တကယ္ခ်စ္တယ္ဆိုရင္ သူမွားေနရင္ေတာင္မွလက္ခံနားလည္ ေပးရမွာပဲ။
ခ်စ္သူ/ရည္းစားရယ္လို႔ ျဖစ္လာၿပီဆိုရင္တစ္ေယာက္သိကၡာကို တစ္ေယာက္ကကာကြယ္ေပးရမယ္။ အပုပ္မခ်သင့္ဘူး။
လူတိုင္းဟာ အတၱသမားခ်ည္းပဲ။သူ႔အတၱကို ထိပါးလာတာ လူတိုင္းမႀကိဳက္ၾကဘူး။
ေပါင္းသင္းဆက္ဆံေရးမွာ ဒီအခ်က္ကသိပ္အေရးႀကီးတယ္။ဆိုပါေတာ့… ေထာင္က်ေနတဲ့ လူေတြကိုခင္ဗ်ားမွားတယ္လို႔ သြားေျပာရင္ဘာျပန္ေျပာမယ္ထင္လဲ။
“တကယ္က ကြၽန္ေတာ္ လူမွားၿပီး တရားစြဲခံခဲ့ရတာပါ”“တရားသူႀကီးက လာဒ္စားလို႔ပါ”
“ကြၽန္ေတာ္ ဘုရားမႀကိဳက္တာ မလုပ္ခဲ့ပါဘူး”ဆိုတဲ့အေျဖပဲ ေပးၾကလိမ့္မယ္။လူ၁၀၀မွာ ၈၀ေလာက္က ဝန္ခံရဲၾကမွာ မဟုတ္ဘူး။
ဒါဟာ ဘာလို႔လဲဆိုေတာ့ လူတိုင္းဟာ မိမိအတၱကို မိမိကာကြယ္ခ်င္တဲ့စိတ္ရွိလို႔ပဲေပါ့။ခ်စ္သူ/ ရည္းစား အခ်င္းခ်င္း ကြယ္ရာမွာတစ္ေယာက္ကိုတစ္ေယာက္ မေကာင္းေၾကာင္းေျပာဆိုေနရင္ ဒါဟာ တကယ္ခ်စ္တာမဟုတ္ဘူးလို႔ယူဆလို႔ရပါတယ္။
ခ်စ္ေနဆဲအခ်ိန္မွာၿမဳံထားၾကေပမယ့္ ျပႆနာျဖစ္ၾကတဲ့အခါအခ်င္းခ်င္း ငယ္က်ိဳးငယ္နာေတြ ေဖာ္ၾကမယ္ဆိုရင္ဘယ္မွာ ၿငိမ္းေအးမႈ ရွိပါေတာ့မလဲ။အမွားကင္းတဲ့ လူရယ္လို႔ ဒီေလာကမွာ မရွိဘူး။သူလည္းမွားသလို ကိုယ္လည္းမွားမွာပဲေလ။ဒါကို နားလည္သေဘာေပါက္ထားရမယ္။
ကြယ္ရာမွာ အခ်င္းခ်င္း ေဝဖန္အပုပ္ခ်ေနတဲ့ခ်စ္သူ/ရည္းစားေတြက ၿမဲမယ္လို႔ထင္သလား။
မၿမဲပါဘူးဗ်ာ။ တစ္ေယာက္တည္းေနခဲ့တုန္းကအေကာင္း…သူနဲ႔ေပါင္းကာမွ ကိုယ့္သိကၡာက်ရမယ္ဆိုရင္ဘယ္သူက ဆက္ေပါင္းခ်င္ပါေတာ့မလဲ။
သေဘာကေတာ့ ႐ိုးရွင္းပါတယ္။ကိုယ္တကယ္ခ်စ္ရင္ သူ႔ဘဝကို နားလည္ေပး လိုက္။နားလည္မေပးႏိုင္ရင္ မခ်စ္နဲ႔ေပါ့။ဘယ္သူမွ ခ်စ္ပါလို႔ အတင္းအက်ပ္မေတာင္းဆိုပါဘူး။
ခ်စ္တတ္ၾကပါေစ…
ဖိုးသူေတာ္ (www.phothutaw.com)
Credit:my idol U Ko
