18.Nov.2021 မှ 24.Nov.2021 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ဒီကာလအတွင်း အထင်လွဲနေခြင်း ၊စိတ်ဝမ်းကွဲနေခြင်းများ ၊ နားလည်မှုလွဲနေခြင်းများ ရှိခဲ့ရင်ပြန်လည် အဆင်ပြေလာပါလိမ့်မယ်။ ဘာသာရေးနဲ့ပတ်သက်သောကိစ္စတွေ ၊ အလှူအတန်းနဲ့ပတ်သက်သောကိစ္စတွေ လုပ် ကိုင် ဆောင်ရွက်ရပါလိမ့်မယ်။ မင်္ဂလာကိစ္စများ ကူညီလုပ်ကိုင်ပေးရပါလိမ့်မည်။ ငွေကြေးအစုလိုက်ဝင်ရကိန်းရှိ ပါတယ်။ ငွေကြေးကိစ္စများ စိတ်ချမ်းသာရပါလိမ့်မယ်။ အလုပ်သစ် စီးပွားသစ်အထူးကောင်းပါလိမ့်မယ်။
ပညာရပ် အသစ်များသင်ရပါလိမ့်မယ်။ ပညာတိုးခြင်း၊ဆရာကောင်းတွေ့ခြင်းမျိုးရှိပါလိမ့်မည်။ အချစ်ရေး အထူး ကောင်း နေပါ လိမ့်မယ်။ ပျော်ရွှင်စရာများ ကြုံ ရမည်။ချစ်သူရဲ့ဂရုစိုက်ခြင်းခံရမည်။ အချစ်ရေးလဲ စန်းပွင့် နေ တတ်ပါသည်။ ကျန်းမာရေး ဒေါင်ဒေါင်မည်နေပါလိမ့်မည်။ လက်သုပ်များ ၊ယင်နားစာများအထူးရှောင်ပါ။စူးစမ်း လေ့လာရမဲ့ အလုပ်များ၊ဖောက်ထွက်ပြီးလမ်းသစ်ထွင်ရမဲ့အလုပ်များအထူးကောင်းမွန်ချိန်ပါပဲ။
ဘာကိစ္စကိုမှအလောတကြီး မလုပ်ဘဲ ဖြေးဖြေးမှန်မှန်လုပ်ခြင်းဖြင့် အောင်မြင်မှုတွေရယူနိုင်ပါလိမ့်မယ်။အထည်၊ထီး၊ဖိနပ်ဝင်မဲ့ကာလပါ။ လက် စမသတ်ရသေးသောကိစ္စများ၊ အလုပ်ကြွေးများ ဒီအချိန်မှာ ပြီးဆုံးအောင်လုပ်နိုင်မဲ့ကာလပါပဲ။ လမ်းမယား ချင်း အလုပ်ကိစ္စကိုအကြောင်းပြုပြီးစကားများရမည်။အကျိုးပေးဂဏန်း ၂/၅/၈အထူးဟော လာဘ်ရွှင်မည် ယတြာ ငှက်ပျောကြော်ဘုရားကပ်လှူပါ။
တနင်္လာ
ဒီကာလအတွင်း အရာရာကြန့်ကြာမှုတွေဖြစ်ရတတ်ပါတယ်။ အလျှင်လိုလေ အနှေးဖြစ်လေဆိုတာမျိုးကြုံ ရတတ်ပါတယ်။ အရာရာမလောပါနဲ့ ။ခေါင်းအေးအေးထားပြီးလုပ်ဆောင်ပါ။ အလုပ်သစ်စတင်ခြင်း ၊ဆိုင်အသစ် စဖွင့် ခြင်း၊အိမ်အသစ်စတင်ဆောက်ခြင်းတွေ မလုပ်သင့်သေးတဲ့ကာလပါပဲ။ အလုပ်ထဲမှာ ရန်ပေါ်တတ်တယ်။ အထက်လူကြီး ငြိုငြင်မယ်။ကိုယ်ကစေတနာနဲ့ လုပ်လိုက်ပေမဲ့ ဝေဒနာဖြစ်သွားတတ်တဲ့ကာလပါပဲ။
