တိရိစ္ဆာန်လေးတို့သည် စကားနပြောတတ်သော်လည်း သူတို့၏ သခင်ဖြစ်သူအပေါ်တွင်ထားရှိသော မေတ္တာနှင့်သံယောဇဉ်တို့ဟာ အတော်လေးကို ကြီးမားလှပါတယ်။
ယခုတွင်လည်း နွားလေးတစ်ကောင်နှင့်သခင်ဖြစ်သူတို့၏ အဖြစ်အပျက်လေးကို မြင်တွေ့လိုက်ရလျှင်အတော်လေးကို ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်စေမှာ သေချာပါတယ်။

သခင်ဖြစ်သူဟာ အခြားသူတစ်ဦးထံသို့ နွားငယ်လေးကိုရောင်းချလိုက်တာဖြစ်ပါတယ်။ထိုအခါဝယ်ယူသူများကလည်း နွားလေးကိုခေါ်သွားခဲ့တာဖြစ်ပါတယ်။
ထိုအချိန်တွင် နွားငယ်လေးဟာ ပိုင်ရှင်အသစ်ခေါ်သွားသည့်ကြားမှ သခင်ဖြစ်သူထံ အပြေးပြန်လှည့်လာခဲ့ပြီး မရောင်းချရန်အတွက် ဒူးထောက်တောင်းပန်နေခဲ့ပါတယ်။
ပိုင်ရှင်အမျိုးသားဟာလည်း နွားငယ်လေးကို ပွေ့ဖက်ပြီး နှုတ်ဆက်နေခဲ့ကာ ဝမ်းနည်းနေခဲ့ရတော့တာ ဖြစ်ပါတယ်။
Zawgyi
Credit



