လူတစ်ယောက်ဟာ သန်းကြွယ်သူဌေး တစ်ယောက် ဖြစ်သွားတဲ့အခါ သူ့ရဲ့မွေးရပ်မြေကို တိုးတက်အောင်
လုပ်ပေးတယ် ဆိုတဲ့အကြောင်းကို ပုံပြင်တွေမှာ ဖတ်ဖူးခဲ့ပါလိမ့်မယ်။ တကယ့် လက်တွေ့ဘဝမှာလည်း အဲဒီလိုဖြစ်ရပ်တွေ တကယ်ရှိပါတယ်။
Xiong Shuihua ဆိုတဲ့ အမျိုးသားကို တရုတ်နိုင်ငံတောင်ပိုင်း Xinju မြို့၊ Xiongkeng ရွာမှာ မွေးဖွားခဲ့ပါတယ်။
အဲဒီရွာလေးက လူတွေက သူငယ်စဉ်က သူတို့မိဘတွေကို သေချာစောင့်ရှောက်ပေးပြီး ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ Shihua ဟာ စတီးစက်ရုံ တည်ထောင်ပြီး သန်းကြွယ်သူဌေး ဖြစ်သွားပါတယ်။
သူအောင်မြင်လာတဲ့အခါ သူ့ရဲ့မွေးရပ်မြေကို ပြန်လည်ကျေးဇူးပြုဖို့ စိတ်ကူးရခဲ့ပါတယ်။
Shuihua က ရွာကိုပြန်ရောက်တဲ့အခါ ရွာက လူတွေ အားလုံးကို အိမ်ပိုင်ရအောင် ဖန်တီးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒါကြောင့် ရွာထဲက မိသားစုပေါင်း ၇၂ စုအတွက် ဇိမ်ခံတိုက်ခန်းပေါင်း ၇၂ ခန်း ဆောက်လုပ်ပေးခဲ့ပါတယ်။
သူငယ်စဉ်ကတည်းက သူတို့မိသားစုကို အရမ်းကြင်နာ ဂရုစိုက်ခဲ့တဲ့ မိသားစု ၁၈ စုအတွက် villa တွေ ဆောက်လုပ်ပေးခဲ့ပါတယ်။
Project အတွက် စုစုပေါင်းကုန်ကျငွေက ဒေါ်လာ ၅ သန်းပါ။
မိသားစုတွေ ပြောင်းရွှေ့ နေထိုင်ကြတဲ့အခါ အသက်ကြီးတဲ့ အဘိုးအဘွားတွေအတွက်နဲ့ ဝင်ငွေနည်းတဲ့သူတွေအတွက်
တစ်နေ့ကို သုံးခါ ထမင်းကျွေးမယ် လို့လည်း ကတိပေးခဲ့ ပါသေးတယ်။
” အရမ်းကြင်နာတတ်တဲ့ သူ့မိဘတွေကို ကျွန်တော် မှတ်မိနေသေးတယ်။ သူ့မိဘတွေက တခြားသူတွေ အပေါ်မှာလည်း စိတ်ကောင်းရှိတယ်။
ကြင်နာတတ်တဲ့ သူတို့ရဲ့အမွေကို သူ့သားက ဆက်ခံရရှိခဲ့တာပါ” လို့ အသက် ၇၅ နှစ်အရွယ် အဘိုး Qiong Chu က ပြောပါတယ်။
” ကျွန်တော်လုပ်ချင်တာတွေ လုပ်ရဖို့ ငွေတွေ အများကြီး ရှာနိုင်ခဲ့တယ်။ ကျွန်တော်ကြီးပြင်းခဲ့တဲ့ အောက်ခြေဘဝကို မမေ့ပါဘူး။
ကျွန်တော့် မိဘတွေအပေါ် ကူညီခဲ့တာတွေအပေါ် ကျွန်တော်က ပြန်ပြီးကျေးဇူးပြု ချင်တာပါ” လို့ Shihua က ပြောပါတယ်။
ဒီအကြောင်းလေးကတော့ ကြားရသူတွေအဖို့ အရမ်းကို စိမ်ချမ်းသာသွားစေပါတယ်။
Zombie (lovemedia)
for zawgyi
