မိုးေလ၀သ

မြန်မာနိုင်ငံဘက် ဦးတည် တိုက်ခတ်မှာ သေချာသွားတဲ့ မုန်တိုင်းငယ် နောက်ဆုံးရ အခြေအနေ

မြန်မာနိုင်ငံဘက် ဦးတည် တိုက်ခတ်မှာ သေချာသွားတဲ့ မုန်တိုင်းငယ် နောက်ဆုံးရ အခြေအနေ

မုန်တိုင်းငယ် (Depression) ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေဖြစ်လို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ကြောင်း မိုးဇလဌာနက မတ်လ ၂၀ ရက် ဒီကနေ့ညမှာ ထုတ်ပြန်ကြေညာပါတယ်။

မုန်တိုင်းငယ်ဟာ နောက် ၂၄ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ လည်းကောင်း၊ နောက် ၃၆ နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါမုန်တိုင်းငယ်ဟာ မတ်လ ၂၁ ရက် ညပိုင်းမှာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီး သို့လည်းကောင်း ၂၂ ရက် မနက်ပိုင်းမှာ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးသို့ လည်းကောင်း၊ ၂၂ ရက် ညပိုင်းမှာ ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်း ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ဟာ ဗဟိုချက် လေဖိအား (၁၀၀၂) ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀) နှုန်းခန့် ရှိနိုင်ပါတယ်။ အဲ့ဒီမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီကနေ့နေ့ညနေ ကနေ မတ်လ (၂၂) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်ကတော့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၉)ပေကနေ (၁၂)ပေဝန်းကျင်အထိ ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် သင်္ဘောတွေ ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားပါတယ်။

မုန်တိုင်းငယ်ဟာ မတ်လ ၂၂ ရက်မှာ မူလလမ်းကြောင်းမှ သွေဖီပြီး လမ်းကြောင်း ပြောင်းလဲနိုင်တဲ့ အခြေအနေတစ်ရပ် ရှိလာနိုင်ပြီး မြစ်ဝကျွန်းပေါ်ဒေသကို ဦးတည် ဖြတ်ကျော်နိုင်ခြေရှိလို့ ဒေသခံများ သထိထားသင့်တယ်လို့ NUG အစိုးရကလည်း ထုတ်ပြန်ထားပါတယ်။ မူလခန့်မှန်းလမ်းကြောင်း အတိုင်း ရွေ့လျားမည်ဆိုပါကလည်း မော်တင်စွန်း ထိပ်ကို ဖြတ်ကျော်ချိန်တွင် မုန်တိုင်းဒီရေဟာ ၅ ပေမှ ၆ ပေခန့်အထိ မြင့်တက်နိုင်ပြီး အလားတူ ရခိုင်ကမ်းရိုးတန်းအတွက် မတ်လ ၂၃ ရက်၊ ကမ်းဖြတ်ချိန်မှာ မုန်တိုင်းဒီရေ ၅ ပေခန့် မြင့်တက်နိုင်ပါကြောင်း သတိပေးကြေညာထားပါတယ်

ျမန္မာနိုင္ငံဘက္ ဦးတည္ တိုက္ခတ္မွာ ေသခ်ာသြားတဲ့ မုန္တိုင္းငယ္ ေနာက္ဆုံးရ အေျခအေန

မုန္တိုင္းငယ္ (Depression) ရဲ့ လက္ရွိအေျခအေနမွာ ျမန္မာနိုင္ငံဘက္သို႔ ဦးတည္ေရြ႕လ်ားမယ့္ အေျခအေနျဖစ္လို႔ လိေမၼာ္ေရာင္အဆင့္ သတ္မွတ္ေၾကာင္း မိုးဇလဌာနက မတ္လ ၂၀ ရက္ ဒီကေန႔ညမွာ ထုတ္ျပန္ေၾကညာပါတယ္။

မုန္တိုင္းငယ္ဟာ ေနာက္ ၂၄ နာရီအတြင္း အားေကာင္းေသာ မုန္တိုင္းငယ္ (Deep Depression) အျဖစ္သို႔ လည္းေကာင္း၊ ေနာက္ ၃၆ နာရီအတြင္းဆိုင္ကလုန္းမုန္တိုင္း (Cyclonic Storm) အျဖစ္သို႔ ေရာက္ရွိနိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

