”က်ေနာ္မွားပါတယ္ ဆရာ”ဖတ္ၾကည့္ပါ ေက်ာ္ခြမသြားေစခ်င္ပါ
တစ္ခါက…သခ်ၤာဆရာတစ္ေယာက္ဆီမွာေက်ာင္းသားေလးႏွစ္ေယာက္ က်ဴရွင္ယူၿပီးစာသင္ေနသတဲ့။
ခက္တာက…ေက်ာင္းႀကီးမွာ စာေမးပြဲေျဖတိုင္းတစ္ေယာက္က သခ်ၤာအမွတ္ျပည့္ရၿပီး ေနာက္တစ္ေယာက္ကေတာ့ ၇၀ ေလာက္ပဲရတယ္။
ဒီေတာ့အမွတ္နည္းတဲ့ေက်ာင္းသားက က်ဴရွင္ဆရာကို ေမးတယ္ ဆရာ… က်ေနာ္တို႔ ႏွစ္ေယာက္ ဆရာ့ဆီမွာက်ဴရွင္ယူၾကတယ္၊ သူအတန္းမွန္သလိုက်ေနာ္လည္းမွန္တယ္ သူအိမ္စာလုပ္သလို က်ေနာ္လည္းလုပ္တယ္ သူႀကိဳးစားသေလာက္
က်ေနာ္လည္း ႀကိဳးစားတယ္၊ ဒါနဲ႔မ်ား စာေမးပြဲမွာ ဘာလို႔ က်ေနာ္က အမွတ္နည္းရတာလဲ ဆရာ၊က်ေနာ္မသိေအာင္မ်ား သူ႔ကိုတစ္ေယာက္ထဲ ခြဲၿပီးအခ်ိန္ပိုသင္ေပးေနတာလား’ဆိုေတာ့… …
ဆရာက တပည့္မိုက္ကို ျပဳံးၿပီး ၾကည့္ရင္း ေျပာတယ္… …”သူ အမွတ္ပိုရေအာင္ ဆရာဘယ္တုံးကမွ ခြဲျခားၿပီး မသင္ခဲ့ဘူး င့ါတပည့္”
“ဒါဆို သူကဘာလို႔ က်ေနာ့္ထက္ အျမဲတမ္းအမွတ္မ်ားေနတာလဲ ဆရာ””မင္းတို႔ ႏွစ္ေယာက္ဗိုက္ထဲက ခ်ီးအေလးခ်ိန္ မတူလို႔ကြ၊ ပိုေလးတဲ့အီးကို ပါနိုင္တဲ့ေကာင္က ပိုၿပီး စာေတာ္တယ္”
“ဗ်ာ…”“ဟုတ္တယ္…. မယုံရင္ မနက္ဖန္မနက္အိပ္ရာထလို႔ အီးပါတဲ့အခါ အဲဒီအီးကို ခ်ိန္ခဲ့ၾက၊ ဘယ္သူက အီးပိုမ်ားမ်ားပါနိုင္လဲ၊
ဘယ္သူ႔အီးက ပိုေလးလဲ ၾကည့္ၾကတာေပ့ါ၊ ဟုတ္ၿပီလား”“ဟုတ္ကဲ့…”ဆိုၿပီး ေက်ာင္းသားႏွစ္ေယာက္ျပန္သြားတယ္။
ေနာက္ရက္ က်ဴရွင္လာတက္ေတာ့ ဆရာကေမးတယ္… …”ေျပာပါအုံး မင္းတို႔ရဲ့ အီး အေလးခ်ိန္ေတြ”စာညံ့တဲ့ေက်ာင္းသားက ေျဖတယ္… …
“က်ေနာ္ဟာကေတာ့ ဂရမ္ ၁၅၀ ေလာက္ရွိတယ္ ဆရာ”စာေတာ္တဲ့ ေက်ာင္းသားက ေျဖတယ္… …
“၈၅ ဂရမ္ ရွိပါတယ္ဆရာ”အဲဒီမွာ…စာညံ့တဲ့ေက်ာင္းသားက ‘ဘယ့္ႏွယ့္ရွိစ’ ဆိုတဲ့ မ်က္ႏွာေပးနဲ႔ ဆရာကိုၾကည့္ရင္း ေျပာတယ္
”ဆရာေျပာေတာ့ စာေတာ္ရင္ ပိုမ်ားမယ္ ပိုေလးရမယ္ဆို၊ ခု ဘယ့္ႏွယ့္လဲ”ဆရာက တပည့္ကို ခြင့္လႊတ္တဲ့ အျပဳံးနဲ႔ၾကည့္ရင္း ေျဖတယ္… …
“ငါ့တပည့္… မင္းရဲ့ အီးအေလးခ်ိန္ ၁၅၀ ဂရမ္ကိုသိရေအာင္ မင္းဘယ္လို ခ်ိန္ခဲ့လဲ”“ပလပ္စတစ္အိတ္ထဲ ပါခ်တယ္၊ ၿပီးေတာ့ ခ်ိန္ခြင္ေပၚတင္ၿပီး ခ်ိန္လိုက္တာပဲေလ””အဲလိုလုပ္ေတာ့ အဆင္ေျပရဲ့လား”
