အေမွာင္ထဲ အားလုံး စု ထိုင္ေနရခ်ိန္မွာ
တစ္ကိုယ္စာ အေပါက္ေဖာက္ၿပီး အလင္းမရခ်င္ပါနဲ႔
သာတူတူ နာတူတူတစ္ေယာက္လက္နဲ႔ တစ္ရိပ္မိုးဖို့ လိုသလို
တစ္ေယာက္အခက္ တစ္ရြက္မခ်ိဳးဖို့လည္း လိုတယ္
စည္းခ်က္လည္း မညီ ဗုံသံလည္း မပီဘဲနဲ႔ ဘယ္ေအာင္စည္က ထ ျမည္မလဲ
ငါ့ျမင္း ငါစိုင္းသမားေတြ စစ္ကိုင္းက လက္ခံခ်င္ လက္ခံလိမ့္မယ္
သမိုင္းကေတာ့ လက္မခံဘူး ဇာတ္တူသားစားလို့ ပိုခ်ိဳၾကေၾကးဆို
ဟသၤာကိုးေသာင္းငွက္အုပ္ မ်ိဳးျပဳတ္စရာ မရွိဘူး ကိုယ္ပိုင္ဆည္းဆာရွိသူေတြ ဖဲ့ထြက္ေနရင္
အျပည့္အဝ သာမယ့္ ည ကလည္း ပဲ့ထြက္သြားနိုင္တာပဲ စိတ္လွိုင္းေတြ အတူရိုက္မွ ဒီကမ္းက ၿပိဳမွာပါ
ဇြန္းပန္႐ုံက နီးေနပါၿပီ လွည္ဘီး ကူ မတြန္းခ်င္ေနရႊံ့ ထပ္ နစ္ ဖို့ မလုပ္ၾကပါနဲ႔
-ေအးရိပ္-
အရင္က ေျမျဖဴးကိုင္ၿပီး ကေလးငယ္ေတြကို စာေပးအသိပညာ ေပးခဲ့ေသာ ႏုနယ္တဲ့ ဆရာမငယ္ေလး
အခုေတာ့……လက္နက္ကိုင္ၿပီး အယုတ္တမာေကာင္မ်ားကိုေတာ္လွန္ေနေသာသူရဲေကာင္းမေလး PDFရဲေဘာ္ ဆရာမေလး ေလးစားလွ်က္ ပါ …..♥
အမှောင်ထဲ အားလုံး စု ထိုင်နေရချိန်မှာ
တစ်ကိုယ်စာ အပေါက်ဖောက်ပြီး အလင်းမရချင်ပါနဲ့
သာတူတူ နာတူတူတစ်ယောက်လက်နဲ့ တစ်ရိပ်မိုးဖို့ လိုသလို
တစ်ယောက်အခက် တစ်ရွက်မချိုးဖို့လည်း လိုတယ်
စည်းချက်လည်း မညီ ဗုံသံလည်း မပီဘဲနဲ့ ဘယ်အောင်စည်က ထ မြည်မလဲ
ငါ့မြင်း ငါစိုင်းသမားတွေ စစ်ကိုင်းက လက်ခံချင် လက်ခံလိမ့်မယ်
သမိုင်းကတော့ လက်မခံဘူး ဇာတ်တူသားစားလို့ ပိုချိုကြကြေးဆို
ဟင်္သာကိုးသောင်းငှက်အုပ် မျိုးပြုတ်စရာ မရှိဘူး ကိုယ်ပိုင်ဆည်းဆာရှိသူတွေ ဖဲ့ထွက်နေရင်
အပြည့်အဝ သာမယ့် ည ကလည်း ပဲ့ထွက်သွားနိုင်တာပဲ စိတ်လှိုင်းတွေ အတူရိုက်မှ ဒီကမ်းက ပြိုမှာပါ
ဇွန်းပန်ရုံက နီးနေပါပြီ လှည်ဘီး ကူ မတွန်းချင်နေရွှံ့ ထပ် နစ် ဖို့ မလုပ်ကြပါနဲ့
-အေးရိပ်-
အရင်က မြေဖြူးကိုင်ပြီး ကလေးငယ်တွေကို စာပေးအသိပညာ ပေးခဲ့သော နုနယ်တဲ့ ဆရာမငယ်လေး
အခုတော့……လက်နက်ကိုင်ပြီး အယုတ်တမာကောင်များကိုတော်လှန်နေသောသူရဲကောင်းမလေး PDFရဲဘော် ဆရာမလေး လေးစားလျှက် ပါ …..♥