မျက်နှာပြောင်တဲ့ ချစ်သူမိန်းခလေးကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးတွေရဲ့ အားသာချက် (5) ချက်
သင့်ချစ်သူ ကောင်မလေးဟာ အမြဲတမ်း ရယ်စရာ ဟာသတွေ ပြောပြီး မျက်နှာပြောင် တတ်သူ တစ်ယောက်ဟုတ်တယ် ဆိုရင်တော့ သင်ဟာ ကံအကောင်းဆုံး လူသား တစ်ယောက်ပါ။
ယောင်္ကျားလေး ဆန်ပြီး ဟာသဉာဏ် ထူးကဲတဲ့ ကောင်မလေးတွေဟာ သူတို့ရဲ့ ချစ်သူအပေါ်မှာ ယုံကြည်စိတ် အပြည့်အ၀ ရှိတဲ့အပြင် ဘဝခရီး တစ်ခုလုံးကိုပါ သင်နှင့် အတူ ဖြတ်သန်းဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ကြ ပါတယ်။
ဒါကြောင့် ဒီလို ကောင်မလေးတွေကို ပိုင်ဆိုင် ထားခွင့် ရတဲ့ ဘော်ဒါတို့အတွက် ဘယ်အချက်တွေဟာ ကံကောင်းစေလဲ ဆိုတာ ဖော်ပြ လိုက်ရ ပါတယ် ။
ဉာဏ်ကောင်းတတ်ကြတယ်
ဒီလို ကောင်မလေးတွေဟာ သာမန်ထက် ထက်မြက်ထူး ကဲတဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်တတ်ကြပါတယ်။ သူတို့ဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဘယ်လို ပျော်ရွှင်အောင် လုပ်မလဲဆိုတာ အမြဲ တွေးတောနေ တတ်ကြ သူမျိုးဖြစ်ပြီး ဖြူစင် ရိုးသားမှုကို အရမ်း ခုံမင် တတ်ကြ ပါတယ်။
ပဲမများတတ်ကြဘူး
အချို့သော ကောင်မလေး တွေဟာ ရုပ်ပိုင်းဆိုင်ရာ အလှအပတွေကို အထူးအာရုံ စိုက်ပြီး တစ်ဖက်သားက မိမိအပေါ် တစ်မျိုးမြင်မှာ စိုးလို့ တမင်လုပ်ယူ ထားတဲ့ အမူအယာတွေနဲ့ ဟန်ဆောင်တတ်လေ့ ရှိပါတယ်။ မျက်နှာပြောင်တဲ့ ကောင်မလေးတွေ ကတော့ ဒါတွေကို နိုးပါ ။ ပွင့်ပွင့်လင်းလင်းနဲ့ အားလုံးကို အရင်းအတိုင်း ပြောဆို ဆက်ဆံပြီး ရုပ်ပိုင်းဆိုင်ရာ အလှအပတွေကိုလည်း လိုတာထက်ပိုပြီး ဂရုမစိုက် တတ်ကြ ပါဘူး။
ယုံကြည်မှု ပြည့်ဝကြတယ်
လူအများကြားထဲမှာ ရှက်ရွံ ကြောက်ရွံ့တာမျိုး လုံးဝမရှိပဲ ပြောဆို လုပ်ကိုင်စရာ ရှိတာတွေကို ရဲရဲဝံ့ဝံ့ လုပ်ဆောင် တတ်ကြ ပါတယ်။ သူမရဲ့ ချစ်သူ ၊ သူငယ်ချင်းတွေ အပေါ်လည်း ယုံကြည်မှု အပြည့်အ၀ ထားတတ်ပြီး အရင်းနှီးဆုံးအဖြစ် နွေးထွေးစွာ ဆက်ဆံ တတ် ကြပါတယ်။
