ၾကားသိရသမွ်

လွခ်င္ရက္စက္စက္ယို က်ားေဟာ္မုန္းေဆးမွာေသာက္မိၿပီး ႏႈတ္ခမ္းေမြး ထြက္သြားရတဲ့ ရွင္ယြန္းျမတ္ အျဖစ္ (႐ုပ္/သံ)

လွခ်င္ရက္စက္စက္ယို က်ားေဟာ္မုန္းေဆးမွာေသာက္မိၿပီး ႏႈတ္ခမ္းေမြး ထြက္သြားရတဲ့ ရွင္ယြန္းျမတ္ အျဖစ္ (႐ုပ္/သံ)

ပရိတ္သတ္ႀကီးေရ ေမာ္ဒယ္သ႐ုပ္ေဆာင္ ရွင္ယြန္းျမတ္ကေတာ့ ဆြဲေဆာင္မႈရွိတဲ့ ခႏၶာကိုယ္ေလးနဲ႔ ျမင္သူတိုင္း ၂ ခါျပန္ၾကည့္ရေလာက္တဲ့ အလွအပေတြကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေလးပဲ ျဖစ္ပါတယ္။

ဆြဲေဆာင္မႈရွိတဲ့ ပုံရိပ္ေလးေတြေၾကာင့္ ေယာက်္ားေလးပရိတ္သတ္ အမ်ားအျပားရဲ့ အားေပးခ်စ္ခင္မႈကို ရရွိထားသူေလးပါေနာ္။သူမကေတာ့ ခႏၶာကိုယ္လွပဖို႔အတြက္ gym ကစားတဲ့အခါ အေမာဒဏ္ခံနိုင္ဖို႔ရာအတြက္ ေဆးေသာက္ရာမွ မွားယြင္းခဲ့တာေၾကာင့္ ဒုကၡေရာက္ခဲ့ရတဲ့အေၾကာင္းကို အခုလိုပဲ မီဒီယာမ်ားမွာ ေျဖၾကားခဲ့ပါတယ္။

 

” ေသာက္မိတဲ့ေဆးက ကိုယ္ အခုေဆာ့ေနတဲ့ gym က ေရာင္းခဲ့တာ မဟုတ္ပါဘူး။လြန္ခဲ့တဲ့ ၆ လေလာက္က ခင္မင္ရတဲ့ gym trainer အကိုတစ္ေယာက္က သူကိုယ္တိုင္ကလည္း ၿပိဳင္ပြဲေတြ ဝင္ၿပိဳင္တတ္တဲ့သူပါ။

 

သူက ေဆးေတြလည္း ေရာင္းေပးတယ္ေပါ့။ သူ႔ကို gym နဲ႔ပက္သက္တာဆို messanger ကေန ေမးေလ့ရွိတယ္။အဲ့ဒါ သူ႔ကို gym ေဆာ့ရင္ ေဆာ့အားေကာင္းေအာင္ ေဆးေသာက္ခ်င္တာဆိုေတာ့ သူကလည္း ေဆးတစ္ခုေပးတယ္။

 

အဲ့ေဆးမွာ အလုံး ၆၀ ပါတယ္ gym မေဆာ့ခင္ နာရီဝက္အလိုမွာ အဲ့ဒီေဆးကို ေသာက္ရတယ္။၁ သိန္းခြဲလား ေပးရတယ္။စစခ်င္း အဲ့ဒီေဆးကို ေသာက္ေတာ့ ေဆးေသာက္ၿပီး ၂ ပတ္ေလာက္မွာ gym ကစားရင္ ကစားအား ပိုေကာင္းတယ္။

 

တစ္ေန႔ကို ၃ နာရီ ၄ နာရီ ကစားနိုင္တယ္။ အဆီေတြကို ေခ်ဖ်က္နိုင္တာဆိုေတာ့ ကစားရင္ ကစားသလို ခႏၶာကိုယ္က သိသာလာတယ္။အဲ့ခ်ိန္က ခႏၶာကိုယ္က တင္ဆိုလည္း တင္သက္သက္ ခါးဆိုရင္လည္း ေသးေသးေလး ျဖစ္ၿပီး လွလာတယ္။

