ၾကားသိရသမွ်

သားစိုးထုတ်ဖော် ပြောပြလာတဲ့ ပရိသတ်ပြည်သူတွေ ခုထိမေ့မရနိုင်သော “တကယ် ဂေါ်တဲ့ ဘဲကြီး”အကြောင်း

(Zawgyiျဖင့္ ဖတ္ရန္)

ျပည္သူေတြ ဘယ္ေတာ့မွ မေမ့ႏိုင္ေသာ၊ ၪီးဇင္းဝတ္နဲ႔ ပ်ံလြန္ေတာ္မူသြားေသာ မင္းသားႀကီး ေက်ာ္ဟိန္းနဲ႔ ပတ္သက္ေသာ ..

ကိုယ္ေတြ့ အေၾကာင္းအရာတစ္ခုကို အဆိုေတာ္သားစိုးမွ အမ်ားျပည္သူ ပရိသတ္မ်ား သိရိွႏိုင္ေစရန္ အခုလို မွတ္မွတ္ရရ တမ္းတမ္းတတ ေျပာျပလာခဲ့ ပါတယ္။

အဆိုေတာ္သားစိုးက “ဘဝမွာအႀကိဳက္ဆံုး ျမန္မာမင္းသားကေက်ာ္ဟိန္းပဲ၊ စိန္ေဂၚလီဂိုဏ္း အေၾကာင္းေတြ၊ သဘာဝက်က် ဖ်င္ေျပာင္ႀကီးနဲ႔ ေရနံေခ်းသုတ္တာေတြ ..

ဒႆနသီခ်င္းေတြ ကြၽန္ေတာ္တို႔လူငယ္ဘဝကို အလႊမ္းမိုးႏိုင္ဆံုးထဲက တေယာက္ပါ၊ ဒီလိုနဲ႔ အႏုပညာေလာကထဲ ေရာက္ၿပီး တေန့ေတာ့

ဦးေက်ာ္က သီခ်င္းလာအပ္တယ္ ကြၽန္ေတာ္ဆီ လာတာပါ။ taxiနဲ႔ လာတာ ေဂၚတယ္ လူဘဝစံုစံုလင္လင္ သိခ်င္လို႔ taxiနဲ႔ေလ်ွာက္သြား တာတဲ့၊

သူနဲ႔ ခဏပဲ ဆံုျဖစ္ေပမယ့္ အမ်ားႀကီး သင္ေပးသြားတယ္.. အေပ်ာ္ဆံုးက ကြၽန္ေတာ္သီခ်င္းေတြ သူႀကိဳက္တယ္ နားေထာင္တယ္ဆိုတာနဲ႔တင္ လူက မိုးေပၚေရာက္ေနၿပီ။

အဲတုန္းက ေပ်ာ္လိုက္တာ ေက်ာ္ဟိန္းနဲ႔ ေတြ့ခြင့္ရတဲ့အျပင္ သူက သီခ်င္းအပ္ တာေလ၊သူက electronic ဂီတ ခုေခတ္အေခၚ EDMေပါ့။

အဲဒါလည္း အရမ္းႀကိဳက္ဆိုပဲ သူသီခ်င္းအပ္ၿပီး အဲတုန္းက ကြၽန္ေတာ္က ႏိုင္ငံျခား ျပန္ထြက္သြားေတာ့ သူနဲ႔အဆက္အသြယ္ ျပတ္သြားတယ္။

သူ႔အတြက္ လုပ္ေပးထားတဲ့ သီခ်င္းကေတာ့ ရိွတုန္းပဲ၊ ျပန္ေတာ့ ရွာရမယ္ သူလိုခ်င္တဲ့ ideaေတြ ေျပာျပသြားတာ အရမ္းမိုက္။

ေရလည္ေဂၚတဲ့ ဘဲႀကီးဗ်ာ အရမ္းလတ္ဆတ္တယ္ အေတြးအေခၚေတြ၊ သူဆံုးတယ္ ၾကားေတာ့ မ်က္ရည္ဝဲတယ္။ သူကေတာ့ ေလာကကို တရားျပရင္း ထြက္ခြာသြားႏွင့္တာ ေပါ့ေလ။

ေအာ္ၾကဴးလို အႏုပညာ ကေဝႀကီးေတြ အသက္ရွည္ပါ ေစလို႔ပဲ ဆုေတာင္းမိတယ္၊ ေရးရင္းနဲ႔ သူ႔သီခ်င္းေတြ ဖြင့္ျဖစ္ရင္း သူကိုလြမ္းရင္း”ဆိုၿပီးေတာ့

အဆိုေတာ္သားစိုးက သူ႔ရဲ့လူမႈကြန္ယက္ထက္မွာ လူတိုင္းေလးစား အားက်ရတဲ့ ႏိုင္ငံေက်ာ္ မင္းသားႀကီး ၪီးေက်ာ္ဟိန္းတစ္ေယာက္ သူ႔ဆီ စိုက္စိုက္ၿမိဳက္ၿမိဳက္ ေရာက္လာခဲ့ပံုေတြကို ေရးသား ေဖာ္ျပ လာခဲ့တာပဲ ျဖစ္ပါတယ္။

