လူရွှင်တော်ကြီးတစ်ယောက်လည်းဖြစ်သလို စာရေးဆရာကြီးတစ်ယောက်လည်းဖြစ်တဲ့ ဇာဂနာကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် သူ့ဘဝရဲ့အချိန်တော်တော်များများကို အကျဉ်းထောင်ထဲမှာပဲဖြတ်သန်းခဲ့ရတာပဲဖြစ်ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ (၂၇) ရက်နေ့ကတော့ ဇာဂနာရဲ့မွေးနေ့ဖြစ်ပြီး ဇာဂနာက သူ့ရဲ့မွေးနေ့မှာ လက်ရှိအကျဉ်းထောင်ထဲရောက်ရှိနေတဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်ကို ထူးထူးခြားခြားသတိရနေတဲ့အကြောင်း အခုလိုပဲပြောလာပါတယ်။

“သည်နေ့အသက်၆၁နှစ်ပြည့်ပါတယ်။ ၂၇၊၂၉၊၃၀၊၃၁၊၃၂၊၃၃၊၃၄ နှစ်ပြည့်တွေတုန်းက ၊ထောင်ထဲ မှာတစ် ယောက်တည်းဖြတ်သန်းခဲ့ရတယ်။ ဘယ်သူကမှ Hbd မလုပ်ပါဘူး။ သည်လိုပဲ ၄၆နှစ်ကနေ ၅၁နှစ်ထိ မြစ်ကြီးနားထောင်ထဲမှာမွေးနေ့တွေစီးဆင်းခဲ့တယ်။သည်တုန်းကတော့ ထောင်နီးနားချင်းတွေ ရှိခဲ့တာပေါ့။
အခုလိုကပ်ဆိုးခေတ်ကျပ်ထဲ၊မွေးနေ့ပွဲလုပ်ရလောက်အောင်၊လိပ်ပြာမသန့်လေတော့၊မွေးနေ့ဆုတောင်းသူအားလုံးကို ကိုယ်စီကိုယ်ငှ ကျေးဇူးမျှလိုက်ပါရဲ့။ စကားမစပ် ပြီးခဲ့တဲ့ ဧပြီလ၂၄ရက်တုန်းက၊အချုပ်ခန်းထဲ မှာ၊အူဝဲ ကို ဟက်ပီးဘတ်သ်ဒေးလို့ပြောခဲ့ဖူးတယ်။သမီးအူဝဲ ကို၊အန်တီမာ့ရင်ခွင်ထဲမှာ ပျော်စရာမွေးနေ့ပါလို့ ပိုင်ပိုင်ကြီး ပြောခွင့်ရပါရစေ။” ဆိုပြီး ပြောလာပါတယ်။

ဇာဂနာကတော့ ဒီကနေ့မွေးနေ့မှာ သူ့ရဲ့အတိတ်ကနေ့ရက်တွေဆီကို ပြန်လည်သတိရနေပြီးသူ့လိုပဲမတရားအကျဉ်းကျခံနေရတဲ့သမီးငယ် အိန္ဒြာကျော်ဇင်ကို သတိတရရှိနေတဲ့အကြောင်းကို အ ကြောင်းတိုက်ဆိုင်စွာပြောလာတာပဲဖြစ်ပါတယ်။
Source: Zar Ga Nar ‘s fb
Credit – MCT
လူ႐ႊင္ေတာ္ႀကီးတစ္ေယာက္လည္းျဖစ္သလို စာေရးဆရာႀကီးတစ္ေယာက္လည္းျဖစ္တဲ့ ဇာဂနာကေတာ့ နိုင္ငံေရးလႈပ္ရွားမႈေတြေၾကာင့္ သူ႕ဘဝရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို အက်ဥ္းေထာင္ထဲမွာပဲျဖတ္သန္းခဲ့ရတာပဲျဖစ္ပါတယ္။

ဒီကေန႕ ဇန္နဝါရီလ (၂၇) ရက္ေန႕ကေတာ့ ဇာဂနာရဲ႕ေမြးေန႕ျဖစ္ၿပီး ဇာဂနာက သူ႕ရဲ႕ေမြးေန႕မွာ လက္ရွိအက်ဥ္းေထာင္ထဲေရာက္ရွိေနတဲ့ အကယ္ဒမီအိႏၵျာေက်ာ္ဇင္ကို ထူးထူးျခားျခားသတိရေနတဲ့အေၾကာင္း အခုလိုပဲေျပာလာပါတယ္။
“သည္ေန႕အသက္၆၁ႏွစ္ျပည့္ပါတယ္။ ၂၇၊၂၉၊၃၀၊၃၁၊၃၂၊၃၃၊၃၄ ႏွစ္ျပည့္ေတြတုန္းက ၊ေထာင္ထဲ မွာတစ္ ေယာက္တည္းျဖတ္သန္းခဲ့ရတယ္။ ဘယ္သူကမွ Hbd မလုပ္ပါဘူး။ သည္လိုပဲ ၄၆ႏွစ္ကေန ၅၁ႏွစ္ထိ ျမစ္ႀကီးနားေထာင္ထဲမွာေမြးေန႕ေတြစီးဆင္းခဲ့တယ္။သည္တုန္းကေတာ့ ေထာင္နီးနားခ်င္းေတြ ရွိခဲ့တာေပါ့။

အခုလိုကပ္ဆိုးေခတ္က်ပ္ထဲ၊ေမြးေန႕ပြဲလုပ္ရေလာက္ေအာင္၊လိပ္ျပာမသန႔္ေလေတာ့၊ေမြးေန႕ဆုေတာင္းသူအားလုံးကို ကိုယ္စီကိုယ္ငွ ေက်းဇူးမွ်လိုက္ပါရဲ႕။ စကားမစပ္ ၿပီးခဲ့တဲ့ ဧၿပီလ၂၄ရက္တုန္းက၊အခ်ဳပ္ခန္းထဲ မွာ၊အူဝဲ ကို ဟက္ပီးဘတ္သ္ေဒးလို႔ေျပာခဲ့ဖူးတယ္။သမီးအူဝဲကို၊အန္တီမာ့ရင္ခြင္ထဲမွာ ေပ်ာ္စရာေမြးေန႕ပါလို႔ ပိုင္ပိုင္ႀကီး ေျပာခြင့္ရပါရေစ။” ဆိုၿပီး ေျပာလာပါတယ္။

ဇာဂနာကေတာ့ ဒီကေန႕ေမြးေန႕မွာ သူ႕ရဲ႕အတိတ္ကေန႕ရက္ေတြဆီကို ျပန္လည္သတိရေနၿပီးသူ႕လိုပဲမတရားအက်ဥ္းက်ခံေနရတဲ့သမီးငယ္ အိႏၵျာေက်ာ္ဇင္ကို သတိတရရွိေနတဲ့အေၾကာင္းကို အ ေၾကာင္းတိုက္ဆိုင္စြာေျပာလာတာပဲျဖစ္ပါတယ္။
Source: Zar Ga Nar ‘s fb
Credit – MCT



