လမ္းေဘးမွာ ရပ္ထားတဲ့ ကြၽန္ေတာ့္ကား အေနာက္ကို ဆိုင္ကယ္တစ္စီးက ဝင္တိုက္တယ္။
ကြဲသြားတဲ့ ကားေနာက္ပိုင္း စကတ္ကိုၾကည့္ရင္းဘရမ္းနယူး ကားအသစ္မို႔ ႏွေမ်ာစိတ္ကရင္ကို ဆို႔တယ္။
လမ္းေဘးမွာ လြတ္လြတ္ကင္းကင္းရပ္ထားရက္နဲ႔ လာတိုက္တဲ့သူကို ေဒါသထြက္တယ္။
ပုံစံၾကည့္ေတာ့လည္း တ႐ုတ္ဆိုင္ကယ္အစုတ္နဲ႔မီးေသြးတင္တဲ့ အလုပ္သမား ထင္ပါရဲ႕..။ေလ်ာ္ႏိုင္ပုံလည္း လုံးဝ မေပၚ။
“မင္းဘာျဖစ္သြားလဲ..”ဆိုၿပီး ေမးေတာ့ “ဘာမွ မျဖစ္ဘူး..”တဲ့။
“ဘာမွမျဖစ္ရင္ ငါတို႔ သြားၿပီကြာ..”ဆိုၿပီးကြၽန္ေတာ္ ကားေပၚတက္ ေမာင္းထြက္လာခဲ့တယ္။
အတူပါလာတဲ့ သူငယ္ခ်င္းက “ႏွေမ်ာစရာႀကီးကြာ….မင္း မေလ်ာ္ခိုင္းဘူးလား….ကိုယ္က အမွန္..သူက အမွား..မင္း စိတ္မတိုဘူးလား..” ဆိုၿပီး ေမးတယ္။
ကြၽန္ေတာ္က “ႏွေမ်ာတာေပါ့…စိတ္တိုတာေပါ့..သူငယ္ခ်င္းရယ္….ဒါေပမဲ့ “ကိုယ့္သက္တမ္းကို သူမ်ားဆီခြဲမေပးႏိုင္ပါဘူး”လို႔ ျပန္ေျပာလိုက္တယ္။
သူ႔ပုံစံၾကည့္ရတာ ေလ်ာ္ႏိုင္ပုံ မေပၚ။ေနာက္တစ္ခ်က္က ကြၽန္ေတာ့္ကားက အာမခံထားတယ္။
ေနာက္တစ္ခ်က္က အာမခံ မေလ်ာ္ေပးလည္း ဒီ ပမာဏကို ကြၽန္ေတာ္ ျပင္ႏိုင္တယ္။
ဒီပမာဏဟာ ကြၽန္ေတာ့္အတြက္ ဘာမွ မဟုတ္ေပမယ့္ သူ႔အတြက္ေတာ့ ဘဝတစ္ခုစာလည္း ျဖစ္ႏိုင္တယ္။ မိသားစု သုံးေလးလ ထမင္းငတ္လို႔လည္း ရတယ္။
ေတာ္ၿပီ..အစစ အရာရာ တြက္ခ်က္ၿပီးတဲ့ေနာက္ ကြၽန္ေတာ့္ကားကို ဆိုင္ကယ္က တိုက္တယ္ဆိုတဲ့ ျဖစ္စဥ္ကို အဲဒီေနရာမွာပဲ ကြၽန္ေတာ္ထားခဲ့လိုက္တယ္။
ကြၽန္ေတာ္တို႔သက္တမ္းကသိပ္တိုပါတယ္…အခ်ိန္ မိနစ္ စကၠန္႔ေပါင္းမ်ားစြာ ကြၽန္ေတာ္တို႔ ျဖတ္သန္းလာၿပီးၿပီ။
ေနာက္ထပ္ ဘယ္ေလာက္ ေနရအုံးမယ္ မသိ။ေနာက္ ဆယ္ႏွစ္လား..ေနာက္ တစ္ႏွစ္လား..ေနာက္ တစ္လ လား..မနက္ျဖန္လား…..