အနီးကပ်လူရင်း တွေက ဒုက္ခပေးတတ်ပါတယ်။ အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ခွဲခွာရတတ်ပါတယ်။ခရီးကိစ္စကြုံလာပါက သွား လိုက်ပါ။ စက်ပစ္စည်းများ ချို့ယွင်းတတ်ခြင်းမျိုး ကြုံရတတ်တဲ့အတွက် စက်ပစ္စည်းများနဲ့ ကိုင်တွယ်မောင်းနှင် နေသူများ သတိရှိဖို့လိုပါတယ်။ ပြဿနာများ နဲ့ ထိပ်တိုက်တွေ့စရာကြုံ ရပါက သည်းခံမှုတွေနဲ့သာဖြေရှင်းလိုက်ပါ။ မိမိဒေါသရှေ့ထားပါက အမှားတွေ့ပါလိမ့်မည်။
အလုပ်ပြိုင်များ စီးပွားဘက်များရဲ့ အပုပ်ချ ပြောဆိုခြင်းမျိုးခံရ တတ်ပါတယ်။ အလုပ်ကံတော့ကောင်းပါတယ်။ လုပ်ငန်းကိစ္စများ အဆင်ပြေပြေနဲ့ ပြီးမြောက်မှာပါ။ကျန်းမာရေး အထူးညံ့နေလိမ့်မယ်။ အချစ်ရေးမှာအဆိုးဆုံး အခြေအနေ (သို့)အကောင်းဆုံးအခြေအနေမျိုးကြုံရမှာပါ။ အစွန်း နှစ်ဖက်ဖြစ်ရကြုံရတာမျိုးပေါ့လေ ။အကျိုးပေးဂဏန်း ၁/၅/၂ အထူးဟော ကံအညံ့ထဲရောက်နေတာပါ။ ယတြာ နီးစပ်ရာစေတီမှာ လျှပ်စစ်မီး ညလုံးပေါက်ကုသိုလ်ယူပါ။
အင်္ဂါ
အတိုက်အခိုက်အများဆုံးခံရမဲ့ကာလပါပဲ။ မိမိအားမနာလိုသူများ ၊ မိမိအောင်မြင်မှုကိုမရှုစိမ့်သူများက ကောင်းကောင်းကြီး မိမိအားဒုက္ခပေးပါလိမ့်မယ်။အမှန်တရားက မိမိဘက်မှာရှိနေပေမဲ့ ခဏတော့ စိတ်ဆင်းရဲ သောကရောက်ရမှာပါ။ အိမ်ထောင်သည် အမျိုးသားများမိန်းမကိစ္စမရှုပ်ပါနဲ့။ ရှုပ်မိပါက ပြဿနာအကြီးအကျယ် တတ်ပါ လိမ့်မယ်။ အမှုအခင်းကိစ္စများ ပိုင်ဆိုင်မှုနဲ့ပတ်သက်သော အရှုပ်အထွေးကိစ္စများ ဖြေရှင်းရလိမ့်မယ်။
မိမိ ဘက်ကသာမှန်ကန်နေပါက အရာရာကိုကျော်လွှားအောင်မြင်နိုင်မှာပါ။ အချစ်ရေးအနေနဲ့ မယုံသင့်တဲ့ကာလပါ။ ချစ်သူပြောတိုင်းမယုံသင့်ပါ။ပညာရေးမှာ ဇွဲသာရှိပါ။ လိုချင်တဲ့ပန်းတိုင်ကိုရပါလိမ့်မည်။ ခရီးသွားအလုပ်တွေ၊ စပ်တူအလုပ်တွေ၊ အုပ်စုဖွဲ့လုပ်ကိုင်ရတဲ့အလုပ်တွေနဲ့ပတ်သက်ပြီး သောကရောက်ရတတ်တယ်။ သားသမီးကြောင့် စိတ်ဆင်းရဲရလိမ့်မယ်။
ဒီကာလအတွင်း အထူးသတိပြုရမှာကတော့ ကျန်းမာရေးပါ။ ဝမ်းပျက်စာတွေလုံးဝမစား ပါနဲ့။ အစားမှားတာနဲ့ ဝမ်းပျက် ဝမ်းလျောဖြစ်မယ်။ဗိုက်အောက် ၊ဗိုက်နာဖြစ်မည်။မိသားစုအိမ်တွင်းရေး ကိစ္စတော့ အဆင်ပြေ ချောမွေ့နေမဲ့ကာလပါ။အထူးသဖြင့်ဒီကာလမှာ လုံးဝငွေမချေးပါနဲ့။ ဆုံးတတ်ပါတယ်။ ကြီးမားတဲ့ ငွေကြေး မြုပ်နှံ မှုတွေမလုပ်ပါနဲ့အုံး။ ငွေမြုပ်ရင်ဖော်ရခက်ခဲကာလပါပဲ။ ကိုယ့်ငွေနဲ့ကိုယ် စိတ်ဆင်းရဲရ တတ် ပါတယ်။အကျိုးပေးဂဏန်း ၅/၄/၈အထူးဟော ရန်များမည် ယတြာ ပဌာန်းတစ်နေ့တစ်ခေါက်နှုန်းဖြင့် ၇ရက်တိတိရွတ်ဖတ်ပူဇော်ပါ။
