May
Unicode
အမြဲလိုလိုပြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ မိန်းကလေးတွေအနေနဲ့ ခေတ်နဲ့အမီလိုက်နိုင်ဖို့အတွက် အရည်အချင်းရှိနေရင်၊ ထက်မြက်နေရင်လုံလောက်ပြီလို့မထင်လိုက်ပါနဲ့။ မိန်းကလေးတစ်ယောက်အတွက် လိုအပ်လာတဲ့အရည်အချင်းတွေထဲမှာ ဒီအချက်တွေလည်း ပါဝင်နေပါသေးတယ်။
၁။ တက်ကြွလန်းဆန်းနေတဲ့ပုံစံ
မိန်းကလေးတစ်ယောက်အနေနဲ့ အလုပ်မှာ၊ ကျောင်းမှာ၊ အိမ်မှာ စသဖြင့် ဘယ်နေရာမှာပဲဖြစ်ဖြစ် ပျင်းရိလေးလံနေတဲ့ပုံစံမျိုးမနေသင့်ပါဘူး။ တက်ကြွလန်းဆန်းတဲ့ပုံစံမျိုး နေထိုင်သင့်ပါတယ်။
၂။ အလုပ်လုပ်ဖို့မတွန့်ဆုတ်ခြင်း
အလုပ်လုပ်ရာမှာ ငါကမိန်းကလေးပဲမလုပ်နိုင်ဘူး၊ ငါနဲ့မဆိုင်ဘူးဆိုတာမျိုးတွေ မရွိဘဲ စိတ်အားထက်သန်စွာလုပ်ပါ။ ဒါမွ နယ်ပယ်တိုင်းမှာ ကျွမ်းဝင်လာပြီး ခေတ်နောက်ကျမကျန်ခဲ့မှာပါ။
၃။ သင့်တင့်တဲ့ပြင်ဆင်မှု
အလုပ်မအားလို့၊ အချိန်မရှိလို့၊ အလှအပကိုစိတ်မဝင်စားလို့ဆိုပြီး မပြင်မဆင်နဲ့ဖြစ်သလိုမနေပါနဲ့။ မိန်းကလေးတစ်ယောက်အနေနဲ့ သင့်တင့်တဲ့မိတ်ကပ်ပြင်ဆင်မှု၊ အဝတ်အစားဆင်ယင်မှုတို့ ရှိရပါမယ်။
၄။ မိမိကိုယ်ကိုလေးစား၊တန်ဖိုးထားခြင်း
မိန်းကလေးတွေအနေနဲ့ တခါတရံမွာ ကိုယ့်ကိုယ်ကိုမလေးစားတာ၊ ကိုယ့်တန်ဖိုးကိုချတာက ကိုယ်ကိုယ်တိုင်ပဲဖြစ်နေတတ်ပါတယ်။ ကိုယ့်ရဲ့အနေအထိုင်၊ အပြုအမူတွေက ဒါကိုဆုံးဖြတ်ပေးနိုင်တာကြောင့် ဆင်ခြင်ပြီးနေထိုင်ပြုမူသင့်ပါတယ်။
၅။ ကိုယ်၊နှုတ် အမူအရာယဉ်ကျေးခြင်း
ကိုယ်၊နှုတ် အမူအရာယဉ်ကျေးတာဟာ အဆင့်အတန်းရှိကြောင်းပြသတာပါ။ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပြောဆိုပြီး ကိုယ့်ကိုယ်ကိုအရမ်းမိုက်တယ်ထင်နေရင် ဒါကိုချက်ချင်းပြုပြင်ဖို့ကြိုးစားပါ။ ယဉ်ကျေးစွာပြောဆိုတာက သင့်ကိုအဆင့်အတန်းမြင့်တဲ့မိန်းကလေးတစ်ယောက်ဖြစ်စေပါတယ်။
၆။ သူတစ်ပါးကိစ္စတွေမှာဝင်မစွက်ဖက်ခြင်း
မိန်းကလေးတို့သဘာဝ အရာရာကိုစပ်စုလိုတယ်၊ စူးစမ်းချင်ကြတယ်။ ဒါပေမယ့် သူတစ်ပါးကိစ္စတွေမှာ ဝင်စွက်ဖက်တာကတော့ မလုပ်သင့်ပါဘူး။ သူများအကြောင်းတွေစိတ်ဝင်စားပြီး ဝင်စွက်ဖက်တာက သင့်ကိုတန်ဖိုးနိမ့်ကျစေပါတယ်။ ဒါကြောင့် ဒီအချက်လေးကိုလည်းသတိထားဆင်ခြင်ဖို့လိုပါတယ်။
May