၁။ မပျင်းပါနဲ့ – ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။ စိတ်ကူးယဉ်မနေပါနဲ့။ လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ။
၂။ ဘဝရဲ့စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့ – ဘဝကို ပုံပြင်စာအုပ်တစ်အုပ်လို့ သဘောထားပါ။ တစ်ချို့စာမျက်နှာတွေ မရှိဘူးဆိုရင် အဓိပ္ပါယ်ရှိမှာ မ ဟုတ်ပါဘူး။ဘာကိုမှ မကျော်ပဲ တစ်မျက်နှာချင်း လှန်ဖတ်သွားရင် ဘဝရဲ့ရသကို ခံစားရမှာပါ။
၃။ တသမတ်တည်း မလျှောက်လှမ်းပါနဲ့ – အသံရင်းမြစ် ဖြစ်ဖို့ကြိုးစားပါ။ ပဲ့တင်သံအဖြစ်ကို ကျေနပ်မနေပါနဲ့။ ကိုယ်ပိုင်စိတ်ကူး အိပ်မက်အသစ်တွေကို ဖော်ဆောင်ဖို့ သတ္တိမွေးပါ။
၄။ အချိန်ကောင်းကို စောင့်မနေပါနဲ့ – အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေပါ ဖြစ်ပျက်နေကြတာဖြစ်ပါတယ်။ အချိန် ကောင်း ကို စောင့်မနေပါနဲ့။ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး။ လုပ်စရာရှိတာကို လုပ်ဖြစ်အောင်လုပ်ပါ။
၅။ ဟန်မဆောင်ပါနဲ့ – လူတွေဘယ်လို ထင်မြင်ယူဆမလဲ ဆိုတာကို တွေးပူပြီး ကိုယ့်ကိုယ်ကို လိမ်ညာဟန်ဆောင်မနေပါနဲ့။ ဒီလိုစိုးရိမ်နေမယ်ဆိုရင် သင်ဟာ သင်မဟုတ်တော့ပါဘူး။ ပတ်ဝန်းကျင်က ပုံသွင်းတာကို လက်မခံပါနဲ့။ ကိုယ်ပိုင် ယုံကြည်ချက်နဲ့ ရပ်တည်ပါ။
၆။ ပင်ကိုယ်စရိုက်ကို မဖုံးကွယ်ပါနဲ့ – တစ်ခါတရံမှ ကျင့်ဝတ်သိက္ခာတွေကို ဂရုစိုက်နေမယ့်အစား ပင်ကိုယ်စရိုက်ကို ဖော်ထုတ်ပြတတ်ဖို့လိုပါတယ်။ ဒါက လူသားတွေရဲ့ သဘာဝပါ။
၇။ အရာအားလုံးကို မတတ်သာလို့ လုပ်နေရတာမျိုး မဖြစ်ပါစေနဲ့ – ဘဝဆိုတာ ရတောင့်ရခဲ အခွင့်ထူးတစ်ခုပါ။ ဘဝအတွက်လုပ် ဆောင်ရမှာတွေကို အာရုံစိုက်တတ်မယ်ဆိုရင် ပျော်ရွှင်မှုနဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိမှာဖြစ်ပါတယ်။
