ၾကားသိရသမွ်

ကိုဗစ္ပထမလႈိင္းကို ေရွ႕ဆုံးက ရင္ဆိုင္ခဲ့တဲ့ ေျမာက္ဥကၠလာေဆး႐ုံအုပ္ႀကီး ေရးတဲ့စာ

ကိုဗစ္ပထမလႈိင္းကို ေရွ႕ဆုံးက ရင္ဆိုင္ခဲ့တဲ့ ေျမာက္ဥကၠလာေဆး႐ုံအုပ္ႀကီး ေရးတဲ့စာ

ကိုဗစ္ပထမလႈိင္းကို ေရွ႕ဆုံးက ရင္ဆိုင္ခဲ့တဲ့ ေျမာက္ဥကၠလာေဆး႐ုံအုပ္ႀကီး ေဒါက္တာဝင္းသႏၲာျဖဴ ေရးတဲ့စာ

၂ဝရက္ ေနာက္ပိုင္း ရခိုင္ျပည္နယ္၊ စစ္ေတြက လာတဲ့သူေတြ Facility Quarantine ထားမယ္တဲ့။ အဲ့ရက္ေရွ႕ပိုင္းက Safe Home Quarantine ထားမွာတဲ့။

အဲ့လိုမ်ိဳး ၂၀ ရက္ ေရွ႕ပိုင္းျပန္လာတဲ့ သူေတြကေကာ ဘယ္မွာသြားၿပီး သတင္းပို႔ၾကပါသလဲ။ ပို႔ရမယ္ေကာ သိၾကရဲ႕လား။ ဘယ္ႏွေယာက္ပို႔တယ္ ကြားမိပါသလဲ။ ၂၀ ရက္ေနာက္ပိုင္း ဝင္လာတဲ့ကားေတြမွာ ရန္ကုန္ၿမိဳ႕ထဲထိမဝင္လာဘဲ လမ္းလည္မွာဆင္းၿပီး Taxi နဲ႔ဝင္လာတဲ့သူေတြအတြက္ေကာ ဘယ္လိုစဥ္းစားထားလဲ။ “ကြၽန္မစိတ္ကူးသာဆို” အခုခ်ိန္ ဘာအေရးမွ မခြဲျခားဘူးေနာ္ ရခိုင္ ခဏ lock.down ခ်မယ္။ လမ္းေၾကာင္းအားလုံး ပိတ္မယ္။ လိုအပ္တဲ့ အစားအေသာက္ ေဆး၊စက္ပစၥည္း ေဆးပညာရွင္ေတြကို ႏိုင္ငံပိုင္ေလယာဥ္နဲ႔ ပို႔ေပးမယ္။ ေထာက္ပံ့မယ္။ တစ္လ လား ႏွစ္လ လားေထာက္ပံ့မယ္။

 

က်န္တဲ့တိုင္းနဲ႔ ျပည္နယ္အတြက္ မတပ္မေနရ No Mask, No Go outside တင္းၾကပ္တဲ့ဥပေဒထုတ္၊ စည္းကမ္းအတိုင္းမဖြင့္တဲ့ ဆိုင္ေတြအကုန္ပိတ္မယ္။ အဲ့လို မလုပ္ရင္ ေသခ်ာတယ္ ရန္ကုန္ပါသြားလိမ့္မယ္။ ရန္ကုန္ပါရင္ ႏိုင္ငံတကာက ဝင္လာမယ့္ ေရေၾကာင္း၊ေလေၾကာင္း ပစၥည္းေတြအတြက္ အရမ္းခက္ခဲမယ္။ ထိန္းဖို႔မလြယ္ဘူး။

 

မ်က္ကန္းတေစမေၾကာက္တာ မ်က္ကန္းမထိခိုက္ဘူး အေျဖသိလ်က္ တာဝန္မယူလွ်င္ Mask တပ္လွ်င္ အထိုက္အေလွ်ာက္အေကာင္းဆုံး ကာကြယ္ႏိုင္တဲ့ နည္းလမ္းကို သိလွ်က္ မလုပ္ဘဲေနၾကသူမ်ားကို ထိေရာက္စြာအေရးယူဖို႔လိုေနပါၿပီ။ သတင္းထိန္ခ်န္ အမ်ိဳးမ်ိဳး လွည့္ဝင္လာသူေတြလည္း လုံးဝမလုပ္သင့္ပါေနာ္။ (Win Thandar Phyu)