ဗုဒ္ဓဟူး၊ရာဟု
ဒီကာလဟာ ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ စီးပွားရေး၊ လူမှုရေးအထူးကောင်းနေတဲ့ကာလပါ။ လုပ်ငန်း ကိစ္စ များအထူးကောင်းနေမည်။မိမိဆိုင်မိမိလုပ်ငန်းတိုးတတ်မည်။ဖောက်သည်အသစ်များရပါလိမ့်မယ်။မိမိအားလုပ်ငန်း လာအပ်သူများ ၊မိမိဆိုင်တွင် လာရောက်အားပေးသူများ အရင်ကထက် ပိုများနေမှာပါ။ လုပ်ငန်း သစ် စတင် ခြင်း၊လုပ်ငန်းချဲ့ထွင်ခြင်းပြုလုပ်လို့ကောင်းတဲ့အချိန်ပါပဲ။ အလုပ်မှာနေရာကောင်းရလွယ်တယ်။
ရာထူးတိုးပြီး အလုပ်နေရာပြောင်းပြီးတာဝန်ထမ်းဆောင်ရတတ်တယ်။ မိမိအားကူညီမဲ့သူတွေအနားမှာရှိမဲ့ကာလပါ။ မိမိသြဇာ ညောင်း မဲ့ အချိန်တွေပေါ့။ ကောင်းသောခရီးတွေသွားရတတ်တယ်။ ကုသိုလ်တရားတွေလဲ စိတ်ပါလက်ပါလုပ်ဖြစ် နေလိမ့်မယ်။ လူငယ်တွေကတော့ ချစ်သူအချင်းချင်းအထင်လွဲမဲ့ကာလပါ။ အချစ်ရေး က တော့ မျှော်လင့်သလို မဖြစ်နိုင်သေးပါဘူး။ အိမ်ထောင်သည်တွေကတော့ စုတ်ရော ၊လာဘ်ရောဝင်တတ်တဲ့အတွက် သတိထားပါ။
ငွေကုန်ကြေးကျများမဲ့ ကာလတစ်ခုပါ။ ဝန်ထမ်း များ လခစား များ အနေနဲ့ မိမိလုပ်ဖော်ကိုင်ဖက်များရဲ့ ချီးမြောက် ထောက် ခံမှုကြောင့် နေရာကောင်းရခြင်း ၊ ရာထူး တိုးခြင်းမျိုးကြုံ ရမည်။ ငယ်ရွယ်သူများ လူကြီးမိဘတွေ ဆီမှာမိမိလိုချင်တာ ရှိရင် ပူဆာလို့အကောင်းဆုံးကာလပါပဲ။ ပညာရေးကံ အကောင်းဆုံးပါ။ ပညာရည်ထူးချွန်မဲ့ ကာလ ပါ။ အကျိုးပေးဂဏန်း ၇/၅/၁ အထူးဟော အဘက်ဘက်ကအဆင်ပြေမည် ယတြာ ကြံတစ်ချောင်းဝယ် အခွံခွာ… ၁၅စိပ်စိပ်ပြီး ဘုရားကပ်လှူပါ။
ကြာသပတေး
ဒီကာလဟာ ကြာသပတေးသားသမီးတွေအနေနဲ့ သားသမီးကိစ္စများ အောက်လက်ငယ်သားကိစ္စများတွင် လိုက်ပါကူညီပေးရတတ်ပါတယ်။ မိမိအနေနဲ့ ဘယ်သူကိုမှ မျက်နှာလွှဲ၍မရဘဲကိုယ်တိုင်ကိုယ်ကျ လုပ်နေရမဲ့ အချိန်ပါ။ ခရီးကိစ္စများ ရပ်ဝေးနဲ့ ဆက်သွယ်လုပ်ကိုင်ရသောကိစ္စများ အဆင်မပြေတာမျိုးကြုံရပါလိမ့်မယ်။ လူမျိုး ခြား ဘာသာခြားတွေကြောင့် စိတ်အထူးညစ်ရတတ်တယ်။ အိမ်ထောင်ရေး အထူးအဆင်ပြေမယ်။