၈။ အားလုံးကိုတစ်ခါတည်းနဲ့ အောင်နိုင်ဖို့ မကြိုးစားပါနဲ့ – မိုင်ထောင်ချီဝေးတဲ့ခရီးကို ခြေတစ်လှမ်းနဲ့ စရတာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်လှမ်းစီပဲ လှမ်းနိုင်ဖို့ ကြိုးစားပါ။
၉။ အတိတ်ပြဿနာတွေကို အာရုံစိုက်မနေပါနဲ့ – အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။ ဘဝမှာ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးမှ သင်ခန်းစာကို သိနိုင်တာဖြစ်ပါတယ်။ အတိတ်ကအမှားကို သင်ခန်းစာယူနိုင်ရင် လုံလောက်ပါပြီ။
၁၀။ ဘာဖြစ်နိုင်မလဲ သိပ်မတွေးပါနဲ့ – အခွင့်အလမ်းတွေက ဖြစ်ချိန်တန်ရန် ဖြစ်လာပါလိမ့်မယ်။ တွေးပူမနေပါနဲ။
၁၁။ အရေးမပါတဲ့ကိစ္စတွေကြောင့် အာရုံနောက်မခံပါနဲ့ – ကောင်းတာတွေရရှိကြုံတွေ့ဖို့ အချိန်စောင့်ရတာကို သိထားပါ။ အကောင်းဆုံးပဲလုပ်ပါ။ ခြေလှမ်းတိုင်းကို အသိအမှတ်ပြုပါ။ ကျန်တာအားလုံးကို မေ့ထားပါ။
၁၂။ ဘာကိုမှ စွဲမြဲဆုပ်ကိုင်ထားဖို့ မကြိုးစားပါနဲ့ – ဘဝက ပြောင်းလဲနေပါတယ်။ ဘယ်အရာမှမတည်မြဲဘူးဆိုတာ အမှတ်ရပါ။
၁၃။ လက်ရှိပျော်ရွှင်မှုကို လစ်လျူမရှုပါနဲ့ – အခုရှိနေတာကိုမှ အသိအမှတ်မပြုရင် လမ်းဆုံးရင်လည်း ရွာတွေ့မှာ မဟုတ်ပါဘူး။ အနာဂတ်ကို အများကြီး မျှော်လင့်ပြီး လက်ရှိဘဝကို အလဟဿမဖြစ်ပါစေနဲ့။
၁၄။ အယူချည်းပဲ မဖြစ်ပါစေနဲ့ – ငွေကြေးဥစ္စာပစ္စည်း အရမ်းရှိတယ်ဆိုရင် ချမ်းသာမှုကို ဝေမျှပါ။ မရှိဘူးဆိုရင် နှလုံးသားကို ဝေမျှပါ။ ပေးနိုင်သမျှ ပေးကမ်းစွန့်ကြဲပါ။
၁၅။ တစ်စုံတစ်ယောက်က ကိုယ်စားလုပ်ပေးတာကို စောင့်မနေပါနဲ့ – ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုပါဘူး။ ပြောစရာရှိတာပြောပါ။ လုပ်စရာရှိတာလုပ်ပါ။ အတွေးနဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားပါနဲ့။
၁၆။ အမှန်ဖြစ်ဖို့ အမြဲကြိုးစားမနေပါနဲ့ – အမှန်တရားဆီကို လမ်းကြောင်းတွေအများကြီးရှိပါတယ်။ တစ်ခါတစ်ရံ အမှန်ကိုသက်သေပြဖို့ထက် အရှုံးပေးလိုက်တာက နှလုံးအေးပါတယ်။
