မိုးေလ၀သ

အာစနီ ဆိုင်ကလုံးမုန်တိုင်း စတင်ဝင်ရောက် တော့မယ့် ဒေသတွေကို အတိကျ ကြေညာလိုက်တဲ့ မိုးလေဝသ ဆရာမလေး စုစုစံ

အာစနီ ဆိုင်ကလုံးမုန်တိုင်း စတင်ဝင်ရောက် တော့မယ့် ဒေသတွေကို အတိကျ ကြေညာလိုက်တဲ့ မိုးလေဝသ ဆရာမလေး စုစုစံ

အာစနီ မုန်တိုင်းဝင်မယ်။ (၂၀၂၂) မတ်လ (၂၁) ရက်နေ့ည (၂၂) ရက်နေ့ မနက်တွင် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်း နှင့်မော်တင်ကြား မုန်တိုင်းစတင်ဝင်ရောက်နိုင်ပါတယ်။ ရေလှိုင်းအမြင့် (၉) ပေ မှ (၁၂) ပေအထိရှိနိုင်ပြီး တစ်နာရီလေတိုက်ခတ်နှုန်း (၅၀) မိုင်ခန့် တိုက်လေပြင်းထန်ချိန် (၆၀) မိုင်အထိ တိုက်ခတ်နိုင်ပါတယ် Asani cyclone ဝင်ရောက်တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်သဖြင့် ရေကြီးနစ်မြုပ်နိုင်မှုတွေ ရှိလာနိုင်ပါတယ်။

(ခန့်မှန်းချိန် 20 3 2022 ရက်နေ့ နေ့လည် ၂ နာရီ ၈မိနစ်) (၂၀၂၂) မတ်လ (၂၂) ရက်နေ့ ညနှင့် (၂၃) ရက်နေ့တွေမှာ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ ရေနံချောင်း၊ ချောက်၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ စကု၊ ကျောင်းတော်ရာ၊ ကုန်းဇောင်း၊ မြစ်ခြေ၊ ပခုက္ကူ၊ ညောင်ဦး၊ ငါ့သရောက်၊ ဆည်ရွာ၊ ကျောဇီ၊ တစ်မိုက်သာ၊ ဆင်တဲဝ၊ ဝဲလောင်၊ တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီး၊ မြစ်သား၊ ကူမဲ၊ ဟံမြင်းမိုလ်၊ ကျောက်ဆည်၊ တံတားဦး၊ အမရပူရ၊ မန္တလေး၊ မတ္တရာ၊ ပုသိမ်ကြီး၊ အုန်းချော၊ အနီးစခန်း၊ ပြင်ဦးလွင် အပူလျော့မိုးတွေရွာမယ်လေ။ (ခန့်မှန်းချိန် ၂၀ ၃၂၀၂၂ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်) မုန်တိုင်းအဆင့် မဖြစ်နိုင်ဘူး ဆိုတဲ့သူတွေ သိဖို့ပါ ပုံမှာ ဖော်ပြထားတာကတော့ india meteorological department (IMD) အိန္ဒိယမိုးလေဝသကြီးက ထုတ်ပြန်ချက်ဖြစ်ပါတယ်။ (၂၀၂၂) မတ်လ (၂၁) (12:00) UTC မြန်မာအချိန် ညနေ (၆) နာရီခွဲမှာ 35kts လေတိုက်နှုန်းဖြင့် CS မုန်တိုင်းအဆင့်ရောက်ရှိလာမယ်လို့ ဖော်ပြထားပါတယ်။ ပြည်သူတွေ မပေါ့ကြပါနဲ့။ အဆင့်မြင့် မိုးလေဝသဂြိုလ်တုတွေကနေ့ အချိန်ပြည့် စောင့်ကြည့်ထောက်လှမ်းပေးနေပါတယ်။ update forecast ခန့်မှန်းချက်တွေကို အချိန်နှင့်တပြေးညီ ခန့်မှန်းပေးသွားပါမယ်။ (၂၀၂၂) မတ်လ (၂၂) ရက်နေ့ ညနှင့် (၂၃) ရက်နေ့ အမ်းတောင်ကြားလမ်းပိုင်း၊ မကွေး၊ မင်းဘူး၊ ပဒါန်း၊ အမ်း၊ တောင်ကုတ်၊ သံတွဲလမ်းပိုင်း အာစနီမုန်တိုင်းကြောင့် ရာသီဥတု ဆိုးရွားနိုင်ပါတယ်။ ခရီးသွားမော်တင်ယာဥ်များ ကုန်တင်ယာဥ်ကြီးများ မိုးကြီးလေထန်ခြင်း၊ မြင်ကွင်းမကြည်လင်ခြင်း၊ တောင်ပြိုခြင်း၊ အန္တရာယ်ရှိပါတယ်။ မသွားသင့်ပါဘူး။ ဘေးကင်းလုံခြုံပြီး စားနပ်ရိက္ခာအသင့်ရှိတဲ့ စားသောက်ဆိုင်စခန်းတွေမှာ ရပ်နားနေသင့်ပါတယ်။

