ရွှေဖရုံသီးက အာဟာရရှိတဲ့ ဟင်းလျာများကို ပြုလုပ်ပေးရုံသာမက အလှဆင်ရာတွင်လည်း အသုံးပြုနိုင်ပါတယ် ။ ဒါပေမယ့် အလေးချိန် ၁.၃ တန်ကျော်ရှိတဲ့ ရွှေဖရုံသီးကို မြင်ဖူးပါသလား ။ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှအချက်အလက်များအရ ထိုကြီးမားတဲ့ ရွှေဖရုံသီးကို Peccioli ရှိ ရွှေဖရုံသီးပွဲတော်အတွင်းမှာ Stefano Cutrupi ဆိုတဲ့ အမျိုးသားက လူတိုင်းကို ထုတ်ပြခဲ့ပြီး လူတိုင်းကိုအံ့သြစေခဲ့ပါတယ် ။

Stefano Cutrupi က လူများစွာကို ဧရာမ အသီးအနှံပင်များ စိုက်ပျိုးတညကို တွေ့မြင်ခဲ့ရပြီး ကြီးမားတဲ့ အသီးအနှံကို ကိုယ်တိုင်စိုက်ပျိုးနိုင်ရင် ကောင်းမယ်လို့ သူထင်ခဲ့တာကြောင့် သစ်ပင်စိုက်ဖူးသူတွေရဲ့ အတွေ့အကြုံတွေကို စေ့စေ့စပ်စပ် သုတေသနပြုပြီးနောက်မှာတော့ သူက ရွှေဖရုံသီးအကြီးကြီးကို စိုက်ပျိုးဖို့ ဆုံးဖြတ်ခဲ့ပြီး ဥယျာဉ်ကို ပြန်လည်ပြုပြင်ပြီး အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပါတယ် ။ အသီးက တော်တော်ကြီးတဲ့အတွက် သယ်ဖို့ ကားငှားရပေမယ့် သတိမထားမိရင် အတက်အဆင်း သယ်ရတာ ခက်ပါတယ် ။

မစ္စတာ Cutrupi က အဆိုပါဖရုံသီးဟာ ကားတစ်စီးထက် အလေးချိန် 1,226 ကီလိုဂရမ် သို့မဟုတ် အရွယ်ရောက်ပြီးသူ အမျိုးသား 17.5 နဲ့ ညီမျှလိမ့်မယ်လို့ မျော်လင့်မထားခဲ့ဘူးလို့ ဆိုပါတယ် ။ ကြီးမားတဲ့ဖရုံသီးဟာ အလွန်အထင်ကြီးစရာကောင်းလောက်အောင် နံပါတ်တစ်ဖြစ်ပြီး မစ္စတာ Cutrupi က ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပါတယ် ။

JRose (KB Chimmy One)
Reference : bestie
Zawgyi
ေ႐ႊဖ႐ုံသီးက အာဟာရရွိတဲ့ ဟင္းလ်ာမ်ားကို ျပဳလုပ္ေပး႐ုံသာမက အလွဆင္ရာတြင္လည္း အသုံးျပဳႏိုင္ပါတယ္ ။ ဒါေပမယ့္ အေလးခ်ိန္ ၁.၃ တန္ေက်ာ္ရွိတဲ့ ေ႐ႊဖ႐ုံသီးကို ျမင္ဖူးပါသလား ။ ဂင္းနစ္ကမာၻ႔စံခ်ိန္မွတ္တမ္းမွအခ်က္အလက္မ်ားအရ ထိုႀကီးမားတဲ့ ေ႐ႊဖ႐ုံသီးကို Peccioli ရွိ ေ႐ႊဖ႐ုံသီးပြဲေတာ္အတြင္းမွာ Stefano Cutrupi ဆိုတဲ့ အမ်ိဳးသားက လူတိုင္းကို ထုတ္ျပခဲ့ၿပီး လူတိုင္းကိုအံ့ၾသေစခဲ့ပါတယ္ ။

Stefano Cutrupi က လူမ်ားစြာကို ဧရာမ အသီးအႏွံပင္မ်ား စိုက္ပ်ိဳးတညကို ေတြ႕ျမင္ခဲ့ရၿပီး ႀကီးမားတဲ့ အသီးအႏွံကို ကိုယ္တိုင္စိုက္ပ်ိဳးႏိုင္ရင္ ေကာင္းမယ္လို႔ သူထင္ခဲ့တာေၾကာင့္ သစ္ပင္စိုက္ဖူးသူေတြရဲ႕ အေတြ႕အႀကဳံေတြကို ေစ့ေစ့စပ္စပ္ သုေတသနျပဳၿပီးေနာက္မွာေတာ့ သူက ေ႐ႊဖ႐ုံသီးအႀကီးႀကီးကို စိုက္ပ်ိဳးဖို႔ ဆုံးျဖတ္ခဲ့ၿပီး ဥယ်ာဥ္ကို ျပန္လည္ျပဳျပင္ၿပီး အစီအစဥ္ကို အေကာင္အထည္ေဖာ္ခဲ့ပါတယ္ ။ အသီးက ေတာ္ေတာ္ႀကီးတဲ့အတြက္ သယ္ဖို႔ ကားငွားရေပမယ့္ သတိမထားမိရင္ အတက္အဆင္း သယ္ရတာ ခက္ပါတယ္ ။

မစၥတာ Cutrupi က အဆိုပါဖ႐ုံသီးဟာ ကားတစ္စီးထက္ အေလးခ်ိန္ 1,226 ကီလိုဂရမ္ သို႔မဟုတ္ အ႐ြယ္ေရာက္ၿပီးသူ အမ်ိဳးသား 17.5 နဲ႔ ညီမွ်လိမ့္မယ္လို႔ ေမ်ာ္လင့္မထားခဲ့ဘူးလို႔ ဆိုပါတယ္ ။ ႀကီးမားတဲ့ဖ႐ုံသီးဟာ အလြန္အထင္ႀကီးစရာေကာင္းေလာက္ေအာင္ နံပါတ္တစ္ျဖစ္ၿပီး မစၥတာ Cutrupi က ၿပိဳင္ပြဲမွာ ထိပ္ဆုံးေနရာကို ရယူႏိုင္ခဲ့ပါတယ္ ။
JRose (KB Chimmy One)



