွတ္ ျပဳေပးဖို႔ လိုပါတယ္။
ဥပမာ “ ဒီေန႔ရာသီဥတု မေကာင္းလို႔ ကမ္းေျခကို သြားလို႔ အဆင္မေျပႏိုင္ဘူး။ ဒါေပမယ့္ တိရစာၦန္႐ုံကို သြားၾကတာေပါ့” စတဲ့ စကားလုံးမ်ိဳးနဲ႔ ေျဖသိမ့္ေပးသင့္ပါတယ္။ ကေလးကိုလည္း အေတြ႕အႀကဳံအသစ္ ရေစတဲ့အျပင္ သူတို႔ ေမွ်ာ္လင့္ခ်က္ေတြကိုလည္း ႐ိုက္ခ်ိဳးသလိုမ်ိဳး မျဖစ္ေတာ့ပါဘူး။
Zombie (lovemedia)