မိသားစုဓါတ်ပုံလေးကိုကိုင်ပြီး ငိုနေတဲ့ ကိုရင်လေးရဲ့အဖြစ်…..
မိသားစုဓါတ်ပုံလေးကိုကိုင်ပြီး ငိုနေတဲ့ ကိုရင်လေးရဲ့အဖြစ်
လွမ်းတယ် အမေ
နဖူးလေးစမ်းပြီးအပူတိုင်းတတ်တဲ့
အမေ့ ရဲ့လက်တစ်စုံကို လွမ်းတယ်
ဘာစားချင်လည်းလို့ခဏခဏ မေးတဲ့
အမေ့ ရဲ့စကားသံလေးလေးကို လွမ်းတယ်
လေစိမ်းတွေ ထွက်မခံပါနဲ့ဆိုတဲ့
အမေ့ ရဲ့သတိပေးသံလေးကိုလည်း လွမ်းတယ်
ပူပူနွေးနွေးနဲ့အမေ့ လက်ရာဆန်ပြုတ်တစ်ခွက်ကိုလည်း လွမ်းတယ်
ငယ္ဘဝ ငယ်ညေတြက
အမေ နဲ့ပတ်သက်သမျှ
အမေ နဲ့ပတ်သက်သမျှ
အရာအားလုံးကိုလွမ်းတယ် အမေ
အခုတော့ အမေ
ဝေးတစ်မြေ နယ်တစ်ခြားက
စာသင်သားတစ်ယောက်ဘဝရဲ့ အဖြစ်ကို
အမေ သိလေမလား
အမေ့ အမြင်မှာ မသိသာပေမယ့်
သား ရင္မွာ အထိနာခဲ့ရသူပါ အေမ…
မိုးထိလို့အဖျားမိနေပေမယ့်
မရပ်နားနိုင် ဆွမ်းထွက်ရပြန်တယ် အမေ
သဒ္ဓါဆွမ်းမရပ်ရင်
တစ်ထွာဝမ်းငတ်တဲ့အဖြစ် အမေ သိလေမလား
ဝိကာလေနအလြဲမွာ
လူတကာလို စားသောက်ပိုင်ခွင့်ကမရှိ
ဗိုက်ဆာဆာနဲ့စာတွေအော်ကျတ်ခဲ့ရတဲ့အဖြစ်
အမေ သိလေမလား
ရွယ်တူသူငယ်ချင်းတွေပျော်ပါးနေခိုက်
ပျော်စရာဘေးကပ်
အဋ္ဌကထာတွေ တိုးကျပ်နေရတဲ့အဖြစ်
အမေ သိလေမလား
ယုယမဲ့သူမရွိ..ျပုစုမဲ့သူမရွိ
အရွယ်နဲ့မမျှအောင် ရင့်ကျတ်နေ ရတဲ့သားအဖြစ်
အမေ မြင်လှည့်ပါတော့ အမေ…
“သာသနာက အေးချမ်းပါတယ်” ဆိုတဲ့ အမေ့စကား
သား ဘယ်လိုနားလည်ရမလဲ အမေ
တကယ်တော့ အမေ….
ထင်သလောက်မလွယ် တဲ့ဒီသာသနာမှာပျော်လို့နေတာတော့ မဟုတ်ပါဘူး အမေ…။
အမေ့ ရည်မှန်းချက်တွေတွက်
ဝေဒနာတွေကို ကွယ်ဝှက်ဒေသနာတွေနဲ့နေတတ်အောင်ကြိုးစားနေသူပါ အမေ…။
ဒါတွေ အမေ သိပါစေ ။ ။
လွမ်းတယ်အမေ…
အမေ့ကျေးဇူးစပ်နိုင်ကြပါစေ…။
အမေ့ကျေးဇူးစပ်နိုင်ကြပါစေ…



