ၾကားသိရသမွ်

အိုးထဲမှာ ကျန်ရှိနေသေးတဲ့ထမင်းကို ခူးထုတ်ရမှာပျင်းလို့ ဆန်ထည့်ပြီး ရောချက်ဖို့လုပ်တဲ့ ခင်ပွန်းရဲ့လုပ်ရပ်ကို ဝေမျှလာခဲ့တဲ့ ဇနီးသည်

တရုတ်ဇနီးသည်က ခင်ပွန်းဖြစ်သူရဲ့ ပျင်းရိစွာ ထမင်းချက်နည်းကို ဝေမျှခဲ့ပြီးနောက် လူအများ အံ့အားသင့်ခဲ့ရပါတယ် ။ ဇနီးသည်က နေ့လယ်စာစားပြီးနောက် အီလက်ထရွန်းနစ်အိုးထဲမှာ ထမင်းကကျန်ရှိနေသေးသဖြင့် အကုန်ခူးထုတ်ပြီး အိုးဆေးဖို့ မေ့သွားတယ်လို့ ဆိုပါတယ် ။ ဒါပေမဲ့ ညအတွက် ထမင်းချက်ဖို့ သူမက မအားတဲ့အတွက်ကြောင့် ခင်ပွန်းဖြစ်သူကို ချက်ခိုင်းတဲ့အခါမှ အိုးထဲက ကျန်သေးတဲ့ထမင်းကိုအရင်ထုတ်ရန် ပျင်းသဖြင့် ဆန်ကိုဘဲ ထပ်ထည့်ပြီး ချက်လိုက်တဲ့အတွက် ဇနီးက အံ့သြလို့မဆုံးဖြစ်တာကြောင့် ဝေမျှလာခဲ့တာပါ ။

အင်တာနက်အသုံးပြုသူအချို့က ခင်ပွန်းသည်က ဒီလိုကိစ္စရပ်တွေကို နားမလည်ရင်တောင် ထမင်းခူးထုတ်ရမာကိုတော့ သိကြပါတယ် လို့ဆိုခဲ့ပါတယ် ။ ဇနီးသည်က “မဖြစ်သင့်ပါဘူး။ ငါ့ခင်ပွန်းက တစ်ခါတလေ ကလေးလို နုံအတတ်ပါတယ်” လို့ ဖြည်းညှင်းစွာပြောခဲ့ပါတယ် ။ အင်တာနက်အသုံးပြုသူအချို့က “အိုးပြောင်းပြီး ထည့်ချက်သင့်တယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ် ။

JRose (KB Chimmy One)

Reference : appledaily

Zawgyi

တ႐ုတ္ဇနီးသည္က ခင္ပြန္းျဖစ္သူရဲ႕ ပ်င္းရိစြာ ထမင္းခ်က္နည္းကို ေဝမွ်ခဲ့ၿပီးေနာက္ လူအမ်ား အံ့အားသင့္ခဲ့ရပါတယ္ ။ ဇနီးသည္က ေန႔လယ္စာစားၿပီးေနာက္ အီလက္ထ႐ြန္းနစ္အိုးထဲမွာ ထမင္းကက်န္ရွိေနေသးသျဖင့္ အကုန္ခူးထုတ္ၿပီး အိုးေဆးဖို႔ ေမ့သြားတယ္လို႔ ဆိုပါတယ္ ။ ဒါေပမဲ့ ညအတြက္ ထမင္းခ်က္ဖို႔ သူမက မအားတဲ့အတြက္ေၾကာင့္ ခင္ပြန္းျဖစ္သူကို ခ်က္ခိုင္းတဲ့အခါမွ အိုးထဲက က်န္ေသးတဲ့ထမင္းကိုအရင္ထုတ္ရန္ ပ်င္းသျဖင့္ ဆန္ကိုဘဲ ထပ္ထည့္ၿပီး ခ်က္လိုက္တဲ့အတြက္ ဇနီးက အံ့ၾသလို႔မဆုံးျဖစ္တာေၾကာင့္ ေဝမွ်လာခဲ့တာပါ ။

အင္တာနက္အသုံးျပဳသူအခ်ိဳ႕က ခင္ပြန္းသည္က ဒီလိုကိစၥရပ္ေတြကို နားမလည္ရင္ေတာင္ ထမင္းခူးထုတ္ရမာကိုေတာ့ သိၾကပါတယ္ လို႔ဆိုခဲ့ပါတယ္ ။ ဇနီးသည္က “မျဖစ္သင့္ပါဘူး။ ငါ့ခင္ပြန္းက တစ္ခါတေလ ကေလးလို ႏုံအတတ္ပါတယ္” လို႔ ျဖည္းညႇင္းစြာေျပာခဲ့ပါတယ္ ။ အင္တာနက္အသုံးျပဳသူအခ်ိဳ႕က “အိုးေျပာင္းၿပီး ထည့္ခ်က္သင့္တယ္” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္ ။

JRose (KB Chimmy One)