ၾကားသိရသမွ်

ဦးဖြိုးဇေယျာသော်ရဲ့ အမဖြစ်သူ ဒေါ်ခင်ပပသော် ထပ်မံဖမ်းဆီးခံရ

းဖြိုးဇေယျာသော်ရဲ့ အမဖြစ်သူ ဒေါ်ခင်ပပသော် ထပ်မံဖ.မ်းဆီးခံရ ရန်ကုန်မြို့မှာ မနေ့က ဖ.မ်းဆီးခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ရဲ့အမဖြစ်သူ ဒေါ်ခင်ပပသော်ဟာ ဒီနေ့ မနက် ၈ နာရီခွဲမှာ စစ်ကောင်စီတပ်သားတွေက ဖ.မ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်

ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ မခင်ပပသော်ရဲ့နေအိမ်ကိုစစ်ကောင်စီတပ်သားတွေကအင်အားအလုံးအရင်းနဲ့ဝင်ရောက်ဖမ်းဆီးခဲ့တာလို့သူကဆိုပါတယ်မခင်ပပသော်အိမ်နားမှာနေတဲ့ကျနော့်သူငယ်ချင်းက ပြောတယ်။ ဇေယျာသော် အမကို ဒီမနက် ၈ ခွဲလောက်မှာ အိမ်ပေါ်ထိ လာတက်ဖ.မ်းသွားတယ်။ လာဖ.မ်းတဲ့အချိန်မှာလည်း လမ်းကို စ.စ်ကားတွေနဲ့ ပိတ်ထားတယ

စ.စ်သားအင်အားလည်းများတယ်။ အဲဒီလို လာဖ.မ်းပြီးကတည်းက အခုထိ သူတို့အိမ်မှာ လူဝင်လူထွက် မတွေ့ရတော့ဘူးအသက် ၄၀ အရွယ် ဒေါ်ခင်ပပသော်ဟာ ပြီးခဲ့တဲ့ဧပြီလကလည်း စ.စ်ကေ.ာင်စီတပ်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတဲ့အပြင် အခုတစ်ခေါက်ကတေ့ာ ဒုတိယအကြိမ်မြောက် ထပ်မံဖ.မ်းဆီးခံရတာပါ

ဖ.မ်းဆီးခံရမှုနဲ့ ပက်သက်လို့ ဒေါ်ခင်ပပသော်ရဲ့ မိသားစုဝင်တွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။ဒေါ်ခင်ပပသော်ဟာ ပထမအကြိမ်အဖ.မ်းခံရချိန်ကဆန္ဒပြသူတွေကိုကူညီမှုနဲ့ဖ.မ်းဆီးခံခဲ့ရတာပါ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော်ကိုလည်း နိုဝင်ဘာလ ၁၉ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာရှိတဲ့ရတနာနှင်းဆီအိမ်ရာမှာစ.စ်တပ်နဲ့ရဲက ဖ.မ်းဆီးခဲ့ပြီးနောက် သူ့ရဲ့အစ်မဖြစ်သူ ဒီနေ့ ဆက်လက်ဖ.မ်းဆီးခံရတာလည်းဖြစ်ပါတယ်source-RFA

Zawgyi






Credit