အဆိုပါမုန္တိုင္းငယ္ဟာ မတ္လ ၂၁ ရက္ ညပိုင္းမွာ ျမန္မာနိုင္ငံ၊ ကိုကိုးကၽြန္းအနီး သို႔လည္းေကာင္း ၂၂ ရက္ မနက္ပိုင္းမွာ ဧရာဝတီတိုင္း၊ ဟိုင္းႀကီးကၽြန္းအနီးသို႔ လည္းေကာင္း၊ ၂၂ ရက္ ညပိုင္းမွာ ရခိုင္ကမ္းရိုးတန္းအနီးသို႔လည္းေကာင္း ေရာက္ရွိနိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

မုန္တိုင္းငယ္ဟာ ဗဟိုခ်က္ ေလဖိအား (၁၀၀၂) ဟက္တိုပါစကယ္နဲ႔ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလၽွင္ (၃၅) မိုင္မွ မိုင္ (၄၀) ႏႈန္းခန႔္ ရွိနိုင္ပါတယ္။ အဲ့ဒီမုန္တိုင္းငယ္ရဲ့ အရွိန္ေၾကာင့္ ဒီကေန႔ေန႔ညေန ကေန မတ္လ (၂၂) ရက္ေန႔အတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာစိပ္စိပ္မွ ေနရာအႏွံ့အျပား မိုးထစ္ခ်ဳန္းရြာၿပီး၊ တခ်ိဳ႕ေဒသေတြမွာ ေဒသအလိုက္နဲ႔ ေနရာကြက္ၿပီး မိုးႀကီးနိုင္တယ္လို႔ ဆိုပါတယ္။

ျမန္မာ့ကမ္းရိုးတန္းတစ္ေလၽွာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာလည္း ရံဖန္ရံခါ မိုးသက္ေလျပင္းေတြက်ေရာက္ၿပီး လွိုင္းႀကီးနိုင္သလို မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလဟာ တစ္နာရီကို မိုင္ (၄၀)အထိ တိုက္ခတ္နိုင္ပါတယ္။ လွိုင္းအျမင့္ကေတာ့ ျမန္မာ့ကမ္းရိုးတန္းတစ္ေလၽွာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ (၉)ေပကေန (၁၂)ေပဝန္းက်င္အထိ ရွိနိုင္တယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

မုန္တိုင္း အရွိန္ေၾကာင့္ မိုးရြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္းမ်ား ျဖစ္ေပၚနိုင္ပါသျဖင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကဖို႔နဲ႔ ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္းရိုးတန္း တစ္ေလၽွာက္ႏွင့္ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္ သေဘၤာေတြ ႀကိဳတင္သတိျပဳနိုင္ပါရန္ အသိေပးႏွိုးေဆာ္ထားပါတယ္။

မုန္တိုင္းငယ္ဟာ မတ္လ ၂၂ ရက္မွာ မူလလမ္းေၾကာင္းမွ ေသြဖီၿပီး လမ္းေၾကာင္း ေျပာင္းလဲနိုင္တဲ့ အေျခအေနတစ္ရပ္ ရွိလာနိုင္ၿပီး ျမစ္ဝကၽြန္းေပၚေဒသကို ဦးတည္ ျဖတ္ေက်ာ္နိုင္ေျခရွိလို႔ ေဒသခံမ်ား သထိထားသင့္တယ္လို႔ NUG အစိုးရကလည္း ထုတ္ျပန္ထားပါတယ္။ မူလခန္႔မွန္းလမ္းေၾကာင္း အတိုင္း ေရြ႕လ်ားမည္ဆိုပါကလည္း ေမာ္တင္စြန္း ထိပ္ကို ျဖတ္ေက်ာ္ခ်ိန္တြင္ မုန္တိုင္းဒီေရဟာ ၅ ေပမွ ၆ ေပခန္႔အထိ ျမင့္တက္နိုင္ၿပီး အလားတူ ရခိုင္ကမ္းရိုးတန္းအတြက္ မတ္လ ၂၃ ရက္၊ ကမ္းျဖတ္ခ်ိန္မွာ မုန္တိုင္းဒီေရ ၅ ေပခန္႔ ျမင့္တက္နိုင္ပါေၾကာင္း သတိေပးေၾကညာထားပါတယ္