“နည္းနည္းေတာ့ ဟိုေပဒီေပနဲ႔ ညစ္ပတ္တာေပ့ါ၊နံလည္း နံတာေပ့ါ ေဝါ့ ေျပာရင္း ရြံလာၿပီ”“ကဲ… ဟုတ္ၿပီး ေနာက္တစ္ေယာက္ကေရာ 85ဂရမ္ရေအာင္ ဘယ္လိုခ်ိန္ခဲ့လဲ”
“က်ေနာ္က အီးမပါခင္ ကိုယ့္အေလးခ်ိန္ကိုခ်ိန္လိုက္တယ္ဆရာ၊ အီးပါၿပီး ျပန္ခ်ိန္လိုက္တယ္၊အေလးခ်ိန္ ၂ ခု ျခားနားလိုက္တဲ့အခါ ထြက္သြားတဲ့ အီးအေလးခ်ိန္ကို ရပါတယ္”
“ေအး… ဆရာေျပာခ်င္တာက အဲဒါပဲ၊ တကယ္ေတာ့ အီး အေလးခ်ိန္ေၾကာင့္ စာညံ့စာေတာ္ ျဖစ္တယ္ဆိုတာ မဟုတ္ပါဘူး၊ဒီ ညစ္ပတ္ နံေစာ္ေနတဲ့ မစင္ေတြကိုလက္နဲ႔ မကိုင္ပဲ၊ ဘာကရိကထမွ မမ်ားေအာင္
သူ႔အေလးခ်ိန္ကို သိနိုင္တဲ့ စဥ္းစားေတြးေခၚတတ္တဲ့ ကိုယ္ပိုင္ဉာဏ္ကို သုံးတတ္ မသုံးတတ္ဆိုတာ ထင္ရွားေစခ်င္လို႔ ဆရာက ခိုင္းလိုက္တာပါ၊ဘယ္သူက ပိုေတာ္တယ္ဆိုတာ သိဖို႔ ဗိုက္ထဲက အီးနဲ႔ မဆိုင္ဘူး၊
အီးအေလးခ်ိန္ကိုအလြယ္တကူ သိေအာင္ လုပ္နိုင္တဲ့ ေခါင္းထဲကဦးေႏွာက္နဲ႔ပဲ ဆိုင္တယ္ င့ါတပည့္”ဆိုေတာ့ အမွတ္နည္းတဲ့ တပည့္ ေခါင္းငိုက္စိုက္က်ၿပီးဝန္ခံသြားတယ္…
”ကျနော်မှားပါတယ် ဆရာ”ဖတ်ကြည့်ပါ ကျော်ခွမသွားစေချင်ပါ
တစ်ခါက…သချင်္ာဆရာတစ်ယောက်ဆီမှာကျောင်းသားလေးနှစ်ယောက် ကျူရှင်ယူပြီးစာသင်နေသတဲ့။
ခက်တာက…ကျောင်းကြီးမှာ စာမေးပွဲဖြေတိုင်းတစ်ယောက်က သချင်္ာအမှတ်ပြည့်ရပြီး နောက်တစ်ယောက်ကတော့ ၇၀ လောက်ပဲရတယ်။
ဒီတော့အမှတ်နည်းတဲ့ကျောင်းသားက ကျူရှင်ဆရာကို မေးတယ် ဆရာ… ကျနော်တို့ နှစ်ယောက် ဆရာ့ဆီမှာကျူရှင်ယူကြတယ်၊ သူအတန်းမှန်သလိုကျနော်လည်းမှန်တယ် သူအိမ်စာလုပ်သလို ကျနော်လည်းလုပ်တယ် သူကြိုးစားသလောက်
ကျနော်လည်း ကြိုးစားတယ်၊ ဒါနဲ့များ စာမေးပွဲမှာ ဘာလို့ ကျနော်က အမှတ်နည်းရတာလဲ ဆရာ၊ကျနော်မသိအောင်များ သူ့ကိုတစ်ယောက်ထဲ ခွဲပြီးအချိန်ပိုသင်ပေးနေတာလား’ဆိုတော့… …
ဆရာက တပည့်မိုက်ကို ပြုံးပြီး ကြည့်ရင်း ပြောတယ်… …”သူ အမှတ်ပိုရအောင် ဆရာဘယ်တုံးကမှ ခွဲခြားပြီး မသင်ခဲ့ဘူး င့ါတပည့်”
“ဒါဆို သူကဘာလို့ ကျနော့်ထက် အမြဲတမ်းအမှတ်များနေတာလဲ ဆရာ””မင်းတို့ နှစ်ယောက်ဗိုက်ထဲက ချီးအလေးချိန် မတူလို့ကွ၊ ပိုလေးတဲ့အီးကို ပါနိုင်တဲ့ကောင်က ပိုပြီး စာတော်တယ်”