၁၇။ မသိသေးပဲ အကဲမဖြတ်ပါနဲ့ – အခြားလူတွေကို ရုပ်ရည်သွင်ပြင်နဲ့ အမူအကျင့်ကိုကြည့်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အကဲဖြတ်တာ ကို လျှော့ပါ။ ပိုချစ်ခင်တတ်အောင် ကြိုးစားပါ။
၁၈။ အမုန်းကိုလည်း စွဲမြဲမနေပါစေနဲ့ – တစ်ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်ကို မေ့ လိုက်ချင်ရင် မမုန်းလိုက်မိပါစေနဲ့။ မုန်းမိတဲ့အရာဟာ နှလုံးသားကို အချိန်တိုင်းထိုးဆွနေတတ်ပါတယ်။ မမုန်းပါနဲ့။ ခွင့်လွှတ်လိုက်ပါ။
၁၉။ အချစ်ကိစ္စတွေမှာ အဓိပ္ပါယ်မဲ့တာတွေ သိပ်မတွေးပါနဲ့ – ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အကြွင်းမဲလက်ခံပေးတာကို အားလုံးက လိုချင်ကြပါတယ်။ ပြန်ပေးဖို့တော့ ဘာကြောင့် ခက်နေကြတာပါလဲ။ အများကြီးမစဉ်းစားပါနဲ့။ ပျော်ရွှင်မှုချင်း ထပ်တူကျရင် အချစ်စစ်ပါပဲ။
၂၀။ အရင်းနှီးဆုံးမိတ်ဆွေတွေကို ပစ်မထားပါနဲ့ – အမြဲတမ်းဆက်သွယ်နေပါ။ သူတို့အတွက် တိုက်ခိုက်ပါ။ သူတို့ကလည်း သင့်အတွက် တိုက်ခိုက်ပေးပါလိမ့်မယ်။ အရင်းနှီးဆုံးမိတ်ဆွေတွေဟာ ဘဝနဲ့ ယုံကြည်မှုကို တွဲကပ်ပေးနိုင်တဲ့ ကော်တစ်မျိုးဖြစ်ပါတယ်။
Credit Thi Ha
၁။ မပ်င္းပါနဲ႔ – ပ်င္းရိေနတာက အခ်ိန္ကုန္ေစပါတယ္။ စိတ္ကူးယဥ္မေနပါနဲ႔။ လုပ္စရာရွိတာ အခုပဲ ထလုပ္လိုက္ပါ။
၂။ ဘဝရဲ႕စိန္ေခၚမႈေတြကို ေရွာင္ဖို႔မႀကိဳးစားပါနဲ႔ – ဘဝကို ပုံျပင္စာအုပ္တစ္အုပ္လို႔ သေဘာထားပါ။ တစ္ခ်ိဳ႕စာမ်က္ႏွာေတြ မရွိဘူးဆိုရင္ အဓိပၸါယ္ရွိမွာ မ ဟုတ္ပါဘူး။ဘာကိုမွ မေက်ာ္ပဲ တစ္မ်က္ႏွာခ်င္း လွန္ဖတ္သြားရင္ ဘဝရဲ႕ရသကို ခံစားရမွာပါ။
၃။ တသမတ္တည္း မေလွ်ာက္လွမ္းပါနဲ႔ – အသံရင္းျမစ္ ျဖစ္ဖို႔ႀကိဳးစားပါ။ ပဲ့တင္သံအျဖစ္ကို ေက်နပ္မေနပါနဲ႔။ ကိုယ္ပိုင္စိတ္ကူး အိပ္မက္အသစ္ေတြကို ေဖာ္ေဆာင္ဖို႔ သတၱိေမြးပါ။