 

 

အဲ့ေဆးကို တစ္လနီးပါးေသာက္ၿပီးေနာက္ ေဆးဘူးကုန္သြားတဲ့အခါက် ထပ္လည္း မဝယ္ျဖစ္ေတာ့ဘူး။ ေဆး ဆက္မေသာက္ျဖစ္ေတာ့ဘူးေပါ့။အဲ့ေဆး ေသာက္တာ ရပ္လိုက္ၿပီး တစ္ပတ္ ၁၀ ရက္ေလာက္ ၾကာတဲ့အခါ မိန္းကေလး ကိစၥလည္း ျဖစ္ေတာ့ gym ေဆာ့တာကို နားလိုက္တယ္။ အဲ့ခ်ိန္မွာ စိတ္က ဂေယာက္ဂယက္ေတြ ျဖစ္တယ္။

 

စိတ္ဓာတ္ အတက္ အက်ေတြ ျဖစ္ေတာ့ မိန္းကေလး ကိစၥျဖစ္တဲ့အခ်ိန္မွာလည္း မိန္းကေလးေတြက အဲ့ဒါမ်ိဳး ျဖစ္တတ္ေတာ့ အဲ့ဒါေၾကာင့္ ျဖစ္တယ္လို႔ပဲ ကိုယ္က ေတြးလိုက္တယ္။အဲ့ေနာက္မွာ ဘာဆက္ျဖစ္လဲဆိုေတာ့ မ်က္ႏွာ တစ္ျခမ္းက ေယာင္ၿပီး ေဖာင္းလာတယ္။

လက္ေတြ ေျခေထာက္ေတြကလည္း ေဖာၿပီး ေယာင္လာတယ္။ ေဆးခန္းသြားျပေတာ့ ဆရာဝန္ကလည္း ထုံးစံအတိုင္း gym ကစားလို႔ ႂကြက္သားေတြ ေယာင္တာ ထင္တယ္ေပါ့။ မခံနိုင္ဘူးဆိုရင္ ခဏ gym နားဆိုတာနဲ႔ နားလိုက္တယ္။

 

လူေတြက stess မ်ားလာတဲ့အခ်ိန္ဆို အလိုလို အခ်ိဳကို ေတာင့္တလာတတ္ၾကတယ္။gym နားလိုက္တဲ့အခ်ိန္မွာ ဘာျဖစ္လာလည္း ဆိုေတာ့ ပုံမွန္ဆို အခ်ိဳမႀကိဳက္တဲ့သူက အခ်ိဳေတြပဲ စားခ်င္ေနတယ္။

အဲ့ခ်ိန္က မလွိုင္လုံးေတြ စားတယ္။ ႏြားနို႔ဆိုလည္း ခ်ိဳေနတာပဲ ေသာက္တယ္။အစကေတာ့ မသိဘူး ကိုယ္ကလည္း gym ျပန္ေဆာ့မွာပဲဆိုၿပီး အခ်ိဳေတြပဲစားတယ္။

ေနာက္ေတာ့ တစ္ကိုယ္လုံးနာတာေတြကို မခံနိုင္ေတာ့ စိတ္ေတြကလည္း တက္လိုက္ က်လိုက္ဆိုေတာ့ နားလည္တဲ့သူကို ဒီေဆးေသာက္တယ္ ဒီလိုေတြ ျဖစ္တယ္ဆိုၿပီး ေမးၾကည့္ေတာ့ သူက အဲ့ေဆးကို ဖတ္ၾကည့္လိုက္တဲ့အခါမွာ အဲ့ေဆးက steroid ေတြ ျဖစ္ေနတယ္ေပါ့။

