ၾကားသိရသမွ်

ရွိတဲ့ နားကပ္ကို ခၽြတ္ေရာင္းခ်ၿပီး သားျဖစ္သူ တူမီးေသနတ္ဝယ္ေပးခဲ့တဲ့ မိခင္

စစ္အာဏာရွင္ဆန႔္က်င္တဲ့ လယ္ကူလီမိခင္တစ္ေယာက္ရဲ့ ခံယူခ်က္

ေဖေဖာ္ဝါရီလ(၁)ရက္ေန႔ကတည္းက စတင္ခဲ့တဲ့ အေရးေတာ္ပုံႀကီးမွာ မ်ိဳးဆက္သစ္လူငယ္ေတြဟာ ဦးေဆာင္ခဲ့တာျဖစ္ၿပီး အာဏာရွင္ကို ရရာလက္နက္ဆြဲေတာ္လွန္ေနၾကတာ ျဖစ္ပါတယ္။

အၾကမ္းဖက္လုပ္ရပ္ေတြေၾကာင့္ ေတာထဲ လြတ္ေျမာက္နယ္ေျမမွာ စစ္သင္တန္းေတြ တက္ေရာက္ၿပီး ကိုယ္က်ိဳးစြန႔္ကာ ျပည္သူေတြအတြက္ အက်ိဳးျပဳလုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ေတာ္လွန္ေရးတိုက္ပြဲႀကီး စတင္ခဲ့တဲ့ အခ်ိန္ကတည္းက ယေန႔အခ်ိန္ထိ လူငယ္ေတြဟာ အေရးေတာ္ပုံႀကီးေအာင္ျမင္ဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားပါဝင္ေနၾကတာ ျဖစ္ပါတယ္။

ျပည္သူေတြ ေမၽွာ္လင့္ေစာင့္စားေနတဲ့ D Day ေန႔ကို ေၾကညာခဲ့ၿပီးေနာက္ တိုက္ပြဲေတြ တစ္စတစ္စျပင္းထန္လာၿပီး ၿမိဳ႕ျပေဒသေတာ္ေတာ္မ်ားမ်ားမွာလည္း ေပါက္ကြဲမႈေတြ မၾကာခဏျဖစ္ပြားေနတာ ျဖစ္ပါတယ္။

PDF ရဲေဘာ္ေတြအေနနဲ႔လည္း ျပည္သူေတြလႉဒါန္းေပးၾကတဲ့ ရိကၡာေထာက္ပံ့မႈေတြနဲ႔ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့စားေသာက္ေနၾကရၿပီး စစ္ေရးအတြက္ႀကိဳးစားျပင္ဆင္ေနၾကတာပါ။

ရဲေဘာ္ေတြခမ်ာမွာလည္း ျပည္သူေတြေထာက္ပံ့ေပးၾကတဲ့ ရိကၡာေလးေတြနဲ႔ ေလာက္ငွေအာင္စားေနၾကရသလို စစ္ေရးအေျခအေနေတြအတြက္လည္း လက္နက္အျပည့္အစုံတပ္ဆင္နိုင္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

PDF ေတြအေနနဲ႔လည္း လက္နက္ျပည့္စုံနိုင္ဖို႔သာလၽွင္ အဓိကအေရးႀကီးတာေၾကာင့္ ရိကၡာေတြကို ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့စားေသာက္ၾကရၿပီး ထမင္းနပ္မမွန္တဲ့ အခ်ိန္ေတြပါရွိေနတာကိုေတြ႕ရပါတယ္

ျပည္တြင္းရွိ လူငယ္ေတြသာမက အင္တိုက္အားတိုက္ႀကိဳးစားပါဝင္ေနသလို ျပည္ပေရာက္ေနၾကတဲ့ လူငယ္ေတြဟာလည္း အေရးေတာ္ပုံႀကီးအတြက္ လြတ္ေျမာက္နယ္ေျမမွာ စစ္ေရးေလ့က်င့္မႈေတြ ျပဳလုပ္သင္ၾကားေနၾကတာလည္း ရွိပါတယ္။

စိတ္ဓာတ္ခြန္အားေတြနဲ႔ အခက္အခဲေတြကို အားတင္းၿပီး ၾကဳံလာသမၽွကို ရင္ဆိုင္ျဖတ္ေက်ာ္ေနေပမယ့္ လက္နက္ပစၥည္း မလုံေလာက္မႈေတြလည္း ရွိေနၾကတာ ေတြ႕ရပါတယ္။

စစ္ေကာင္စီကို ရရာလက္နက္ကိုင္စြဲၿပီး ခုခံတိုက္ခိုက္ေနတဲ့ စစ္ကိုင္းတိုင္းအတြင္းက ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ PDF ေတြဟာ လူအင္အားမ်ားျပားေပမယ့္ လက္နက္အင္အား အလုံအေလာက္ မရွိၾကပါဘူး။

ဒီပဲယင္းၿမိဳ႕နယ္က PDF အဖြဲ႕ဝင္တစ္ဦးရဲ့ မိခင္ကေတာ့ သူဝတ္ဆင္ထားတဲ့ နားကပ္ကို ေရာင္းခ်ၿပီး

သားျဖစ္သူ တူမီးေသနတ္ကိုင္ေဆာင္နိုင္ဖို႔ ကူညီပံ့ပိုးခဲ့ပါတယ္။

သားျဖစ္သူကို ဘြဲ႕ရပညာတတ္တစ္ေယာက္ ျဖစ္ေစခ်င္ခဲ့တဲ့ လယ္ကူလီ မိခင္တစ္ဦးရဲ့ စိတ္ခံစားမႈေတြက ဘယ္လိုရွိပါသလဲ။ မခင္မိုးညိဳက တင္ျပထားပါတယ္။

