ဓမ္မရံကြီး ဘုရားရဲ့ အနောက်ဘက် တောလမ်းမှာ အတွဲတစ်တွဲ ပြာပြာ ဟိုကြည့်ဒီကြည့်နဲ့ ချွေးတွေလဲပြန်နေလို့ မေးကြည့်လိုက်သောအခါ…











#baganlover

Unicode Version

အခုညနေ့ မြင်းလှည်းနဲ့ ဧည်သယ်ကို sunset ကုန်ပို့ပြီး အပြန် ဓမ္မရံကြီး ဘုရားရဲ့ အနောက်ဘက် တောလမ်းမှာ ပိုက်ဆံ အိပ်တစ်လုံးတွေ့တယ်…

ကျွန်တော်လဲ ပိုက်ဆံအိပ်ကို ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံတွေ အများကြီးပဲ ဒါနဲ့ ကျွန်တော်လဲ ဓာတ်ပုံရိုက်ထားတယ်..

အိမ်ရောက်ရင် Face Book တင်ပြီး ပိုင်ရှင်ကိုတွေ့ရင်ပြန်ပေးမယ်လို့ စဉ်းစားပြီး မောင်းလာခဲ့တာပေါ့…

ဇီးရိပ် အကြော်ဆိုင်နားရောက် တော့ E- Bike နဲ့ အတွဲတစ်တွဲ ပြာပြာ ဟိုကြည့် ဒီကြည့်နဲ့ ချွေးတွေလဲ ပြန်နေတာ့ သတိထားမိတာ

ဒါနဲ့ ကျွန်တော်လဲ အကိုရေ ဘာဖြစ်လို့လဲဗျ လို့မေးတော့ ပိုက်ဆံအိတ် ပျောက်လို့လိုက်ရှာနေတာတဲ့ ကျွန်တော်လဲ အကိုတို့

ပိုက်ဆံ အိပ်က ဘာရောင်လဲ လို့မေးလိုက်တော့ ကောင်မလေးက ပြောတယ်…

အစိမ်းရောင်တဲ့ ကျွန်တော်လဲ လှည်းပေါ်ကနေ ပြလိုက်တယ် ဒါလားဆိုတော့ ဟုတ်တယ်တဲ့ အဲ့ဒါနဲ့ ကျွန်တော်ပြန်ပေးလိုက်တယ်…

သူတို့ တော်တော်ပျော်သွားကြတယ် ကျွန်တော်ကို ကျေးဇူးတင်လို့ဆိုပီး မုန့်ဖိုး တစ်သောင်း ထုတ်ပေးသွားတယ်ဗျာ…

ဒီနေ့မြင်းလှည်း မောင်းလို့ရတာ ၈၀၀၀ ထောင်နဲ့ သူတို့ပေးတဲ့ မုန့်ဖိုးတစ်သောင်း နဲ့ဆို ၁၈၀၀၀ ရခဲ့တယ်

ဒီနေ့အတွက်တော့ သူတို့ လဲ အဆင်ပြေသွားတယ် ကျွန်တော်လဲ အဆင်ပြေတယ်…

#baganlover