အဲ့ဒါ ပုံမွန္ထက္လည္း အေမာက မခံနိုင္တဲ့အခါ တစ္လနားမယ္ဆိုၿပီး gym နားလိုက္တယ္။gym က သိတဲ့ trainer အမက ေျပာတဲ့အခါက်မွ အဲ့ေဆးအေၾကာင္းကို ေသခ်ာသိေတာ့တယ္။

အဲ့ေဆးက မိန္းကေလးေတြကို ေပးရတဲ့ေဆး မဟုတ္ဘူး။ ေယာက္်ားေလး ေသာက္ရတဲ့ေဆး အားကစားလုပ္မယ့္သူေတြ ၿပိဳင္ပြဲဝင္မယ့္သူေတြ ၿပိဳင္ပြဲဝင္ခါနီးမွာ ထုတင္တဲ့ေဆး ျဖစ္ေနတာ။ အဲ့ေဆးက အဆီေတြကို ျမန္ျမန္ေခ်ဖ်က္တယ္။

ကစားရင္ ကစားသေလာက္ ႂကြက္သားေတြႀကီးထြားေစတဲ့ေဆးဆိုေတာ့ ေယာက်္ားေလး ေဟာ္မုန္းျဖစ္ေစတဲ့ ေဆးေပါ့။အဲ့ေဆးေသာက္ေနတုန္းက ကိုယ့္ကို ႏႈတ္ခမ္းေမႊးေတြ ေပါက္လာတာလားနဲ႔ လာလာေမးၾကတယ္။

ေယာက်္ားေလးေတြလိုေတာ့ ၾကမ္းၾကမ္းႀကီးေတြ ထြက္လာတာ မဟုတ္ေပမဲ့ ႏႈတ္ခမ္းေမႊးေလးေတြ ေပါက္လာတာေပါ့။ကိုယ္က ဘယ္ေလာက္ ဝဝ မ်က္ႏွာေလးက ေသးေသးေလးပဲ။ အဲ့ေဆးေသာက္တုန္းကဆို မ်က္ႏွာက ေမးႏွစ္ထပ္နဲ႔ ေဖာင္းၿပီး ေယာင္လာတယ္။ လက္ေတြဆိုလည္း ေယာင္လာတယ္။

ဘယ္ေနရာ အဆိုးဆုံးလဲဆိုရင္ တင္ပါးက ၄၃ ထိ ျဖစ္သြားတယ္။ က်န္းမာေရးက အခုခ်ိန္ထိေတာ့ ေကာင္းေနတာပဲ။ဒါေပမဲ့ အထဲမွာ ဘာေတြ ျဖစ္လဲဆိုတာေတာ့ ကိုယ့္မ်က္စိနဲ႔ ကိုယ္ မျမင္နိုင္ဘူးေလ။

ေသခ်ာတာ တစ္ခုက အဲ့ေဆးေတြ ေသာက္တဲ့အခ်ိန္မွာ စိတ္က ပုံမွန္ မဟုတ္ဘူး။ေဆးက က်ားေဟာ္မုန္းေဆး ျဖစ္ေနလို႔လား မသိဘူး အဲ့ခ်ိန္မွာ ရည္းစားမရွိတာ ကံေကာင္းသြားတယ္။

ရည္းစားလည္း မထားခ်င္ဘူး။ ေယာက်္ားေလးေတြကို စိတ္မဝင္စားပဲ ေကာင္မေလးေတြကိုပဲ စိတ္ဝင္စားလာတယ္ အဲ့စိတ္ကေတာ့ သိသာတယ္။ကိုယ္က လွခ်င္တယ္ဆိုရင္ ဆရာဝန္ကို တိုင္ပင္ၿပီးမွ ေသာက္ပါ ကိုယ့္ဘာသာ မေသာက္ပါနဲ႔။

ကိုယ့္ကို ေဆးေရာင္းတဲ့သူကို ေျပာခ်င္တာက သူကိုယ္တိုင္ေတာင္ အဲ့ဒါကို သိရဲ့လား မသိဘူး။သူက professional တစ္ေယာက္ျဖစ္လို႔ သူ႔ကို ယုံၾကည္လိုက္မိတာ။ ေနာက္ၿပီး အဲ့လို ျဖစ္တာက ကိုယ္တစ္ေယာက္တည္း မဟုတ္ဘူး။