စားစရာမလုံေလာက္တဲ့အခါ ရွိတာေလးစားၿပီး အားတင္းထားသလို အိပ္စရာနဲ႔ ေဆးဝါးအခက္အခဲေတြကို အေကာင္းဆုံးသည္းခံၿပီး ႀကိဳးစားေနေပမယ့္လည္း

လက္နက္ပစၥည္း မလုံေလာက္မႈေတြ ကေတာ့ ေတာ္လွန္ေရးအတြက္ တကယ္ကို အခက္ေတြ႕ေစပါတယ္။

Video ၾကည့္ရန္

credit#

unicode

စစ်အာဏာရှင်ဆန့်ကျင်တဲ့ လယ်ကူလီမိခင်တစ်ယောက်ရဲ့ ခံယူချက်

ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက စတင်ခဲ့တဲ့ အရေးတော်ပုံကြီးမှာ မျိုးဆက်သစ်လူငယ်တွေဟာ ဦးဆောင်ခဲ့တာဖြစ်ပြီး အာဏာရှင်ကို ရရာလက်နက်ဆွဲတော်လှန်နေကြတာ ဖြစ်ပါတယ်။

အကြမ်းဖက်လုပ်ရပ်တွေကြောင့် တောထဲ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတွေ တက်ရောက်ပြီး ကိုယ်ကျိုးစွန့်ကာ ပြည်သူတွေအတွက် အကျိုးပြုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တော်လှန်ရေးတိုက်ပွဲကြီး စတင်ခဲ့တဲ့ အချိန်ကတည်းက ယနေ့အချိန်ထိ လူငယ်တွေဟာ အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် အစွမ်းကုန်ကြိုးစားပါဝင်နေကြတာ ဖြစ်ပါတယ်။

ပြည်သူတွေ မျှော်လင့်စောင့်စားနေတဲ့ D Day နေ့ကို ကြေညာခဲ့ပြီးနောက် တိုက်ပွဲတွေ တစ်စတစ်စပြင်းထန်လာပြီး မြို့ပြဒေသတော်တော်များများမှာလည်း ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားနေတာ ဖြစ်ပါတယ်။

PDF ရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေလှူဒါန်းပေးကြတဲ့ ရိက္ခာထောက်ပံ့မှုတွေနဲ့ ချို့ချို့တဲ့တဲ့စားသောက်နေကြရပြီး စစ်ရေးအတွက်ကြိုးစားပြင်ဆင်နေကြတာပါ။

ရဲဘော်တွေခမျာမှာလည်း ပြည်သူတွေထောက်ပံ့ပေးကြတဲ့ ရိက္ခာလေးတွေနဲ့ လောက်ငှအောင်စားနေကြရသလို စစ်ရေးအခြေအနေတွေအတွက်လည်း လက်နက်အပြည့်အစုံတပ်ဆင်နိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

PDF တွေအနေနဲ့လည်း လက်နက်ပြည့်စုံနိုင်ဖို့သာလျှင် အဓိကအရေးကြီးတာကြောင့် ရိက္ခာတွေကို ချို့ချို့တဲ့တဲ့စားသောက်ကြရပြီး ထမင်းနပ်မမှန်တဲ့ အချိန်တွေပါရှိနေတာကိုတွေ့ရပါတယ်

ပြည်တွင်းရှိ လူငယ်တွေသာမက အင်တိုက်အားတိုက်ကြိုးစားပါဝင်နေသလို ပြည်ပရောက်နေကြတဲ့ လူငယ်တွေဟာလည်း အရေးတော်ပုံကြီးအတွက် လွတ်မြောက်နယ်မြေမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သင်ကြားနေကြတာလည်း ရှိပါတယ်။

စိတ်ဓာတ်ခွန်အားတွေနဲ့ အခက်အခဲတွေကို အားတင်းပြီး ကြုံလာသမျှကို ရင်ဆိုင်ဖြတ်ကျော်နေပေမယ့် လက်နက်ပစ္စည်း မလုံလောက်မှုတွေလည်း ရှိနေကြတာ တွေ့ရပါတယ်။

စစ်ကောင်စီကို ရရာလက်နက်ကိုင်စွဲပြီး ခုခံတိုက်ခိုက်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေဟာ လူအင်အားများပြားပေမယ့် လက်နက်အင်အား အလုံအလောက် မရှိကြပါဘူး။

ဒီပဲယင်းမြို့နယ်က PDF အဖွဲ့ဝင်တစ်ဦးရဲ့ မိခင်ကတော့ သူဝတ်ဆင်ထားတဲ့ နားကပ်ကို ရောင်းချပြီး

သားဖြစ်သူ တူမီးသေနတ်ကိုင်ဆောင်နိုင်ဖို့ ကူညီပံ့ပိုးခဲ့ပါတယ်။

သားဖြစ်သူကို ဘွဲ့ရပညာတတ်တစ်ယောက် ဖြစ်စေချင်ခဲ့တဲ့ လယ်ကူလီ မိခင်တစ်ဦးရဲ့ စိတ်ခံစားမှုတွေက ဘယ်လိုရှိပါသလဲ။ မခင်မိုးညိုက တင်ပြထားပါတယ်။

စားစရာမလုံလောက်တဲ့အခါ ရှိတာလေးစားပြီး အားတင်းထားသလို အိပ်စရာနဲ့ ဆေးဝါးအခက်အခဲတွေကို အကောင်းဆုံးသည်းခံပြီး ကြိုးစားနေပေမယ့်လည်း

လက်နက်ပစ္စည်း မလုံလောက်မှုတွေ ကတော့ တော်လှန်ရေးအတွက် တကယ်ကို အခက်တွေ့စေပါတယ်။

Video ကြည့်ရန်