# Unicode Version # ျဖင့္ ဖတ္ပါ #
တကယ်ချစ်တယ်ဆိုရင် သူမှားနေရင်တောင်မှလက်ခံနားလည် ပေးရမှာပဲ။
ချစ်သူ/ရည်းစားရယ်လို့ ဖြစ်လာပြီဆိုရင်တစ်ယောက်သိက္ခာကို တစ်ယောက်ကကာကွယ်ပေးရမယ်။ အပုပ်မချသင့်ဘူး။
လူတိုင်းဟာ အတ္တသမားချည်းပဲ။သူ့အတ္တကို ထိပါးလာတာ လူတိုင်းမကြိုက်ကြဘူး။
ပေါင်းသင်းဆက်ဆံရေးမှာ ဒီအချက်ကသိပ်အရေးကြီးတယ်။ဆိုပါတော့… ထောင်ကျနေတဲ့ လူတွေကိုခင်ဗျားမှားတယ်လို့ သွားပြောရင်ဘာပြန်ပြောမယ်ထင်လဲ။
“တကယ်က ကျွန်တော် လူမှားပြီး တရားစွဲခံခဲ့ရတာပါ”“တရားသူကြီးက လာဒ်စားလို့ပါ”
“ကျွန်တော် ဘုရားမကြိုက်တာ မလုပ်ခဲ့ပါဘူး”ဆိုတဲ့အဖြေပဲ ပေးကြလိမ့်မယ်။လူ၁၀၀မှာ ၈၀လောက်က ဝန်ခံရဲကြမှာ မဟုတ်ဘူး။
ဒါဟာ ဘာလို့လဲဆိုတော့ လူတိုင်းဟာ မိမိအတ္တကို မိမိကာကွယ်ချင်တဲ့စိတ်ရှိလို့ပဲပေါ့။ချစ်သူ/ ရည်းစား အချင်းချင်း ကွယ်ရာမှာတစ်ယောက်ကိုတစ်ယောက် မကောင်းကြောင်းပြောဆိုနေရင် ဒါဟာ တကယ်ချစ်တာမဟုတ်ဘူးလို့ယူဆလို့ရပါတယ်။
ချစ်နေဆဲအချိန်မှာမြုံထားကြပေမယ့် ပြဿနာဖြစ်ကြတဲ့အခါအချင်းချင်း ငယ်ကျိုးငယ်နာတွေ ဖော်ကြမယ်ဆိုရင်ဘယ်မှာ ငြိမ်းအေးမှု ရှိပါတော့မလဲ။အမှားကင်းတဲ့ လူရယ်လို့ ဒီလောကမှာ မရှိဘူး။
သူလည်းမှားသလို ကိုယ်လည်းမှားမှာပဲလေ။ဒါကို နားလည်သဘောပေါက်ထားရမယ်။
ကွယ်ရာမှာ အချင်းချင်း ဝေဖန်အပုပ်ချနေတဲ့ချစ်သူ/ရည်းစားတွေက မြဲမယ်လို့ထင်သလား။
မမြဲပါဘူးဗျာ။ တစ်ယောက်တည်းနေခဲ့တုန်းကအကောင်း…သူနဲ့ပေါင်းကာမှ ကိုယ့်သိက္ခာကျရမယ်ဆိုရင်ဘယ်သူက ဆက်ပေါင်းချင်ပါတော့မလဲ။
သဘောကတော့ ရိုးရှင်းပါတယ်။ကိုယ်တကယ်ချစ်ရင် သူ့ဘဝကို နားလည်ပေး လိုက်။နားလည်မပေးနိုင်ရင် မချစ်နဲ့ပေါ့။ဘယ်သူမှ ချစ်ပါလို့ အတင်းအကျပ်မတောင်းဆိုပါဘူး။
ချစ်တတ်ကြပါစေ…
ဖိုးသူတော် (www.phothutaw.com)
Credit:my idol U Ko