သူ႔ကိုလည္း ဆင္ျခင္ေစခ်င္တယ္။ အဲ့လို မွားေပးလိုက္တာက ရွင္ယြန္းတို႔ဆို ခံနိုင္ရည္ရွိလို႔ေလ ခံနိုင္ရည္မရွိတဲ့သူဆို တစ္ခုခုေတာင္ ျဖစ္သြားနိုင္တယ္။ေဆးေတြက အရမ္းျပင္းေတာ့ေလ။ ” ဆိုကာ သူမရဲ့ ေဆးမွားေသာက္ခဲ့မိတဲ့အေၾကာင္းကို အခုလိုပဲ ရွင္းျပခဲ့ပါတယ္။

Unicode

လှချင်ရက်စက်စက်ယို ကျားဟော်မုန်းဆေးမှာသောက်မိပြီး နှုတ်ခမ်းမွေး ထွက်သွားရတဲ့ ရှင်ယွန်းမြတ် အဖြစ် (ရုပ်/သံ)

ပရိတ်သတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် ရှင်ယွန်းမြတ်ကတော့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်လေးနဲ့ မြင်သူတိုင်း ၂ ခါပြန်ကြည့်ရလောက်တဲ့ အလှအပတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။

ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကြောင့် ယောကျ်ားလေးပရိတ်သတ် အများအပြားရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူလေးပါနော်။သူမကတော့ ခန္ဓာကိုယ်လှပဖို့အတွက် gym ကစားတဲ့အခါ အမောဒဏ်ခံနိုင်ဖို့ရာအတွက် ဆေးသောက်ရာမှ မှားယွင်းခဲ့တာကြောင့် ဒုက္ခရောက်ခဲ့ရတဲ့အကြောင်းကို အခုလိုပဲ မီဒီယာများမှာ ဖြေကြားခဲ့ပါတယ်။

” သောက်မိတဲ့ဆေးက ကိုယ် အခုဆော့နေတဲ့ gym က ရောင်းခဲ့တာ မဟုတ်ပါဘူး။လွန်ခဲ့တဲ့ ၆ လလောက်က ခင်မင်ရတဲ့ gym trainer အကိုတစ်ယောက်က သူကိုယ်တိုင်ကလည်း ပြိုင်ပွဲတွေ ဝင်ပြိုင်တတ်တဲ့သူပါ။

သူက ဆေးတွေလည်း ရောင်းပေးတယ်ပေါ့။ သူ့ကို gym နဲ့ပက်သက်တာဆို messanger ကနေ မေးလေ့ရှိတယ်။အဲ့ဒါ သူ့ကို gym ဆော့ရင် ဆော့အားကောင်းအောင် ဆေးသောက်ချင်တာဆိုတော့ သူကလည်း ဆေးတစ်ခုပေးတယ်။

အဲ့ဆေးမှာ အလုံး ၆၀ ပါတယ် gym မဆော့ခင် နာရီဝက်အလိုမှာ အဲ့ဒီဆေးကို သောက်ရတယ်။၁ သိန်းခွဲလား ပေးရတယ်။စစချင်း အဲ့ဒီဆေးကို သောက်တော့ ဆေးသောက်ပြီး ၂ ပတ်လောက်မှာ gym ကစားရင် ကစားအား ပိုကောင်းတယ်။

တစ်နေ့ကို ၃ နာရီ ၄ နာရီ ကစားနိုင်တယ်။ အဆီတွေကို ချေဖျက်နိုင်တာဆိုတော့ ကစားရင် ကစားသလို ခန္ဓာကိုယ်က သိသာလာတယ်။အဲ့ချိန်က ခန္ဓာကိုယ်က တင်ဆိုလည်း တင်သက်သက် ခါးဆိုရင်လည်း သေးသေးလေး ဖြစ်ပြီး လှလာတယ်။

