အပြစ်မဲ့အမျိုးသမီးတစ်ဦးအား နေအိမ်သို့ကျူးကျော်ဝင်ရောက်ဖမ်းဆီးသွား
မန္တလေး၊နိုဝင်ဘာလ၊၁၆ရက်
မန္တလေးတိုင်း ၊ မဟာအောင်မြေမြို့နယ် ၄၂လမ်း၊ ၇၉လမ်းနှင့်၈၀လမ်းကြား၊ (၈၃၉) ရပ်ကွက် နေ
အသက် ၃၅ နှစ်အရွယ် မကြွယ်ကြွယ်လှိုင် ၉/မဟမ(နိုင်)၀၀၆၆၆၆ ကို
အဖြူရောင် Land Cruiser ကားတစ်စီးပေါ်မှ အရပ်ဝတ် လက်နက်ကိုင် ခြောက်ယောက်က
နိုဝင်ဘာလ ၁၅ ရက် နေ့လည် ၂ နာရီ ဝန်းကျင်ခန့်မှာ သူမ၏ နေအိမ် (ရေအိုးဆိုင်) အတွင်းသို့
ကျူးကျော် ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရပါသည်။
“ကောင်မနင့်လုပ်ရပ်တွေအတင့်ရဲလွန်းတယ်”ဟု ပြောပီး အင်္ကျီအပေါ်ဝတ် ဝတ်အုန်းမည်ဟုဆိုသည်ကို
မဝတ်နဲ့ဆိုပြီးဖမ်းခေါ်သွားကာ ဘေးအိမ်ကပြည်သူများကိုလည်းသတင်းထွက်လာရင်အကုန်ပစ်သတ်မယ်ဟု
ယုတ်ရင်းကြမ်းတမ်းစွာ ကြိမ်းမောင်းပြောဆိုသွားကြောင်းလည်း သိရပါသည်။
ယနေ့ နိုဝင်ဘာလ (၁၆)ရက်နေ့အထိ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့်
မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားကြောင်း မသိရှိရသေးပေ။
မိသားစုဝင်များမှ လိုက်လံစုံစမ်းနေသော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာမသိရှိရသောကြောင့်
မကြွယ်ကြွယ်လှိုင်၏ အသက်အန္တရာယ်အား စိုးရိမ်နေရကြောင်း နီးစပ်ရာပတ်ဝန်းကျင်မှ သတင်းရရှိပါသည်။
မန်တလေး၊နိုဝငျဘာလ၊၁၆ရကျ



