သားလေးရယ်… ဖမ်းသွားတာ 25….27ပြန်တွေ့ရတာငါ့သားအလာင်းတဲ့လားပေးဆပ်ရတာ များလိုက်တာ သားရယ်
သားလေးရေ…လက်ကလေးကသိပ်လှတာပဲ
ရှည်ရှည်တွယ်တွယ်လေးနဲ့…အနုပညာရှင်လက်လို့…
အမေ…ဂုဏ်ယူစွာနဲ့ပြောခဲ့ဖူးတယ်ငါ့သားက..အနုပညာဆန်လိုက်တာနော်…
လက်ကောက်ဝတ်လေးမှာတောင်….အသဲပုံလက်ပတ်လေးနဲ့..
သိပ်လှတာပဲ…သား
အရှေ့ကျိုဆကျလြှောကျရမယျ..အားတင်းပြီးလျှောက်ကြနော်လို့
မပြောခဲ့ရုံလေးပဲ…သားရဲ့လက်ညိုးလေးက..အရှေ့ကိုညွန်ပြထားတာ
အမေ…သိပ်ဝမ်းသာတယ်…သားဟော်…သားရဲ့လက်ကောက်ဝတ်လေးအောက်မှာ..
မြက်ရိုင်းလို့ထင်ထားတဲ့…ပန်းလေးတွေက..
သားရဲ့လက်ကို..ပိုလှစေတယ်…ပိုပြီးအသက်ဝင်စေတယ်
အမေဂုဏ်ယူတယ်…သားသားရဲ့လက်ကလေးကို…အမေကိုင်လိုက်တိုင်း..
နုဖတ်နေတာပဲ…သားရယ်…အမေ အလုပ်ကြမ်းလုပ်ခိုင်းရမှာတောင်သားကို..သနားတယ်…ဒါပေမယ့်…သားကအမေ့ကိုပြုံးပြီးကြည့်နေတဲ့အချိန်…အမေလွမ်းတယ်…သား
လက်ကလေးကိုင်တိုင်း…နူးညံ့တဲ့ သားရဲ့လက်ကလေး…
အနုပညာဆန်ပါတယ်..ဆိုတဲ့..သားရဲ့လက်ကလေး…
နွေးထွေးမူမရှိပဲ..ဒီနေ့…အေးစက်နေတာပဲသား
သားသိပ်ကြိုက်တဲ့…လက်ကောက်ဝတ်နားမှာ ဝတ်ထားတဲ့..
အသဲပုံးလေးရဲ့..ဟမ်းချိန်းလေး…အမေ..မဖြုတ်ခဲ့ဘူး
သားသိပ်ကြိုက်တာ…အမေသိလို့လေ….
သားရေ…သားရဲ့လက်ကလေး..အမေကိုင်ခွင့်မရတော့ဘူး..
နူးညံတဲ့သားရဲ့…လက်ဖမိုးလေး..အမေ နမ်းခွင့်မရတော့ဘူး..
ဒါပေမယ့်…သားရဲ့အငွေ့သက်လေး..အမေ့မှာရှိတုန်းပဲ
သားရေ…ကောင်းစွာအိပ်စက်တော့နော်…
အမေ…သားအတွက်ဆုတောင်းပေးတယ်…
အရမ်းလည်းချစ်တယ်..သား
(လက်ကလေးပုံကိုကြည့်ပြီး…ရင်ထဲကခံစားချက်နဲ့ရေးမိတာပါ
အမှားပါသွားရင် ခွင့်လွှတ်ပေးပါ..)
loikaw