တန်းတူညီမျှ အခွင့်အရေးကို လေးစားတယ်
သူမဟာ ကောင်မလေးဖြစ်လို့ သူ့ချစ်သူ ကောင်လေး အပေါ်မှာ အမြဲချွဲနွဲ့ မှီခိုနေတတ်မယ့် လူမျိုး မဟုတ်ပါဘူး။ ပြသနာ အခက်အခဲ မှန်သမျှကို
အတူတကွ ရင်ဆိုင်ကျော်ဖြတ်ဖို့ ဆုံးဖြတ်ထ ားတတ်ပြီး သင်လိုအပ်တဲ့ အကြံဉာဏ်တွေ၊ အကူအညီတွေ ကိုတောင် သူမဆီက ပြန်လည် ရရှိ နိုင်ပါသေး တယ်။
ဘော်ဒါလိုပါ ပေါင်းလို့ရတယ်
သင့်အတွက် ချစ်သူတစ်ယောက် လိုသာမက ဘော်ဒါတစ်ယောက်လိုပါ အမြဲတမ်း အသင့် ရှိနေတတ်ပါတယ်။ ဒါကြောင့် တစ်ဦးအပေါ် တစ်ဦး ချစ်သူ သမီး ရည်းစား ခံစားချက် ထက် ရဲဘော်ရဲဘက်လို စိတ်ခံစားမှုကို ဒီလို ကောင်မလေးတွေနဲ့သာ ခံစားရရှိ နိင်မှာ ဖြစ်ပါ တယ်။
ဘော်ဒါတို့ထဲမှာလည်း ဒီလိုကောင်မလေး မျိုးတွေ ရှိမှာ ပါနော်။ သူတို့ကိုပါ mention ခေါ်ပြီး ဒီစာလေးကို ဖတ်ခိုင်း လိုက် ပါအုံး။
crd
Zawgyi
မ်က္ႏွာေျပာင္တဲ့ ခ်စ္သူမိန္းခေလးကို ပိုင္ဆိုင္ထားတဲ့ ေကာင္ေလးေတြရဲ႕ အားသာခ်က္ (5) ခ်က္
သင့္ခ်စ္သူ ေကာင္မေလးဟာ အျမဲတမ္း ရယ္စရာ ဟာသေတြ ေျပာၿပီး မ်က္ႏွာေျပာင္ တတ္သူ တစ္ေယာက္ဟုတ္တယ္ ဆိုရင္ေတာ့ သင္ဟာ ကံအေကာင္းဆံုး လူသား တစ္ေယာက္ပါ။
ေယာကၤ်ားေလး ဆန္ၿပီး ဟာသဥာဏ္ ထူးကဲတဲ့ ေကာင္မေလးေတြဟာ သူတို႕ရဲ႕ ခ်စ္သူအေပၚမွာ ယံုၾကည္စိတ္ အျပည့္အ၀ ရွိတဲ့အျပင္ ဘ၀ခရီး တစ္ခုလံုးကိုပါ သင္ႏွင့္ အတူ ျဖတ္သန္းဖို႔ ဆံုးျဖတ္ထားၿပီးသား ျဖစ္ၾက ပါတယ္။
ဒါေၾကာင့္ ဒီလို ေကာင္မေလးေတြကို ပိုင္ဆိုင္ ထားခြင့္ ရတဲ့ ေဘာ္ဒါတို႕အတြက္ ဘယ္အခ်က္ေတြဟာ ကံေကာင္းေစလဲ ဆိုတာ ေဖာ္ျပ လိုက္ရ ပါတယ္ ။
ဥာဏ္ေကာင္းတတ္ၾကတယ္