ကူးစက္မႈ စာရင္းေတြ တေန႔တျခား မ်ားျပားလာတဲ့ ျမန္မာျပည္မွာ ကိုဗစ္ကို ေၾကာက္တဲ့ လူတြ ရွိေပမယ့္ အေတာ္မ်ားမ်ားကေတာ့ ေမ့ထားၾကတာ မ်ားပါတယ္။ ယခုထိ ဘားေတြ ကလပ္ေတြ ဖြင့္ၿပီး လူေတြ စုၿပဳံေနၾကတုန္းပါပဲ။ အစိုးရက ဘားမဖြင့္ ရဆိုၿပီး အမိန႔္ထုတ္တာေတာင္ လက္တလုံးျခားနဲ႔ ဘားဆိုတဲ့ စာလုံးျဖဳတ္ၿပီး ဆက္ဖြင့္ေနၾကပါတယ္။ က်န္းမာ‌ေရးဝန္ႀကီးဌာနကလည္း လုံးဝ(လုံးဝ) မေပါ့ဆၾကဖို႔ ေၾကညာခ်က္ေတြ ထုတ္ေနလည္း ထုတ္တာပဲ ရွိပါတယ္။ လူေတြရဲ႕ ဂ႐ုစိုက္မႈက လုံးဝ မရွိဘူးလို႔ေတာင္ ေျပာလို႔ ရေနပါၿပီ။

ယေန႔ညမွာေတာ့ တေန႔ထဲနဲ႔ ကူးစက္သူ လူ (၃၀) ေတြ႕ၿပီး တရက္ထဲ ပိုးေတြ႕ရွိမႈ စံခ်ိန္တင္လိုက္ပါၿပီ။ ဒီစာရင္းနဲ႔ ပတ္သက္ၿပီး လူအေတာ္မ်ားမ်ား ေရွာ့ရသြားၾကသလို ဂ႐ုမစိုက္တဲ့ လူေတြလည္း ဂ႐ုစိုက္လာၾကမယ္လို႔ ထင္ပါတယ္။ နဂိုကတည္းက ေၾကာက္ေနတဲ့လူဆိုရင္ေတာ့ ေနစရာ ေနရာ မရွိေအာင္ေတာင္ ေၾကာက္လန႔္ေနၾကပါလိမ့္မယ္။ အဓိကကေတာ့ ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြကို တိတိက်က် လိုက္နာၿပီး အႏၲရာယ္ကင္းေအာင္ ေနထိုင္ၾကဖို႔ ျဖစ္ပါတယ္။

ကိုဗစ္ ပထမလႈိင္းတုန္းက ေျမာက္ဥကၠလာ ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာဝင္းသႏၲာျဖဴကို မွတ္မိၾကဦီးမယ္ ထင္ပါတယ္။ လူမႈုကြန္ယက္ေပၚမွာ ဆရာမႀကီးတင္လိုက္တဲ့ ေဆး႐ုံက လိုအပ္ခ်က္ေတြေၾကာင့္ အလႉရွင္ေတြ အုံလိုက္က်င္းလိုက္ လႉဒါန္းခဲ့ၾက ပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါနဲ႔ ပတ္သက္ၿပီး အလႉခံရရွိမႈ အမ်ားဆုံး ျဖစ္ခဲ့ပါတယ္။ လက္ရွိ ျဖစ္ေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ေဆး႐ုံအုပ္ ဆရာမႀကီးကေတာ့ သူ႔ရဲ႕ လူမႈကြန္ယက္မွာ လြန္ခဲ့တဲ့ ၄ နာရီက အခုလို ပို႔စ္တင္ခဲ့ပါတယ္-

ဆရာမႀကီးက ကိုဗစ္ကို ေၾကာက္လို႔ မဟုတ္ဘဲ လူေတြလိုက္နာမႈ မရွိတဲ့အတြက္ေၾကာင့္ ႐ုန္းဖို႔ အားမရွိတဲ့အေၾကာင္းလည္း အခုလို ကြန္းမန႔္မွာ ေရးထားပါေသးတယ္- ” ေၾကာက္လို႔မဟုတ္ပါ။ ျပည္သူေတြ ပူး‌ေပါင္းလိုက္နာမႈမပါေတာ့ ႐ုန္းဖို႔ခက္ပါလိမ့္မယ္။”

ဆရာမႀကီး ေျပာသလိုပါပဲ။ ေရွ႕တန္းက ကိုဗစ္ကို ရင္ဆိုင္အံတုေနရတဲ့ ေဆးဝန္ထမ္းေတြဟာ ဘာေရာဂါလာလာ ေၾကာက္႐ြံ႕ျခင္းမရွိဘဲ ရင္ဖြင့္ၿပီး ရင္ဆိုင္လာၾကတာပါ။ ဒါေပမယ့္ ေနာက္ကလိုက္မယ့္ ျပည္သူလူထုက စည္းကမ္းလိုက္နာမႈသာ မရွိရင္ ဘယ္လိုမွ ေအာင္ျမင္ႏိုင္မွာ မဟုတ္ပါဘူး။ ေရွ႕တန္းက လူေတြ ႀကံ့ႀကံ့ခိုင္ႏိုင္ဖို႔ ေနာက္တႏ္ုးက ျပည္သူေတြကလည္း တတပ္တအား ပါဝင္ၿပီး စည္းမ်ဥ္းစည္းကမ္းေတြကို တတ္ႏိုင္သမွ် လိုက္နာႏိုင္မွသာ ဒီလိုကပ္ဆိုးႀကီးကို ေက်ာ္လႊားႏိုင္ၾကမွာ ျဖစ္ပါတယ္။ တေယာက္နဲ႔ တေယာက္ လက္တြဲၿပီး ကိုဗစ္ ဒုတိယလႈိင္းႀကီးကို ရင္ဆိုင္ၾကဖို႔ အခ်ိန္ေရာက္ပါၿပီ ခင္ဗ်ာ။