(ခန့်မှန်းချိန် ၂၀ ၃ ၂၀၂၂ ရက်နေ့ မနက် ၁၁ နာရီ ၁၆ မိနစ်) မြန်မာနိုင်ငံကိုမုန်တိုင်းဝင်ရောက်မယ်လို့ ကြိုတင်ခန့်မှန်းပေးခဲ့တဲ့အတိုင်းနောက် (၂၄) နာရီအတွင်း TS အဆင့် အာစနီမုန်တိုင်း ဖြစ်ပေါ်လာပြီး ဧရာဝတီတိုင်းအနောက်ပိုင်း နှင့်ရခိုင်ပြည်နယ် တောင်ပိုင်းကို မတ်လ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အတွင်း ဝင်ရောက်တိုက်ခတ်ပါမယ်။ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ် မိုးကြီးရေလျှံနိုင်ပါတယ်။ ရက်ဝေး ကြိုတင်သတိပေးခဲ့ပြီး ဖြစ်လို့ ပျက်စီးမှုမရှိအောင် စီမံခန့်ခွဲလုပ်ဆောင်ပြီး ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေ နေ့ ည မပြတ် စောင့်ကြည့်ထောက်လှမ်းကာ weather data အချက်အလက်များဝယ်ယူပြီး အချိန်နှင့်တပြေးညီ ခန့်မှန်းပေးနေပါမယ်။ ချစ်ရတဲ့မြန်မာပြည်အပေါင်းတို့ရေ… (ခန့်မှန်းချိန် ၂၀ ၃ ၂၀၂၂ ရက်နေ့ မနက် ၉ နာရီ ၃၆ မိနစ်) အာစနီမုန်တိုင်း အန္တရာယ်နဲ့ မိုးကို (၁၀) ရက် ကြိုတင်ခန့်မှန်းပေးခဲ့ပြီး ဖြစ်ပါတယ်။ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တွေမှာမိုးတွေရွာပါလိမ့်မယ်။

အချိန်နဲ့ တပြေးညီ မိုးလေဝသခန့်မှန်းချက် update forecast တွေကို တင်ပေးနေပါမယ်။ အိပ်ချိန်အလွန်နဲလို့ သတ်ပုံစာသားမှားရင်တော့ နားလည်ပေးကြပါ။ ခန့်မှန်းချက်တော့ မှားလိမ့်မည် မဟုတ်ပါဘူးနော်။ (ခန့်မှန်းချိန် ၂၀ ၃ ၂၀၂၂ရက်နေ့ မနက် ၉ နာရီ ၃ မိနစ်)

စုစုစံ (မိုးလေဝသ ပညာရှင် ဆရာမလေး)