“ဗျာ…”“ဟုတ်တယ်…. မယုံရင် မနက်ဖန်မနက်အိပ်ရာထလို့ အီးပါတဲ့အခါ အဲဒီအီးကို ချိန်ခဲ့ကြ၊ ဘယ်သူက အီးပိုများများပါနိုင်လဲ၊
ဘယ်သူ့အီးက ပိုလေးလဲ ကြည့်ကြတာပေ့ါ၊ ဟုတ်ပြီလား”“ဟုတ်ကဲ့…”ဆိုပြီး ကျောင်းသားနှစ်ယောက်ပြန်သွားတယ်။
နောက်ရက် ကျူရှင်လာတက်တော့ ဆရာကမေးတယ်… …”ပြောပါအုံး မင်းတို့ရဲ့ အီး အလေးချိန်တွေ”စာညံ့တဲ့ကျောင်းသားက ဖြေတယ်… …
“ကျနော်ဟာကတော့ ဂရမ် ၁၅၀ လောက်ရှိတယ် ဆရာ”စာတော်တဲ့ ကျောင်းသားက ဖြေတယ်… …
“၈၅ ဂရမ် ရှိပါတယ်ဆရာ”အဲဒီမှာ…စာညံ့တဲ့ကျောင်းသားက ‘ဘယ့်နှယ့်ရှိစ’ ဆိုတဲ့ မျက်နှာပေးနဲ့ ဆရာကိုကြည့်ရင်း ပြောတယ်
”ဆရာပြောတော့ စာတော်ရင် ပိုများမယ် ပိုလေးရမယ်ဆို၊ ခု ဘယ့်နှယ့်လဲ”ဆရာက တပည့်ကို ခွင့်လွှတ်တဲ့ အပြုံးနဲ့ကြည့်ရင်း ဖြေတယ်… …
“ငါ့တပည့်… မင်းရဲ့ အီးအလေးချိန် ၁၅၀ ဂရမ်ကိုသိရအောင် မင်းဘယ်လို ချိန်ခဲ့လဲ”“ပလပ်စတစ်အိတ်ထဲ ပါချတယ်၊ ပြီးတော့ ချိန်ခွင်ပေါ်တင်ပြီး ချိန်လိုက်တာပဲလေ””အဲလိုလုပ်တော့ အဆင်ပြေရဲ့လား”
“နည်းနည်းတော့ ဟိုပေဒီပေနဲ့ ညစ်ပတ်တာပေ့ါ၊နံလည်း နံတာပေ့ါ ဝေါ့ ပြောရင်း ရွံလာပြီ”“ကဲ… ဟုတ်ပြီး နောက်တစ်ယောက်ကရော 85ဂရမ်ရအောင် ဘယ်လိုချိန်ခဲ့လဲ”
“ကျနော်က အီးမပါခင် ကိုယ့်အလေးချိန်ကိုချိန်လိုက်တယ်ဆရာ၊ အီးပါပြီး ပြန်ချိန်လိုက်တယ်၊အလေးချိန် ၂ ခု ခြားနားလိုက်တဲ့အခါ ထွက်သွားတဲ့ အီးအလေးချိန်ကို ရပါတယ်”
“အေး… ဆရာပြောချင်တာက အဲဒါပဲ၊ တကယ်တော့ အီး အလေးချိန်ကြောင့် စာညံ့စာတော် ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး၊ဒီ ညစ်ပတ် နံစော်နေတဲ့ မစင်တွေကိုလက်နဲ့ မကိုင်ပဲ၊ ဘာကရိကထမှ မများအောင်
သူ့အလေးချိန်ကို သိနိုင်တဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ ကိုယ်ပိုင်ဉာဏ်ကို သုံးတတ် မသုံးတတ်ဆိုတာ ထင်ရှားစေချင်လို့ ဆရာက ခိုင်းလိုက်တာပါ၊ဘယ်သူက ပိုတော်တယ်ဆိုတာ သိဖို့ ဗိုက်ထဲက အီးနဲ့ မဆိုင်ဘူး၊
အီးအလေးချိန်ကိုအလွယ်တကူ သိအောင် လုပ်နိုင်တဲ့ ခေါင်းထဲကဦးနှောက်နဲ့ပဲ ဆိုင်တယ် င့ါတပည့်”ဆိုတော့ အမှတ်နည်းတဲ့ တပည့် ခေါင်းငိုက်စိုက်ကျပြီးဝန်ခံသွားတယ်…crd



