ၾကားသိရသမွ်

မြဝတီမြို့နယ်မှာ မိုးရွာ၊ လေပြင်းတိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းနေထိုင်သူတွေ အခက်အခဲဖြစ်နေ

မြဝတီမြို့နယ်မှာ မိုးရွာ၊ လေပြင်းတိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းနေထိုင်သူတွေ အခက်အခဲဖြစ်နေ

မတ် ၂၀-၂၀၂၂

မြဝတီမြို့နယ်မှာ ဒီကနေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းပါတိုက်ခတ်ခဲ့တာကြောင့်

စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတွေ အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်စခန်းတွေဆီက သိရပါတယ်။

လေးကေ့ကော်ဒေသ စစ်ရှောင်စခန်းတွေမှာနေထိုင်သူတွေဟာ ဒီကနေ့ ညနေ သုံးနာရီကျော်က မိုးသည်းထန်စွာရွာသွန်းပြီး

လေပြင်းတိုက်ခတ်တာတွေကြောင့် တဲအိမ်တွေ ပျက်စီးသွားတဲ့အတွက် နေစရာမရှိဖြစ်နေတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

“မထင်ထားဘူးလေ မိုးရွာမယ်လို့၊ မုန်တိုင်းရှိတာတော့သိတယ် ဒီဘက်ပါမယ်မထင်လောက်ဘူး၊ အခုက

အိပ်စရာနေရာတောင်မရှိတော့ဘူး”လို့ သူကပြောပါတယ်။

မိုးရွာသွန်းမှုအပြင် လေပြင်းတိုက်ခတ်တာတွေပါ ဖြစ်

ခဲ့တာကြောင့် တောင်ကျရေတွေ စီးဆင်းတဲ့အပြင် မိုးရေဝင်ရောက်မှုကြောင့် ယာယီတဲတွေ ပျက်စီးပြီး

အဝတ်အစာတွေ မိုးရေစိုကုန်တယ်လို့ စစ်ဘေးရှောင်ကူညီသူတဦးက ပြောပါတယ်။

“အဝတ်အစားတွေရော စားနပ်ရိက္ခာတွေရော ဆေးဝါးတွေရော အကုန်ရေစိုကုန်တာ၊

အခု ပြန်မိုးပေးနေပေမယ့် ဘယ်အချိန်ထိ ရွာမလဲမသိတော့ ပိုစိုးရိမ်ရတယ်”လို့ သူကပြောပါတယ်။

လက်တလောမှာ စစ်ဘေးရှောင်တွေအတွက် မုန်တိုင်းဖြစ်လာရင် နေထိုင်ဖို့အတွက်

ခိုင်မာတဲ့အဆောက်အဦးတွေနဲ့စားနပ်ရိက္ခာ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ကူညီသူတွေဆီက သိရပါတယ်။

မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသမှာ ပြီးခဲ့တဲ့နှစ်က နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်း လူပေါင်း

ထောင်နဲ့ချီက တိုက်ပွဲနဲ့လွတ်ကင်းရာကို ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #လေးက့ကော် #လေပြင်းမိုးရွာ #စစ်ရှောင်တွေ #ခက်ခဲနေ

zawgyi,

ျမဝတီၿမိဳ႕နယ္မွာ မိုး႐ြာ၊ ေလျပင္းတိုက္မႈေၾကာင့္ စစ္ေဘးေရွာင္စခန္းေနထိုင္သူေတြ အခက္အခဲျဖစ္ေန

မတ္ ၂၀-၂၀၂၂

ျမဝတီၿမိဳ႕နယ္မွာ ဒီကေန႔ ညေနပိုင္းက မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေလျပင္းပါတိုက္ခတ္ခဲ့တာေၾကာင့္

စစ္ေဘးေရွာင္စခန္းမွာေနထိုင္သူေတြ အခက္အခဲနဲ႔ရင္ဆိုင္ေနရတယ္လို႔ စစ္ေရွာင္စခန္းေတြဆီက သိရပါတယ္။

ေလးေက့ေကာ္ေဒသ စစ္ေရွာင္စခန္းေတြမွာေနထိုင္သူေတြဟာ ဒီကေန႔ ညေန သုံးနာရီေက်ာ္က မိုးသည္းထန္စြာ႐ြာသြန္းၿပီး

ေလျပင္းတိုက္ခတ္တာေတြေၾကာင့္ တဲအိမ္ေတြ ပ်က္စီးသြားတဲ့အတြက္ ေနစရာမရွိျဖစ္ေနတယ္လို႔ စစ္ေရွာင္တဦးက ေျပာပါတယ္။

“မထင္ထားဘူးေလ မိုး႐ြာမယ္လို႔၊ မုန္တိုင္းရွိတာေတာ့သိတယ္ ဒီဘက္ပါမယ္မထင္ေလာက္ဘူး၊ အခုက

အိပ္စရာေနရာေတာင္မရွိေတာ့ဘူး”လို႔ သူကေျပာပါတယ္။

မိုး႐ြာသြန္းမႈအျပင္ ေလျပင္းတိုက္ခတ္တာေတြပါ ျဖစ္

ခဲ့တာေၾကာင့္ ေတာင္က်ေရေတြ စီးဆင္းတဲ့အျပင္ မိုးေရဝင္ေရာက္မႈေၾကာင့္ ယာယီတဲေတြ ပ်က္စီးၿပီး

အဝတ္အစာေတြ မိုးေရစိုကုန္တယ္လို႔ စစ္ေဘးေရွာင္ကူညီသူတဦးက ေျပာပါတယ္။

“အဝတ္အစားေတြေရာ စားနပ္ရိကၡာေတြေရာ ေဆးဝါးေတြေရာ အကုန္ေရစိုကုန္တာ၊

အခု ျပန္မိုးေပးေနေပမယ့္ ဘယ္အခ်ိန္ထိ ႐ြာမလဲမသိေတာ့ ပိုစိုးရိမ္ရတယ္”လို႔ သူကေျပာပါတယ္။

လက္တေလာမွာ စစ္ေဘးေရွာင္ေတြအတြက္ မုန္တိုင္းျဖစ္လာရင္ ေနထိုင္ဖို႔အတြက္

ခိုင္မာတဲ့အေဆာက္အဦးေတြနဲ႔စားနပ္ရိကၡာ အဝတ္အထည္ေတြ လိုအပ္ေနတယ္လို႔ ကူညီသူေတြဆီက သိရပါတယ္။

ျမဝတီၿမိဳ႕နယ္၊ ေလးေက့ေကာ္ေဒသမွာ ၿပီးခဲ့တဲ့ႏွစ္က ႏွစ္ဖက္တိုက္ပြဲေတြျဖစ္ပြားၿပီးေနာက္ပိုင္း လူေပါင္း

ေထာင္နဲ႔ခ်ီက တိုက္ပြဲနဲ႔လြတ္ကင္းရာကို ထြက္ေျပးတိမ္းေရွာင္ေနရတာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေလးက့ေကာ္ #ေလျပင္းမိုး႐ြာ #စစ္ေရွာင္ေတြ #ခက္ခဲေန