မိသားစုဝင်တွေ နားလည်မှုတွေရလာလိမ့်မည်။ အလုပ်စီးပွားများ ကောင်းမလိုလိုနှင့် အဖျားရှူးသွားတတ်သည်။ ကျန်းမာရေးအနေနဲ့ ရေချိုးမှားခြင်း ၊အပူရှပ်ခြင်းမျိုးကြုံရတတ်သည်။ အချစ်ရေးကိစ္စများ အဆင်မပြေတာကြုံ ရမည်။ ချစ်သူနဲ့သဘော ထားကွဲလွဲမည်။ တစ်ဦးနဲ့တစ်ဦးသံသယတွေများနေလိမ့်မည်။ ပညာရေးကံကတော့ အကောင်းဘက်မှာရှိနေတဲ့ အချိန်ပါပဲ။ အုပ်စုဖွဲ့ ပြဿ နာရှာခြင်းကြုံရတတ်သည်။
အိုးအိမ်နေရာထိုင်ခင်းကိစ္စကြောင့် စိတ်ညစ်ရမည်။ အမွေ ကိစ္စ မြေကိစ္စနဲ့ပတ်သက်ပြီး စကားပြောရမည်။ အထက်လူကြီးငြိုငြင်တာခံရမည်။ အဖေ့ဘက်ကအမျိုးတွေဒုက္ခ ပေးလိမ့် မည်။ မိမိအကျိုးစီးပွားမလုပ်ရဘဲ သူတစ်ပါးကိစ္စ လူမှုရေးကိစ္စတွေနဲ့အချိန်ကုန်နေတတ်သည်။ အကျိုးပေးဂဏန်း ၆/၄/၁ အထူးဟော အလုပ်တွေများနေတတ်သည်။ယတြာ ခရီးသွားမဲ့ ရဟန်းတစ်ပါးအား ခရီးစရိတ်ထောက်ပံ့လိုက်ပါ။
သောကြာ
ဒီကာလဟာ သောကြာသားသမီးတွေအနေနဲ့ အရမ်းခြူခြာလွယ်မဲ့အချိန်ပါပဲ။ အနေအထိုင်အနည်းငယ် မဆင်ခြင်တာနဲ့ဆေးရုံဆေးခန်းရောက်ရတတ်ပါတယ်။အရက်သေစာသောက်စားခြင်းမျိုးရှိရင်ဒီကာလမှာမသောက် တာအကောင်းဆုံးပါပဲ။ကျန်းမာရေးညံ့သွားတတ်လို့ပါ။ရွှေငွေလက်ဝတ်ရတနာများပျောက်ရှခြင်း၊ကျပျောက် ခြင်း မျိုး ကြုံရတတ်ပါတယ်။ ငွေကုန်ကြေးကျများတတ်တယ်နော်။
ငွေဝင်တာကနည်းနည်း ထွက်တာက များများ ဆို တာမျိုးပေါ့။ မသွားချင်သောခရီးတွေလဲသွားရတတ်ပါတယ်။ ကိုယ်စိတ်နှစ်ပါး ပင်ပန်းနေမည်။ အခက် အခဲပြဿနာ များရင်ဆိုင်ဖြေရှင်းရမည်။ သူများငွေကြောင့်ဒုက္ခရောက်တတ်သည်။ ကြားကအာမခံပေးတာ မျိုး မလုပ်ပါနဲ့။ သူများငွေ ခဏသိမ်းခိုင်းတာမျိုး၊အဖွဲ့အစည်းကငွေတွေခဏသိမ်းခိုင်းတာမျိုးတွေ လက်မခံပါနှင့် ။အလုပ် ပြောင်း၊ နေရာပြောင်း၊ဌာနပြောင်း ၊အိမ်ပြောင်းဆိုတာမျိုးတွေလဲကြုံရတတ်ပါတယ်။ ဒီကာလထဲ ရွှေဝယ် တာမျိုး မလုပ် ပါနဲ့။ လာဘ်ပိတ်သွားတတ်လို့ပါ။