အဲ့ဆေးကို တစ်လနီးပါးသောက်ပြီးနောက် ဆေးဘူးကုန်သွားတဲ့အခါကျ ထပ်လည်း မဝယ်ဖြစ်တော့ဘူး။ ဆေး ဆက်မသောက်ဖြစ်တော့ဘူးပေါ့။အဲ့ဆေး သောက်တာ ရပ်လိုက်ပြီး တစ်ပတ် ၁၀ ရက်လောက် ကြာတဲ့အခါ မိန်းကလေး ကိစ္စလည်း ဖြစ်တော့ gym ဆော့တာကို နားလိုက်တယ်။ အဲ့ချိန်မှာ စိတ်က ဂယောက်ဂယက်တွေ ဖြစ်တယ်။

စိတ်ဓာတ် အတက် အကျတွေ ဖြစ်တော့ မိန်းကလေး ကိစ္စဖြစ်တဲ့အချိန်မှာလည်း မိန်းကလေးတွေက အဲ့ဒါမျိုး ဖြစ်တတ်တော့ အဲ့ဒါကြောင့် ဖြစ်တယ်လို့ပဲ ကိုယ်က တွေးလိုက်တယ်။အဲ့နောက်မှာ ဘာဆက်ဖြစ်လဲဆိုတော့ မျက်နှာ တစ်ခြမ်းက ယောင်ပြီး ဖောင်းလာတယ်။

လက်တွေ ခြေထောက်တွေကလည်း ဖောပြီး ယောင်လာတယ်။ ဆေးခန်းသွားပြတော့ ဆရာဝန်ကလည်း ထုံးစံအတိုင်း gym ကစားလို့ ကြွက်သားတွေ ယောင်တာ ထင်တယ်ပေါ့။ မခံနိုင်ဘူးဆိုရင် ခဏ gym နားဆိုတာနဲ့ နားလိုက်တယ်။

လူတွေက stess များလာတဲ့အချိန်ဆို အလိုလို အချိုကို တောင့်တလာတတ်ကြတယ်။gym နားလိုက်တဲ့အချိန်မှာ ဘာဖြစ်လာလည်း ဆိုတော့ ပုံမှန်ဆို အချိုမကြိုက်တဲ့သူက အချိုတွေပဲ စားချင်နေတယ်။

အဲ့ချိန်က မလှိုင်လုံးတွေ စားတယ်။ နွားနို့ဆိုလည်း ချိုနေတာပဲ သောက်တယ်။အစကတော့ မသိဘူး ကိုယ်ကလည်း gym ပြန်ဆော့မှာပဲဆိုပြီး အချိုတွေပဲစားတယ်။

နောက်တော့ တစ်ကိုယ်လုံးနာတာတွေကို မခံနိုင်တော့ စိတ်တွေကလည်း တက်လိုက် ကျလိုက်ဆိုတော့ နားလည်တဲ့သူကို ဒီဆေးသောက်တယ် ဒီလိုတွေ ဖြစ်တယ်ဆိုပြီး မေးကြည့်တော့ သူက အဲ့ဆေးကို ဖတ်ကြည့်လိုက်တဲ့အခါမှာ အဲ့ဆေးက steroid တွေ ဖြစ်နေတယ်ပေါ့။

အဲ့ဒါ ပုံမှန်ထက်လည်း အမောက မခံနိုင်တဲ့အခါ တစ်လနားမယ်ဆိုပြီး gym နားလိုက်တယ်။gym က သိတဲ့ trainer အမက ပြောတဲ့အခါကျမှ အဲ့ဆေးအကြောင်းကို သေချာသိတော့တယ်။