ဘယ္ေန႔ေသမယ္ မသိတဲ့ သက္တမ္းတစ္ခုမွာ ကိုယ္ရွင္သန္ေနရတဲ့ အခ်ိန္ နာရီ မိနစ္ စကၠန္႔တိုင္းကို ကြၽန္ေတာ္ ေလာဘႀကီးပါတယ္။
ကိုယ့္အတြက္ပဲ ကိုယ္သုံးမွာေပါ..။သူမ်ားအတြက္ စိတ္တိုေနဖို႔ ၊သူမ်ားကို မနာလို ျဖစ္ေနဖို႔ ၊သူမ်ားအေၾကာင္း စဥ္းစားေနဖို႔ ဖဲ့မေပးႏိုင္ပါဘူး။
ကြၽန္ေတာ္နဲ႔ ရင္းႏွီးသူတိုင္းသိတဲ့အေၾကာင္းအရာတစ္ခု ရွိပါတယ္။
“ကိုယ့္ရဲ႕ မေကာင္းေၾကာင္းကို(. ……)က ေျပာေနတယ္”လို႔တစ္စုံတစ္ေယာက္ကလာေျပာရင္ ကြၽန္ေတာ္ သူ႔ကို ျပန္ေျပာမွာက ဒီလိုပါ။
“သူ႔ မေကာင္းေၾကာင္းကိုေရာကြၽန္ေတာ္ ခင္ဗ်ားကို ေျပာဖူးလား..”
“မေျပာဖူးပါဘူး..”
“ဒါဆို ရပါၿပီဗ်ာ..သူဘာေတြေျပာလဲ လာမေျပာပါနဲ႔..ကြၽန္ေတာ္ မသိခ်င္ပါဘူး..”
ဒါဟာ..ကြၽန္ေတာ္ စိတ္ေကာင္း ႏွလုံးေကာင္းရွိတာစိတ္ဓာတ္ျမင့္ျမတ္တာ မဟုတ္ဘူးေနာ္..။သူေတာ္ေကာင္းႀကီး လုပ္တာ မဟုတ္ဘူးေနာ္။
လူျဖစ္တာမို႔ ကြၽန္ေတာ့္မွာ ေလာဘ ေဒါသ ေမာဟ ရွိတယ္။ကိုယ့္မေကာင္းေၾကာင္းေျပာရင္ စိတ္တိုတာေပါ့။
ကိုယ့္ပစၥည္းဥစၥာ ထိခိုက္သြားတာ ႏွေမ်ာတာေပါ့။မနာလိုစိတ္လည္း ရွိတယ္။စိတ္ပုတ္ စိတ္ယုတ္လည္း ရွိတယ္။
ဒါေပမဲ့ ကြၽန္ေတာ္……… အဲဒီေနရာမွာပဲ ရပ္တယ္။ “ငါ့ရွင္သန္ရမယ့္ အခ်ိန္ေတြကို သူမ်ားဆီ ဖဲ့ေပးရေတာ့မယ္”ဆိုၿပီး သတိကပ္တယ္။
စဥ္းစားၾကည့္ဗ်ာ..ကိုယ္နဲ႔ မၾကည္တဲ့ လူတစ္ေယာက္အေၾကာင္းခင္ဗ်ားေတြးေနရင္းနဲ႔ ႏွလုံးသားထဲမွာဆယ္မိနစ္ေလာက္ တႏုံ႔ႏုံ႔ ျဖစ္ေနတယ္ဆိုပါစို႔။
ခင္ဗ်ား ဘဝအဆက္ဆက္ ကုသိုလ္ေကာင္းမႈျပဳလို႔ ရွားရွားပါးပါး လူျဖစ္လာရတဲ့ ဒီဘဝရဲ႕သက္တမ္း ဆယ္မိနစ္ကို အဲဒီလူအတြက္ ျဖဳန္းလိုက္သလိုပဲ။ မတန္ဘူး..