၄။ အခ်ိန္ေကာင္းကို ေစာင့္မေနပါနဲ႔ – အခ်ိန္နဲ႔အမွ် ျဖစ္ခ်င္တာေတြေရာ မျဖစ္ခ်င္တာေတြပါ ျဖစ္ပ်က္ေနၾကတာျဖစ္ပါတယ္။ အခ်ိန္ ေကာင္း ကို ေစာင့္မေနပါနဲ႔။ ၿပီးျပည့္စုံတဲ့ အခ်ိန္ဆိုတာ မရွိပါဘူး။ လုပ္စရာရွိတာကို လုပ္ျဖစ္ေအာင္လုပ္ပါ။
၅။ ဟန္မေဆာင္ပါနဲ႔ – လူေတြဘယ္လို ထင္ျမင္ယူဆမလဲ ဆိုတာကို ေတြးပူၿပီး ကိုယ့္ကိုယ္ကို လိမ္ညာဟန္ေဆာင္မေနပါနဲ႔။ ဒီလိုစိုးရိမ္ေနမယ္ဆိုရင္ သင္ဟာ သင္မဟုတ္ေတာ့ပါဘူး။ ပတ္ဝန္းက်င္က ပုံသြင္းတာကို လက္မခံပါနဲ႔။ ကိုယ္ပိုင္ ယုံၾကည္ခ်က္နဲ႔ ရပ္တည္ပါ။
၆။ ပင္ကိုယ္စ႐ိုက္ကို မဖုံးကြယ္ပါနဲ႔ – တစ္ခါတရံမွ က်င့္ဝတ္သိကၡာေတြကို ဂ႐ုစိုက္ေနမယ့္အစား ပင္ကိုယ္စ႐ိုက္ကို ေဖာ္ထုတ္ျပတတ္ဖို႔လိုပါတယ္။ ဒါက လူသားေတြရဲ႕ သဘာဝပါ။
၇။ အရာအားလုံးကို မတတ္သာလို႔ လုပ္ေနရတာမ်ိဳး မျဖစ္ပါေစနဲ႔ – ဘဝဆိုတာ ရေတာင့္ရခဲ အခြင့္ထူးတစ္ခုပါ။ ဘဝအတြက္လုပ္ ေဆာင္ရမွာေတြကို အာ႐ုံစိုက္တတ္မယ္ဆိုရင္ ေပ်ာ္႐ႊင္မႈနဲ႔ အက်ိဳးသက္ေရာက္မႈေတြကို ရရွိမွာျဖစ္ပါတယ္။
၈။ အားလုံးကိုတစ္ခါတည္းနဲ႔ ေအာင္ႏိုင္ဖို႔ မႀကိဳးစားပါနဲ႔ – မိုင္ေထာင္ခ်ီေဝးတဲ့ခရီးကို ေျခတစ္လွမ္းနဲ႔ စရတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တစ္လွမ္းစီပဲ လွမ္းႏိုင္ဖို႔ ႀကိဳးစားပါ။
၉။ အတိတ္ျပႆနာေတြကို အာ႐ုံစိုက္မေနပါနဲ႔ – အတိတ္ကို အတိတ္မွာပဲထားခဲ့ပါ။ ဘဝမွာ စမ္းသပ္မႈကို ေက်ာ္ျဖတ္ၿပီးမွ သင္ခန္းစာကို သိႏိုင္တာျဖစ္ပါတယ္။ အတိတ္ကအမွားကို သင္ခန္းစာယူႏိုင္ရင္ လုံေလာက္ပါၿပီ။
၁၀။ ဘာျဖစ္ႏိုင္မလဲ သိပ္မေတြးပါနဲ႔ – အခြင့္အလမ္းေတြက ျဖစ္ခ်ိန္တန္ရန္ ျဖစ္လာပါလိမ့္မယ္။ ေတြးပူမေနပါနဲ။
၁၁။ အေရးမပါတဲ့ကိစၥေတြေၾကာင့္ အာ႐ုံေနာက္မခံပါနဲ႔ – ေကာင္းတာေတြရရွိႀကဳံေတြ႕ဖို႔ အခ်ိန္ေစာင့္ရတာကို သိထားပါ။ အေကာင္းဆုံးပဲလုပ္ပါ။ ေျခလွမ္းတိုင္းကို အသိအမွတ္ျပဳပါ။ က်န္တာအားလုံးကို ေမ့ထားပါ။
၁၂။ ဘာကိုမွ စြဲၿမဲဆုပ္ကိုင္ထားဖို႔ မႀကိဳးစားပါနဲ႔ – ဘဝက ေျပာင္းလဲေနပါတယ္။ ဘယ္အရာမွမတည္ၿမဲဘူးဆိုတာ အမွတ္ရပါ။