source hot news myanmar

Unicode

ကိုဗစ်ပထမလှိုင်းကို ရှေ့ဆုံးက ရင်ဆိုင်ခဲ့တဲ့ မြောက်ဥက္ကလာဆေးရုံအုပ်ကြီး ရေးတဲ့စာ

ကိုဗစ်ပထမလှိုင်းကို ရှေ့ဆုံးက ရင်ဆိုင်ခဲ့တဲ့ မြောက်ဥက္ကလာဆေးရုံအုပ်ကြီး ဒေါက်တာဝင်းသန္တာဖြူ ရေးတဲ့စာ

၂ဝရက် နောက်ပိုင်း ရခိုင်ပြည်နယ်၊ စစ်တွေက လာတဲ့သူတွေ Facility Quarantine ထားမယ်တဲ့။ အဲ့ရက်ရှေ့ပိုင်းက Safe Home Quarantine ထားမှာတဲ့။

အဲ့လိုမျိုး ၂၀ ရက် ရှေ့ပိုင်းပြန်လာတဲ့ သူတွေကကော ဘယ်မှာသွားပြီး သတင်းပို့ကြပါသလဲ။ ပို့ရမယ်ကော သိကြရဲ့လား။ ဘယ်နှယောက်ပို့တယ် ကွားမိပါသလဲ။ ၂၀ ရက်နောက်ပိုင်း ဝင်လာတဲ့ကားတွေမှာ ရန်ကုန်မြို့ထဲထိမဝင်လာဘဲ လမ်းလည်မှာဆင်းပြီး Taxi နဲ့ဝင်လာတဲ့သူတွေအတွက်ကော ဘယ်လိုစဉ်းစားထားလဲ။ “ကျွန်မစိတ်ကူးသာဆို” အခုချိန် ဘာအရေးမှ မခွဲခြားဘူးနော် ရခိုင် ခဏ lock.down ချမယ်။ လမ်းကြောင်းအားလုံး ပိတ်မယ်။ လိုအပ်တဲ့ အစားအသောက် ဆေး၊စက်ပစ္စည်း ဆေးပညာရှင်တွေကို နိုင်ငံပိုင်လေယာဉ်နဲ့ ပို့ပေးမယ်။ ထောက်ပံ့မယ်။ တစ်လ လား နှစ်လ လားထောက်ပံ့မယ်။

ကျန်တဲ့တိုင်းနဲ့ ပြည်နယ်အတွက် မတပ်မနေရ No Mask, No Go outside တင်းကြပ်တဲ့ဥပဒေထုတ်၊ စည်းကမ်းအတိုင်းမဖွင့်တဲ့ ဆိုင်တွေအကုန်ပိတ်မယ်။ အဲ့လို မလုပ်ရင် သေချာတယ် ရန်ကုန်ပါသွားလိမ့်မယ်။ ရန်ကုန်ပါရင် နိုင်ငံတကာက ဝင်လာမယ့် ရေကြောင်း၊လေကြောင်း ပစ္စည်းတွေအတွက် အရမ်းခက်ခဲမယ်။ ထိန်းဖို့မလွယ်ဘူး။

မျက်ကန်းတစေမကြောက်တာ မျက်ကန်းမထိခိုက်ဘူး အဖြေသိလျက် တာဝန်မယူလျှင် Mask တပ်လျှင် အထိုက်အလျှောက်အကောင်းဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်းကို သိလျှက် မလုပ်ဘဲနေကြသူများကို ထိရောက်စွာအရေးယူဖို့လိုနေပါပြီ။ သတင်းထိန်ချန် အမျိုးမျိုး လှည့်ဝင်လာသူတွေလည်း လုံးဝမလုပ်သင့်ပါနော်။ (Win Thandar Phyu)