မေန႔က အစ္မတစ္ေယာက္တင္တဲ့ ပိုစ့္ေလးထဲမွာေတာ့ ဒီသေဘာကိုသူက တိုတို ထိထိေလး ေရးထားတယ္။
“လႈပ္သာ လႈပ္ ၊ မလုပ္မိေစနဲ႔..”…တဲ့။ သူကေတာ့ တရား သေဘာနဲ႔တင္ထားတာ။အဓိပၸါယ္ကေတာ့ ေန႔စဥ္ဘဝမွာျမင္တာ ၾကားတာေတြကို စိတ္ကသိတယ္။
အဲဒါကို လႈပ္တယ္လို႔ေခၚတယ္။အဲဒီ ျမင္တာ ၾကားတာေတြအေပၚေဒါသထြက္မယ္ ေလာဘတက္မယ္စိတ္မခ်မ္းမသာျဖစ္မယ္။ဒါကိုေတာ့ လုပ္တာလို႔ေခၚတယ္။
လႈပ္႐ုံ လႈပ္တာက ျပႆနာမရွိဘူး..အဲဒီအေပၚမွာ ေနာက္ဆက္တြဲေတြ ဆက္မပါလာဖို႔ (ဆက္မလုပ္ဖို႔) သတိကပ္ေစခ်င္တာ။
အမွန္ပါပဲ..ကြၽန္ေတာ္တို႔လည္း လူမႈဘဝမွာ သြားလာေနထိုင္ လႈပ္ရွားေနရင္းေလာဘ ေဒါသ ေမာဟ မာန္မာန မနာလိုမႈဝန္တိုမႈ ေတြျဖစ္လာၾကမွာပဲေလ…ႀကဳံလာၾကမွာပဲေလ…..လူကိုး…။
လႈပ္တာေပါ့..လႈပ္တာေပါ့..တဖ်တ္ဖ်တ္ကို ခါယမ္းလႈပ္ခါတာေပါ့..ဒါေပမဲ့ ဆက္မလုပ္မိဖို႔ သတိကပ္တယ္။ကိုယ့္သက္တမ္းတိုတိုေလးကို ကိုယ့္အတြက္ပဲ သုံးမွာေပါ့။
ဘာလို႔ သူမ်ားအတြက္နဲ႔ ဖဲ့ေပးေနရမွာလဲေလ..။ မူရင္းေရးသားသူနဲ႔စာခ်စ္သူမ်ားအား ေလးစားလွ်က္ ျပန္လည္မွ်ေဝေပးပါသည္
unicode
လမ်းဘေးမှာ ရပ်ထားတဲ့ ကျွန်တော့်ကား အနောက်ကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်တယ်။
ကွဲသွားတဲ့ ကားနောက်ပိုင်း စကတ်ကိုကြည့်ရင်းဘရမ်းနယူး ကားအသစ်မို့ နှမျောစိတ်ကရင်ကို ဆို့တယ်။
လမ်းဘေးမှာ လွတ်လွတ်ကင်းကင်းရပ်ထားရက်နဲ့ လာတိုက်တဲ့သူကို ဒေါသထွက်တယ်။
ပုံစံကြည့်တော့လည်း တရုတ်ဆိုင်ကယ်အစုတ်နဲ့မီးသွေးတင်တဲ့ အလုပ်သမား ထင်ပါရဲ့..။လျော်နိုင်ပုံလည်း လုံးဝ မပေါ်။
“မင်းဘာဖြစ်သွားလဲ..”ဆိုပြီး မေးတော့ “ဘာမှ မဖြစ်ဘူး..”တဲ့။
“ဘာမှမဖြစ်ရင် ငါတို့ သွားပြီကွာ..”ဆိုပြီးကျွန်တော် ကားပေါ်တက် မောင်းထွက်လာခဲ့တယ်။