၁၃။ လက္ရွိေပ်ာ္႐ႊင္မႈကို လစ္လ်ဴမရႈပါနဲ႔ – အခုရွိေနတာကိုမွ အသိအမွတ္မျပဳရင္ လမ္းဆုံးရင္လည္း ႐ြာေတြ႕မွာ မဟုတ္ပါဘူး။ အနာဂတ္ကို အမ်ားႀကီး ေမွ်ာ္လင့္ၿပီး လက္ရွိဘဝကို အလဟႆမျဖစ္ပါေစနဲ႔။
၁၄။ အယူခ်ည္းပဲ မျဖစ္ပါေစနဲ႔ – ေငြေၾကးဥစၥာပစၥည္း အရမ္းရွိတယ္ဆိုရင္ ခ်မ္းသာမႈကို ေဝမွ်ပါ။ မရွိဘူးဆိုရင္ ႏွလုံးသားကို ေဝမွ်ပါ။ ေပးႏိုင္သမွ် ေပးကမ္းစြန႔္ႀကဲပါ။
၁၅။ တစ္စုံတစ္ေယာက္က ကိုယ္စားလုပ္ေပးတာကို ေစာင့္မေနပါနဲ႔ – ဘယ္သူ႔ကိုမွ အားကိုးေနစရာမလိုပါဘူး။ ေျပာစရာရွိတာေျပာပါ။ လုပ္စရာရွိတာလုပ္ပါ။ အေတြးနဲ႔ ခံစားခ်က္ေတြကို ဖုံးကြယ္မထားပါနဲ႔။
၁၆။ အမွန္ျဖစ္ဖို႔ အၿမဲႀကိဳးစားမေနပါနဲ႔ – အမွန္တရားဆီကို လမ္းေၾကာင္းေတြအမ်ားႀကီးရွိပါတယ္။ တစ္ခါတစ္ရံ အမွန္ကိုသက္ေသျပဖို႔ထက္ အရႈံးေပးလိုက္တာက ႏွလုံးေအးပါတယ္။
၁၇။ မသိေသးပဲ အကဲမျဖတ္ပါနဲ႔ – အျခားလူေတြကို ႐ုပ္ရည္သြင္ျပင္နဲ႔ အမူအက်င့္ကိုၾကည့္ၿပီး ကိုယ့္အေတြးနဲ႔ကိုယ္ အကဲျဖတ္တာ ကို ေလွ်ာ့ပါ။ ပိုခ်စ္ခင္တတ္ေအာင္ ႀကိဳးစားပါ။
၁၈။ အမုန္းကိုလည္း စြဲၿမဲမေနပါေစနဲ႔ – တစ္ခုခု ဒါမွမဟုတ္ တစ္ေယာက္ေယာက္ကို ေမ့ လိုက္ခ်င္ရင္ မမုန္းလိုက္မိပါေစနဲ႔။ မုန္းမိတဲ့အရာဟာ ႏွလုံးသားကို အခ်ိန္တိုင္းထိုးဆြေနတတ္ပါတယ္။ မမုန္းပါနဲ႔။ ခြင့္လႊတ္လိုက္ပါ။
၁၉။ အခ်စ္ကိစၥေတြမွာ အဓိပၸါယ္မဲ့တာေတြ သိပ္မေတြးပါနဲ႔ – ဘယ္လိုအေျခအေနမ်ိဳးပဲျဖစ္ျဖစ္ အႂကြင္းမဲလက္ခံေပးတာကို အားလုံးက လိုခ်င္ၾကပါတယ္။ ျပန္ေပးဖို႔ေတာ့ ဘာေၾကာင့္ ခက္ေနၾကတာပါလဲ။ အမ်ားႀကီးမစဥ္းစားပါနဲ႔။ ေပ်ာ္႐ႊင္မႈခ်င္း ထပ္တူက်ရင္ အခ်စ္စစ္ပါပဲ။
၂၀။ အရင္းႏွီးဆုံးမိတ္ေဆြေတြကို ပစ္မထားပါနဲ႔ – အၿမဲတမ္းဆက္သြယ္ေနပါ။ သူတို႔အတြက္ တိုက္ခိုက္ပါ။ သူတို႔ကလည္း သင့္အတြက္ တိုက္ခိုက္ေပးပါလိမ့္မယ္။ အရင္းႏွီးဆုံးမိတ္ေဆြေတြဟာ ဘဝနဲ႔ ယုံၾကည္မႈကို တြဲကပ္ေပးႏိုင္တဲ့ ေကာ္တစ္မ်ိဳးျဖစ္ပါတယ္။
Credit Thi Ha