အဲ့ဆေးက မိန်းကလေးတွေကို ပေးရတဲ့ဆေး မဟုတ်ဘူး။ ယောက်ျားလေး သောက်ရတဲ့ဆေး အားကစားလုပ်မယ့်သူတွေ ပြိုင်ပွဲဝင်မယ့်သူတွေ ပြိုင်ပွဲဝင်ခါနီးမှာ ထုတင်တဲ့ဆေး ဖြစ်နေတာ။ အဲ့ဆေးက အဆီတွေကို မြန်မြန်ချေဖျက်တယ်။

ကစားရင် ကစားသလောက် ကြွက်သားတွေကြီးထွားစေတဲ့ဆေးဆိုတော့ ယောကျ်ားလေး ဟော်မုန်းဖြစ်စေတဲ့ ဆေးပေါ့။အဲ့ဆေးသောက်နေတုန်းက ကိုယ့်ကို နှုတ်ခမ်းမွှေးတွေ ပေါက်လာတာလားနဲ့ လာလာမေးကြတယ်။

ယောကျ်ားလေးတွေလိုတော့ ကြမ်းကြမ်းကြီးတွေ ထွက်လာတာ မဟုတ်ပေမဲ့ နှုတ်ခမ်းမွှေးလေးတွေ ပေါက်လာတာပေါ့။ကိုယ်က ဘယ်လောက် ဝဝ မျက်နှာလေးက သေးသေးလေးပဲ။ အဲ့ဆေးသောက်တုန်းကဆို မျက်နှာက မေးနှစ်ထပ်နဲ့ ဖောင်းပြီး ယောင်လာတယ်။ လက်တွေဆိုလည်း ယောင်လာတယ်။

ဘယ်နေရာ အဆိုးဆုံးလဲဆိုရင် တင်ပါးက ၄၃ ထိ ဖြစ်သွားတယ်။ ကျန်းမာရေးက အခုချိန်ထိတော့ ကောင်းနေတာပဲ။ဒါပေမဲ့ အထဲမှာ ဘာတွေ ဖြစ်လဲဆိုတာတော့ ကိုယ့်မျက်စိနဲ့ ကိုယ် မမြင်နိုင်ဘူးလေ။

သေချာတာ တစ်ခုက အဲ့ဆေးတွေ သောက်တဲ့အချိန်မှာ စိတ်က ပုံမှန် မဟုတ်ဘူး။ဆေးက ကျားဟော်မုန်းဆေး ဖြစ်နေလို့လား မသိဘူး အဲ့ချိန်မှာ ရည်းစားမရှိတာ ကံကောင်းသွားတယ်။

ရည်းစားလည်း မထားချင်ဘူး။ ယောကျ်ားလေးတွေကို စိတ်မဝင်စားပဲ ကောင်မလေးတွေကိုပဲ စိတ်ဝင်စားလာတယ် အဲ့စိတ်ကတော့ သိသာတယ်။ကိုယ်က လှချင်တယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ပြီးမှ သောက်ပါ ကိုယ့်ဘာသာ မသောက်ပါနဲ့။

ကိုယ့်ကို ဆေးရောင်းတဲ့သူကို ပြောချင်တာက သူကိုယ်တိုင်တောင် အဲ့ဒါကို သိရဲ့လား မသိဘူး။သူက professional တစ်ယောက်ဖြစ်လို့ သူ့ကို ယုံကြည်လိုက်မိတာ။ နောက်ပြီး အဲ့လို ဖြစ်တာက ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။

သူ့ကိုလည်း ဆင်ခြင်စေချင်တယ်။ အဲ့လို မှားပေးလိုက်တာက ရှင်ယွန်းတို့ဆို ခံနိုင်ရည်ရှိလို့လေ ခံနိုင်ရည်မရှိတဲ့သူဆို တစ်ခုခုတောင် ဖြစ်သွားနိုင်တယ်။ဆေးတွေက အရမ်းပြင်းတော့လေ။ ” ဆိုကာ သူမရဲ့ ဆေးမှားသောက်ခဲ့မိတဲ့အကြောင်းကို အခုလိုပဲ ရှင်းပြခဲ့ပါတယ်။