အတူပါလာတဲ့ သူငယ်ချင်းက “နှမျောစရာကြီးကွာ….မင်း မလျော်ခိုင်းဘူးလား….ကိုယ်က အမှန်..သူက အမှား..မင်း စိတ်မတိုဘူးလား..” ဆိုပြီး မေးတယ်။
ကျွန်တော်က “နှမျောတာပေါ့…စိတ်တိုတာပေါ့..သူငယ်ချင်းရယ်….ဒါပေမဲ့ “ကိုယ့်သက်တမ်းကို သူများဆီခွဲမပေးနိုင်ပါဘူး”လို့ ပြန်ပြောလိုက်တယ်။
သူ့ပုံစံကြည့်ရတာ လျော်နိုင်ပုံ မပေါ်။နောက်တစ်ချက်က ကျွန်တော့်ကားက အာမခံထားတယ်။
နောက်တစ်ချက်က အာမခံ မလျော်ပေးလည်း ဒီ ပမာဏကို ကျွန်တော် ပြင်နိုင်တယ်။
ဒီပမာဏဟာ ကျွန်တော့်အတွက် ဘာမှ မဟုတ်ပေမယ့် သူ့အတွက်တော့ ဘဝတစ်ခုစာလည်း ဖြစ်နိုင်တယ်။ မိသားစု သုံးလေးလ ထမင်းငတ်လို့လည်း ရတယ်။
တော်ပြီ..အစစ အရာရာ တွက်ချက်ပြီးတဲ့နောက် ကျွန်တော့်ကားကို ဆိုင်ကယ်က တိုက်တယ်ဆိုတဲ့ ဖြစ်စဉ်ကို အဲဒီနေရာမှာပဲ ကျွန်တော်ထားခဲ့လိုက်တယ်။
ကျွန်တော်တို့သက်တမ်းကသိပ်တိုပါတယ်…အချိန် မိနစ် စက္ကန့်ပေါင်းများစွာ ကျွန်တော်တို့ ဖြတ်သန်းလာပြီးပြီ။
နောက်ထပ် ဘယ်လောက် နေရအုံးမယ် မသိ။နောက် ဆယ်နှစ်လား..နောက် တစ်နှစ်လား..နောက် တစ်လ လား..မနက်ဖြန်လား…..
ဘယ်နေ့သေမယ် မသိတဲ့ သက်တမ်းတစ်ခုမှာ ကိုယ်ရှင်သန်နေရတဲ့ အချိန် နာရီ မိနစ် စက္ကန့်တိုင်းကို ကျွန်တော် လောဘကြီးပါတယ်။
ကိုယ့်အတွက်ပဲ ကိုယ်သုံးမှာပေါ..။သူများအတွက် စိတ်တိုနေဖို့ ၊သူများကို မနာလို ဖြစ်နေဖို့ ၊သူများအကြောင်း စဉ်းစားနေဖို့ ဖဲ့မပေးနိုင်ပါဘူး။
ကျွန်တော်နဲ့ ရင်းနှီးသူတိုင်းသိတဲ့အကြောင်းအရာတစ်ခု ရှိပါတယ်။
“ကိုယ့်ရဲ့ မကောင်းကြောင်းကို(. ……)က ပြောနေတယ်”လို့တစ်စုံတစ်ယောက်ကလာပြောရင် ကျွန်တော် သူ့ကို ပြန်ပြောမှာက ဒီလိုပါ။
“သူ့ မကောင်းကြောင်းကိုရောကျွန်တော် ခင်ဗျားကို ပြောဖူးလား..”
“မပြောဖူးပါဘူး..”
“ဒါဆို ရပါပြီဗျာ..သူဘာတွေပြောလဲ လာမပြောပါနဲ့..ကျွန်တော် မသိချင်ပါဘူး..”