သန္းႂကြယ္သူေဌး ျဖစ္လာတဲ့အခါ ေမြးရပ္ေျမ႐ြာက အိမ္ေတြကို ဇိမ္ခံတိုက္ခန္းေတြအျဖစ္ ေျပာင္းလဲေပးခဲ့သူ
လူတစ္ေယာက္ဟာ သန္းႂကြယ္သူေဌး တစ္ေယာက္ ျဖစ္သြားတဲ့အခါ သူ႔ရဲ႕ေမြးရပ္ေျမကို တိုးတက္ေအာင္ လုပ္ေပးတယ္ ဆိုတဲ့အေၾကာင္းကို ပုံျပင္ေတြမွာ ဖတ္ဖူးခဲ့ပါလိမ့္မယ္။
တကယ့္ လက္ေတြ႕ဘဝမွာလည္း အဲဒီလိုျဖစ္ရပ္ေတြ တကယ္ရွိပါတယ္။
Xiong Shuihua ဆိုတဲ့ အမ်ိဳးသားကို တ႐ုတ္ႏိုင္ငံေတာင္ပိုင္း Xinju ၿမိဳ႕၊ Xiongkeng ႐ြာမွာ ေမြးဖြားခဲ့ပါတယ္။
အဲဒီ႐ြာေလးက လူေတြက သူငယ္စဥ္က သူတို႔မိဘေတြကို ေသခ်ာေစာင့္ေရွာက္ေပးၿပီး ေထာက္ပံ့ေပးခဲ့တယ္လို႔ ဆိုပါတယ္။
ေနာက္ပိုင္းမွာေတာ့ Shihua ဟာ စတီးစက္႐ုံ တည္ေထာင္ၿပီး သန္းႂကြယ္သူေဌး ျဖစ္သြားပါတယ္။
သူေအာင္ျမင္လာတဲ့အခါ သူ႔ရဲ႕ေမြးရပ္ေျမကို ျပန္လည္ေက်းဇူးျပဳဖို႔ စိတ္ကူးရခဲ့ပါတယ္။
Shuihua က ႐ြာကိုျပန္ေရာက္တဲ့အခါ ႐ြာက လူေတြ အားလုံးကို အိမ္ပိုင္ရေအာင္ ဖန္တီးေပးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
အဲဒါေၾကာင့္ ႐ြာထဲက မိသားစုေပါင္း ၇၂ စုအတြက္ ဇိမ္ခံတိုက္ခန္းေပါင္း ၇၂ ခန္း ေဆာက္လုပ္ေပးခဲ့ပါတယ္။
သူငယ္စဥ္ကတည္းက သူတို႔မိသားစုကို အရမ္းၾကင္နာ ဂ႐ုစိုက္ခဲ့တဲ့ မိသားစု ၁၈စုအတြက္ villa ေတြ ေဆာက္လုပ္ေပးခဲ့ပါတယ္။
Project အတြက္ စုစုေပါင္းကုန္က်ေငြက ေဒၚလာ ၅ သန္းပါ။
မိသားစုေတြ ေျပာင္းေ႐ႊ႕ ေနထိုင္ၾကတဲ့အခါ အသက္ႀကီးတဲ့ အဘိုးအဘြားေတြအတြက္နဲ႔ ဝင္ေငြနည္းတဲ့သူေတြအတြက္
တစ္ေန႔ကို သုံးခါ ထမင္းေကြၽးမယ္ လို႔လည္း ကတိေပးခဲ့ ပါေသးတယ္။
” အရမ္းၾကင္နာတတ္တဲ့ သူ႔မိဘေတြကို ကြၽန္ေတာ္ မွတ္မိေနေသးတယ္။ သူ႔မိဘေတြက တျခားသူေတြ အေပၚမွာလည္း စိတ္ေကာင္းရွိတယ္။
ၾကင္နာတတ္တဲ့သူတို႔ရဲ႕အေမြကို သူ႔သားက ဆက္ခံရရွိခဲ့တာပါ” လို႔ အသက္ ၇၅ ႏွစ္အ႐ြယ္ အဘိုး Qiong Chu က ေျပာပါတယ္။
” ကြၽန္ေတာ္လုပ္ခ်င္တာေတြ လုပ္ရဖို႔ ေငြေတြ အမ်ားႀကီး ရွာႏိုင္ခဲ့တယ္။ ကြၽန္ေတာ္ႀကီးျပင္းခဲ့တဲ့ ေအာက္ေျခဘဝကို မေမ့ပါဘူး။
ကြၽန္ေတာ့္ မိဘေတြအေပၚ ကူညီခဲ့တာေတြအေပၚ ကြၽန္ေတာ္က ျပန္ၿပီးေက်းဇူးျပဳ ခ်င္တာပါ” လို႔ Shihua က ေျပာပါတယ္။
ဒီအေၾကာင္းေလးကေတာ့ ၾကားရသူေတြအဖို႔ အရမ္းကို စိမ္ခ်မ္းသာသြားေစပါတယ္။
Zombie (lovemedia)