ဒီလို ေကာင္မေလးေတြဟာ သာမန္ထက္ ထက္ျမက္ထူး ကဲတဲ့ ဥာဏ္ရည္ဥာဏ္ေသြးကို ပိုင္ဆိုင္တတ္ၾကပါတယ္။ သူတို႕ဟာ ပတ္၀န္းက်င္ တစ္ခုလံုးကို ဘယ္လို ေပ်ာ္ရႊင္ေအာင္ လုပ္မလဲဆိုတာ အျမဲ ေတြးေတာေန တတ္ၾက သူမ်ိဳးျဖစ္ၿပီး ျဖဴစင္ ရိုးသားမႈကို အရမ္း ခံုမင္ တတ္ၾက ပါတယ္။
ပဲမမ်ားတတ္ၾကဘူး
အခ်ိဳ႕ေသာ ေကာင္မေလး ေတြဟာ ရုပ္ပိုင္းဆိုင္ရာ အလွအပေတြကို အထူးအာရံု စိုက္ၿပီး တစ္ဖက္သားက မိမိအေပၚ တစ္မ်ိဳးျမင္မွာ စိုးလို႕ တမင္လုပ္ယူ ထားတဲ့ အမူအယာေတြနဲ႔ ဟန္ေဆာင္တတ္ေလ့ ရွိပါတယ္။ မ်က္ႏွာေျပာင္တဲ့ ေကာင္မေလးေတြ ကေတာ့ ဒါေတြကို ႏိုးပါ ။ ပြင့္ပြင့္လင္းလင္းနဲ႕ အားလံုးကို အရင္းအတိုင္း ေျပာဆို ဆက္ဆံၿပီး ရုပ္ပိုင္းဆိုင္ရာ အလွအပေတြကိုလည္း လိုတာထက္ပိုၿပီး ဂရုမစိုက္ တတ္ၾက ပါဘူး။
ယံုၾကည္မႈ ျပည့္၀ၾကတယ္
လူအမ်ားၾကားထဲမွာ ရွက္ရြံ ေၾကာက္ရြံ႕တာမ်ိဳး လံုး၀မရွိပဲ ေျပာဆို လုပ္ကိုင္စရာ ရွိတာေတြကို ရဲရဲ၀ံ့၀ံ့ လုပ္ေဆာင္ တတ္ၾက ပါတယ္။ သူမရဲ႕ ခ်စ္သူ ၊ သူငယ္ခ်င္းေတြ အေပၚလည္း ယံုၾကည္မႈ အျပည့္အ၀ ထားတတ္ၿပီး အရင္းႏွီးဆံုးအျဖစ္ ေႏြးေထြးစြာ ဆက္ဆံ တတ္ ၾကပါတယ္။
တန္းတူညီမ်ွ အခြင့္အေရးကို ေလးစားတယ္
သူမဟာ ေကာင္မေလးျဖစ္လို႔ သူ႕ခ်စ္သူ ေကာင္ေလး အေပၚမွာ အျမဲခြ်ဲႏြဲ႕ မွီခိုေနတတ္မယ့္ လူမ်ိဳး မဟုတ္ပါဘူး။ ျပသနာ အခက္အခဲ မွန္သမွ်ကို
အတူတကြ ရင္ဆိုင္ေက်ာ္ျဖတ္ဖို႕ ဆံုးျဖတ္ထ ားတတ္ၿပီး သင္လိုအပ္တဲ့ အၾကံဥာဏ္ေတြ၊ အကူအညီေတြ ကိုေတာင္ သူမဆီက ျပန္လည္ ရရွိ နိုင္ပါေသး တယ္။
ေဘာ္ဒါလိုပါ ေပါင္းလို႕ရတယ္
သင့္အတြက္ ခ်စ္သူတစ္ေယာက္ လုိသာမက ေဘာ္ဒါတစ္ေယာက္လိုပါ အျမဲတမ္း အသင့္ ရွိေနတတ္ပါတယ္။ ဒါေၾကာင့္ တစ္ဦးအေပၚ တစ္ဦး ခ်စ္သူ သမီး ရည္းစား ခံစားခ်က္ ထက္ ရဲေဘာ္ရဲဘက္လို စိတ္ခံစားမႈကို ဒီလို ေကာင္မေလးေတြနဲ႕သာ ခံစားရရွိ နိင္မွာ ျဖစ္ပါ တယ္။
ေဘာ္ဒါတို႕ထဲမွာလည္း ဒီလိုေကာင္မေလး မ်ိဳးေတြ ရွိမွာ ပါေနာ္။ သူတို႕ကိုပါ mention ေခၚၿပီး ဒီစာေလးကို ဖတ္ခိုင္း လိုက္ ပါအံုး။
crd