ကူးစက်မှု စာရင်းတွေ တနေ့တခြား များပြားလာတဲ့ မြန်မာပြည်မှာ ကိုဗစ်ကို ကြောက်တဲ့ လူတွ ရှိပေမယ့် အတော်များများကတော့ မေ့ထားကြတာ များပါတယ်။ ယခုထိ ဘားတွေ ကလပ်တွေ ဖွင့်ပြီး လူတွေ စုပြုံနေကြတုန်းပါပဲ။ အစိုးရက ဘားမဖွင့် ရဆိုပြီး အမိန့်ထုတ်တာတောင် လက်တလုံးခြားနဲ့ ဘားဆိုတဲ့ စာလုံးဖြုတ်ပြီး ဆက်ဖွင့်နေကြပါတယ်။ ကျန်းမာ‌ရေးဝန်ကြီးဌာနကလည်း လုံးဝ(လုံးဝ) မပေါ့ဆကြဖို့ ကြေညာချက်တွေ ထုတ်နေလည်း ထုတ်တာပဲ ရှိပါတယ်။ လူတွေရဲ့ ဂရုစိုက်မှုက လုံးဝ မရှိဘူးလို့တောင် ပြောလို့ ရနေပါပြီ။

ယနေ့ညမှာတော့ တနေ့ထဲနဲ့ ကူးစက်သူ လူ (၃၀) တွေ့ပြီး တရက်ထဲ ပိုးတွေ့ရှိမှု စံချိန်တင်လိုက်ပါပြီ။ ဒီစာရင်းနဲ့ ပတ်သက်ပြီး လူအတော်များများ ရှော့ရသွားကြသလို ဂရုမစိုက်တဲ့ လူတွေလည်း ဂရုစိုက်လာကြမယ်လို့ ထင်ပါတယ်။ နဂိုကတည်းက ကြောက်နေတဲ့လူဆိုရင်တော့ နေစရာ နေရာ မရှိအောင်တောင် ကြောက်လန့်နေကြပါလိမ့်မယ်။ အဓိကကတော့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို တိတိကျကျ လိုက်နာပြီး အန္တရာယ်ကင်းအောင် နေထိုင်ကြဖို့ ဖြစ်ပါတယ်။

ကိုဗစ် ပထမလှိုင်းတုန်းက မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းသန္တာဖြူကို မှတ်မိကြဦီးမယ် ထင်ပါတယ်။ လူမှုုကွန်ယက်ပေါ်မှာ ဆရာမကြီးတင်လိုက်တဲ့ ဆေးရုံက လိုအပ်ချက်တွေကြောင့် အလှူရှင်တွေ အုံလိုက်ကျင်းလိုက် လှူဒါန်းခဲ့ကြ ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး အလှူခံရရှိမှု အများဆုံး ဖြစ်ခဲ့ပါတယ်။ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆေးရုံအုပ် ဆရာမကြီးကတော့ သူ့ရဲ့ လူမှုကွန်ယက်မှာ လွန်ခဲ့တဲ့ ၄ နာရီက အခုလို ပို့စ်တင်ခဲ့ပါတယ်-

ဆရာမကြီးက ကိုဗစ်ကို ကြောက်လို့ မဟုတ်ဘဲ လူတွေလိုက်နာမှု မရှိတဲ့အတွက်ကြောင့် ရုန်းဖို့ အားမရှိတဲ့အကြောင်းလည်း အခုလို ကွန်းမန့်မှာ ရေးထားပါသေးတယ်- ” ကြောက်လို့မဟုတ်ပါ။ ပြည်သူတွေ ပူး‌ပေါင်းလိုက်နာမှုမပါတော့ ရုန်းဖို့ခက်ပါလိမ့်မယ်။”

ဆရာမကြီး ပြောသလိုပါပဲ။ ရှေ့တန်းက ကိုဗစ်ကို ရင်ဆိုင်အံတုနေရတဲ့ ဆေးဝန်ထမ်းတွေဟာ ဘာရောဂါလာလာ ကြောက်ရွံ့ခြင်းမရှိဘဲ ရင်ဖွင့်ပြီး ရင်ဆိုင်လာကြတာပါ။ ဒါပေမယ့် နောက်ကလိုက်မယ့် ပြည်သူလူထုက စည်းကမ်းလိုက်နာမှုသာ မရှိရင် ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ရှေ့တန်းက လူတွေ ကြံ့ကြံ့ခိုင်နိုင်ဖို့ နောက်တန်ုးက ပြည်သူတွေကလည်း တတပ်တအား ပါဝင်ပြီး စည်းမျဉ်းစည်းကမ်းတွေကို တတ်နိုင်သမျှ လိုက်နာနိုင်မှသာ ဒီလိုကပ်ဆိုးကြီးကို ကျော်လွှားနိုင်ကြမှာ ဖြစ်ပါတယ်။ တယောက်နဲ့ တယောက် လက်တွဲပြီး ကိုဗစ် ဒုတိယလှိုင်းကြီးကို ရင်ဆိုင်ကြဖို့ အချိန်ရောက်ပါပြီ ခင်ဗျာ။

source hot news myanmar