ပရိသတ္ႀကီးထဲမွာေကာ သဘာဝမင္းသားႀကီး အႏုပညာေမွာ္ ကေဝႀကီး ၪီးေက်ာ္ဟိန္းကို ယခုအခ်ိန္ထိ ေမ့မရတဲ့ သူေတြ ရိွေသးလား ေျပာေပးခဲ့ ၾကပါအံုးေနာ္။

(Unicodeဖြင့် ဖတ်ရန်)

ပြည်သူတွေ ဘယ်တော့မှ မမေ့နိုင်သော၊ ဦးဇင်းဝတ်နဲ့ ပျံလွန်တော်မူသွားသော မင်းသားကြီး ကျော်ဟိန်းနဲ့ ပတ်သက်သော ..

ကိုယ်တွေ့ အကြောင်းအရာတစ်ခုကို အဆိုတော်သားစိုးမှ အများပြည်သူ ပရိသတ်များ သိရှိနိုင်စေရန် အခုလို မှတ်မှတ်ရရ တမ်းတမ်းတတ ပြောပြလာခဲ့ ပါတယ်။

အဆိုတော်သားစိုးက “ဘဝမှာအကြိုက်ဆုံး မြန်မာမင်းသားကကျော်ဟိန်းပဲ၊ စိန်ဂေါ်လီဂိုဏ်း အကြောင်းတွေ၊ သဘာဝကျကျ ဖျင်ပြောင်ကြီးနဲ့ ရေနံချေးသုတ်တာတွေ ..

ဒဿနသီချင်းတွေ ကျွန်တော်တို့လူငယ်ဘဝကို အလွှမ်းမိုးနိုင်ဆုံးထဲက တယောက်ပါ၊ ဒီလိုနဲ့ အနုပညာလောကထဲ ရောက်ပြီး တနေ့တော့

ဦးကျော်က သီချင်းလာအပ်တယ် ကျွန်တော်ဆီ လာတာပါ။ taxiနဲ့ လာတာ ဂေါ်တယ် လူဘဝစုံစုံလင်လင် သိချင်လို့ taxiနဲ့လျှောက်သွား တာတဲ့၊

သူနဲ့ ခဏပဲ ဆုံဖြစ်ပေမယ့် အများကြီး သင်ပေးသွားတယ်.. အပျော်ဆုံးက ကျွန်တော်သီချင်းတွေ သူကြိုက်တယ် နားထောင်တယ်ဆိုတာနဲ့တင် လူက မိုးပေါ်ရောက်နေပြီ။

အဲတုန်းက ပျော်လိုက်တာ ကျော်ဟိန်းနဲ့ တွေ့ခွင့်ရတဲ့အပြင် သူက သီချင်းအပ် တာလေ၊သူက electronic ဂီတ ခုခေတ်အခေါ် EDMပေါ့။

အဲဒါလည်း အရမ်းကြိုက်ဆိုပဲ သူသီချင်းအပ်ပြီး အဲတုန်းက ကျွန်တော်က နိုင်ငံခြား ပြန်ထွက်သွားတော့ သူနဲ့အဆက်အသွယ် ပြတ်သွားတယ်။

သူ့အတွက် လုပ်ပေးထားတဲ့ သီချင်းကတော့ ရှိတုန်းပဲ၊ ပြန်တော့ ရှာရမယ် သူလိုချင်တဲ့ ideaတွေ ပြောပြသွားတာ အရမ်းမိုက်။

ရေလည်ဂေါ်တဲ့ ဘဲကြီးဗျာ အရမ်းလတ်ဆတ်တယ် အတွေးအခေါ်တွေ၊ သူဆုံးတယ် ကြားတော့ မျက်ရည်ဝဲတယ်။ သူကတော့ လောကကို တရားပြရင်း ထွက်ခွာသွားနှင့်တာ ပေါ့လေ။

အော်ကြူးလို အနုပညာ ကဝေကြီးတွေ အသက်ရှည်ပါ စေလို့ပဲ ဆုတောင်းမိတယ်၊ ရေးရင်းနဲ့ သူ့သီချင်းတွေ ဖွင့်ဖြစ်ရင်း သူကိုလွမ်းရင်း”ဆိုပြီးတော့

အဆိုတော်သားစိုးက သူ့ရဲ့လူမှုကွန်ယက်ထက်မှာ လူတိုင်းလေးစား အားကျရတဲ့ နိုင်ငံကျော် မင်းသာာားကြီး ဦးကျော်ဟိန်းတစ်ယောက် သူ့ဆီ စိုက်စိုက်မြိုက်မြိုက် ရောက်လာခဲ့ပုံတွေကို ရေးသား ဖော်ပြ လာခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးထဲမှာကော သဘာဝမင်းသားကြီး အနုပညာမှော် ကဝေကြီး ဦးကျော်ဟိန်းကို ယခုအချိန်ထိ မေ့မရတဲ့ သူတွေ ရှိသေးလား ပြောပေးခဲ့ ကြပါအုံးနော်။