သားသမီးကိစ္စအထူးပူပန်ရတတ်တယ်။ ကျန်မားရေးအနေနဲ့ ကိုယ်လက် မအီမသာ ဖြစ်တာ ၊သွေးတိုးတာလေးလံထိုင်းမှိုင်းနေတာမျိုးကြုံရပါလိမ့်မယ်။ အိမ်ထောင်သည်များ အိမ်ထောင် ဘက် နဲ့ စကားများရန်ဖြစ်ရတတ်ပါတယ်။ ဝန်ထမ်းများ အလုပ်တာဝန်တွေပိနေတတ်တဲ့ကာလပါပဲ။ အချစ်ရေးကံ ကတော့ ကောင်းနေမဲ့အချိန်ပါပဲ။ ပညာရေးအပေါ် မိမိကိုယ်တိုင်စိတ်မပါဖြစ်နေတတ်တဲ့ကာလပါ။အကျိုးပေးဂဏန်း ၈/၅/၁ အထူးဟော စိတ်ပင်ပန်းရမည် ယတြာ ပန်းကန်တစ်ချပ်ထဲလက်ဖက် ကိုးပုံပုံပြီး ဘုရားကပ်ပါ။
စနေ
အောင်မြင်မှုတွေစောင့်ကြိုနေမဲ့ကာလပါပဲ။ စိတ်ချမ်းသာရပါလိမ့်မယ်။ အထူးသဖြင့် အလုပ်ကိစ္စများ အိုး အိမ်ကိစ္စ၊ရာထူးကိစ္စ၊အမွေကိစ္စများကြောင့်လဲစိတ်ချမ်းသာရမှာပါ။ငွေကြေးကံကောင်းနေမှာပါ။ ရစရာရှိတဲ့ ငွေများ ၊ကြန်ကြာနေတဲ့ငွေများ၊ အလုပ်မှာမြုပ်နေတဲ့ငွေများပြန်လည်ရရှိပါလိမ့်မယ်။ စက်ပစ္စည်းနဲ့ ပတ်သက်ရင်တော့ ဒုက္ခ များရပါလိမ့်မယ်။ မကြာခဏချို့ယွင်းနေတဲ့စက်ကြောင့် စိတ်ညစ်ရမယ်။ စက်ပစ္စည်းအသစ်များလဲမဝယ် သင့် သေး ပါဘူး။
ပညာရေးကိစ္စများ၊ ဘာသာရေးကိစ္စများ အထူးကောင်းမွန်ပါလိမ့်မယ်။ အချစ်ရေးလဲအထူးအဆင် ပြေ နေမဲ့ ကာလပါပဲ။ ဒါပေမဲ့ ချစ်သူချင်းဝေးနေရတတ်ပါတယ်။ ကျန်းမာရေးကတော့ နည်းနည်းဂရုစိုက်ပါ။ ဇက်ကြော တတ် ခြင်း ခေါင်းကိုက်ခြင်း ဆီးချို သွေးချိုတတ်ခြင်းမျိုးကြံရတတ်ပါတယ်။ ကံကြမ္မာကောင်း နိမိတ်ကောင်းတွေ ရမဲ့ ကာ လ ပါပဲ။ ရေရှည်စီမံကိန်းတွေချမှတ်သင့်တဲ့နေ့ဖြစ်သလို ၊အဓိဌာန်စတင်ဝင်ရောက်မဲ့သူတွေအတွက် အကောင်းဆုံး ကာလပါပဲ။
စတင်တရားအားထုတ်မဲ့သူတွေအတွက် တရားရဖို့ အထောက်အပံ့ကောင်းရ စေတဲ့အချိန် ပါပဲ။ စီးပွား ရေး လူမှုရေးအထူးကောင်းမယ်။ လုပ်သမျှအဆင်ပြေနေမယ်။ စိတ်ချမ်းသာရမယ်။အရမ်းရင်းနှီသူတွေ ရဲ့ခွဲခွာ ရ လိမ့်မယ်။ ဖခင်ကျန်းမာရေးအထူးဂရုစိုက်ရလိမ့်မယ်။ ဝန်ထမ်းအဖို့ အလုပ်ထွက်ချင်စိတ်တွေပေါ်နေ တတ်တယ်။ မထွက်ပါနဲ့အုံး။ ပိုဆိုးသွားတတ်ပါတယ်။
အကျိုးပေးဂဏန်း ၁/၉/၆ အထူးဟော ကံမြင့်နေချိန်ပါပဲ ယတြာ ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ ဖုန်းအားသွင်းကြိုးတွေရှိရင် စွန့်ပစ်လိုက်ပါ
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695// 09 44 5555 695