ဒါဟာ..ကျွန်တော် စိတ်ကောင်း နှလုံးကောင်းရှိတာစိတ်ဓာတ်မြင့်မြတ်တာ မဟုတ်ဘူးနော်..။သူတော်ကောင်းကြီး လုပ်တာ မဟုတ်ဘူးနော်။
လူဖြစ်တာမို့ ကျွန်တော့်မှာ လောဘ ဒေါသ မောဟ ရှိတယ်။ကိုယ့်မကောင်းကြောင်းပြောရင် စိတ်တိုတာပေါ့။
ကိုယ့်ပစ္စည်းဥစ္စာ ထိခိုက်သွားတာ နှမျောတာပေါ့။မနာလိုစိတ်လည်း ရှိတယ်။စိတ်ပုတ် စိတ်ယုတ်လည်း ရှိတယ်။
ဒါပေမဲ့ ကျွန်တော်……… အဲဒီနေရာမှာပဲ ရပ်တယ်။ “ငါ့ရှင်သန်ရမယ့် အချိန်တွေကို သူများဆီ ဖဲ့ပေးရတော့မယ်”ဆိုပြီး သတိကပ်တယ်။
စဉ်းစားကြည့်ဗျာ..ကိုယ်နဲ့ မကြည်တဲ့ လူတစ်ယောက်အကြောင်းခင်ဗျားတွေးနေရင်းနဲ့ နှလုံးသားထဲမှာဆယ်မိနစ်လောက် တနုံ့နုံ့ ဖြစ်နေတယ်ဆိုပါစို့။
ခင်ဗျား ဘဝအဆက်ဆက် ကုသိုလ်ကောင်းမှုပြုလို့ ရှားရှားပါးပါး လူဖြစ်လာရတဲ့ ဒီဘဝရဲ့သက်တမ်း ဆယ်မိနစ်ကို အဲဒီလူအတွက် ဖြုန်းလိုက်သလိုပဲ။ မတန်ဘူး..
မနေ့က အစ်မတစ်ယောက်တင်တဲ့ ပိုစ့်လေးထဲမှာတော့ ဒီသဘောကိုသူက တိုတို ထိထိလေး ရေးထားတယ်။
“လှုပ်သာ လှုပ် ၊ မလုပ်မိစေနဲ့..”…တဲ့။ သူကတော့ တရား သဘောနဲ့တင်ထားတာ။အဓိပ္ပါယ်ကတော့ နေ့စဉ်ဘဝမှာမြင်တာ ကြားတာတွေကို စိတ်ကသိတယ်။
အဲဒါကို လှုပ်တယ်လို့ခေါ်တယ်။အဲဒီ မြင်တာ ကြားတာတွေအပေါ်ဒေါသထွက်မယ် လောဘတက်မယ်စိတ်မချမ်းမသာဖြစ်မယ်။ဒါကိုတော့ လုပ်တာလို့ခေါ်တယ်။
လှုပ်ရုံ လှုပ်တာက ပြဿနာမရှိဘူး..အဲဒီအပေါ်မှာ နောက်ဆက်တွဲတွေ ဆက်မပါလာဖို့ (ဆက်မလုပ်ဖို့) သတိကပ်စေချင်တာ
အမှန်ပါပဲ..ကျွန်တော်တို့လည်း လူမှုဘဝမှာ သွားလာနေထိုင် လှုပ်ရှားနေရင်းလောဘ ဒေါသ မောဟ မာန်မာန မနာလိုမှုဝန်တိုမှု တွေဖြစ်လာကြမှာပဲလေ…ကြုံလာကြမှာပဲလေ…..လူကိုး…။
လှုပ်တာပေါ့..လှုပ်တာပေါ့..တဖျတ်ဖျတ်ကို ခါယမ်းလှုပ်ခါတာပေါ့..ဒါပေမဲ့ ဆက်မလုပ်မိဖို့ သတိကပ်တယ်။ကိုယ့်သက်တမ်းတိုတိုလေးကို ကိုယ့်အတွက်ပဲ သုံးမှာပေါ့။
ဘာလို့ သူများအတွက်နဲ့ ဖဲ့ပေးနေရမှာလဲလေ..။ မူရင်းရေးသားသူနဲ့စာချစ်သူများအား လေးစားလျှက် ပြန်လည်မျှဝေပေးပါသည်