ကမ္ဘာမေကြဘူး” သီခ်င်း ပိုင်ရွင် တေးရေး နိုင်ျမန္မာကြယ္လြန်သြားရွာပြီအသိဉာဏ်ပညာ၊ဆင်ခြင်တုံတရားနှင့် ဒီမိုက
ရေစီစနစ် ဒီနေ့ ကမ္ဘာမကြေဘူး သီချင်းရဲ့ ဖန်တီးရှင် တေးရေးနိုင်မြန်မာနဲ့တွေ့ခဲ့တယ်။
အဓိက ကလက်ရှိ ည ၈နာရီတိုင်း သူ့သီချင်းတွေဆိုနေတဲ့ အကြောင်းကို အင်တာဗျူးလုပ်ဖို့ပါပဲ။ဆရာနိုင်မြန်မာက
အသက်(၆၃)နှစ်ရှိပြီ။လူပုံကတုတ်တုတ်ခိုင်ခိုင် ခန္ဓာကိုယ်က ၀၀လုံးလုံးအသားညိုညိုနဲ့ လက်ခလယ်ကြားမှာ မယ်ခွေ
ပဲအမြဲနေတယ်။

၈၈ အရေးအခင်းဖြစ်တော့ သီချင်းရေးတဲ့သူဖြစ်တဲ့အလျှောက် တွေ့နေမြင်နေရတာတွေကို အများသူငါလိုပဲ မခံနိုင်လို့
တော်လှန်ရေးသီချင်းတွေ ရေးခဲ့တယ်။ စုစုပေါင်း ခုနစ်ပုဒ်လောက်ရှိတယ်။
သီချင်းခြောက်ပုဒ်က ကိုယ်ပိုင်သံစဉ်ဖြစ်ပြီးတော့ ကမ္ဘာမကြေဘူးဆိုတဲ့ သီချင်းတစ်ပုဒ်တည်းပဲ Dust in the wind
ကို သံစဉ်ယူပြီး ပြန်မွမ်းမံထားတာပါ။
အဓိကကတော့ လူတွေလိုက်ဆိုဖို့ လွယ်တဲ့သီချင်းကို သံစဉ်ယူပြီးစာသားထည့်ထားတာပါ။ပြီးတော့ သူ့ရဲ့ မြောက်ဥက္က
လာပက နွားခြံထဲမှာပဲ သီချင်းလေ့ကျင့် အသံသွင်း။

အသံသွင်းတော့ လူငယ် ၁၄ ယောက်ပါခဲ့တယ်။ မိန်းကလေး ၁ဝ ယောက်၊ ယောက်ျားလေး လေးယောက်။ အားလုံးကို
သူ့နွားခြံရှိတဲ့ ရပ်ကွက်ထဲကနေ ခေါ်ထားကြတာ။
(သီချင်းသမိုင်းကြောင်းက သူ့အင်တာဗျူးတွေကြည့်ပြီးတဲ့ လူတော်တော်များများ သိပြီးကြပါပြီ)ဒီနေ့တွေ့တော့ သူပြော
တယ်။ ”၈ နာရီထိုးတိုင်းလူတွေ ကျွန်တော်ရေးခဲ့တဲ့ သီချင်းကိုဆိုကြတယ်။
ဒီသီချင်းက ၈၈ ပြီးကတည်းက ကျွန်တော်မပိုင်တော့ဘူး။ လူတွေအားလုံးပိုင်သွားပြီ။ ကျွန်တော်လည်း လေးနှစ်အရွယ်
ကျွန်တော့်သားနဲ့ ညတိုင်းအတူတူထွက်ဆိုတယ်”တဲ့။

မတရားမှုတွေ မရပ်တန့်သေးသရွေ့ ဒီသီချင်းက ဆက်ပြီးတော့ တိုက်ပွဲဝင်နေဦးမှာပဲ” ဟု သူက ဆိုတယ်။ သူက ဆက်
ပြောသေးတယ်။”လတ်တလော ပြည်သူတွေ သိပ်ညီညွတ်တယ်။ စည်းကမ်းရှိတယ်။
၈၈ တုန်းကလိုမျိုး သွေးထွက်သံယိုဖြစ်တာ မမြင်ချင်တော့ဘူး။ သွေးထွက်သံယိုဖြစ်တိုင်းလည်း အောင်မြင်တာမဟုတ်
ဘူး။ ဒီမိုကရေစီမှာ လူတွေကပါးနပ်ရမယ်။ အကွက်မြင်တတ်ရမယ်။ စိတ်ရှည်ရမယ်။
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်မြင်အောင်လုပ်ရမယ်” တဲ့။သူဆိုလိုချင်တာက ဒီအချိန်မှာဘယ်ဟာက ကျော့ကွင်း၊ ဘယ်
ဟာကခြေနင်းလဲဆိုတာ သိရမယ်ပေါ့ဗျာ။ ပြီးတော့ သူကလူငယ်တွေကို အားကိုးရှာပါတယ်။
တကယ်လည်းခေတ်က ၈၈ တုန်းကနဲ့မှ မတူတော့ဘဲ။ လူငယ်တွေက ပွင့်နေတဲ့ကောင်းကင်ကြီးအောက်မှာ
လွတ်လွတ်လပ်လပ် ပျံသန်းနေကြတာ။
ရုတ်တရက် ပိတ်လှောင်လိုက်ရင် ဘယ်လောက် မွန်းကျပ်လဲဆိုတာ ကောင်းကောင်းသိကြတယ်။ဟုတ်တယ်လေ။
အခုချိန်မှာ လူတိုင်းနီးပါး မနက်မိုးလင်း မျက်လုံးပွင့်လာတာနဲ့ စိတ်ကအလိုလိုကို မှိုင်းနေတာ။
ဟိုတစ်ခါ ထိန်ပင်အမှိုက်ပုံ မီးလောင်တုန်းက အူပြီးထွက်နေတဲ့ မီးခိုးမှိုင်းထဲ မတ်တတ်ရပ်နေကြရသလိုပဲ။ဒါနဲ့ သူက ”မ
တရားမွန်းကျပ်အောင်လုပ်တဲ့ သူတိုင်းကိုအသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ပေါင်းပြီး အိပ်မက်ထဲကနေပြီးတော့
တောင် ဆန့်ကျင်ရမယ်” တဲ့။
ဒါက ဘယ်လိုအခြေအနေမျိုးမှာမဆို လုပ်ဖို့ပြောတာ။”အခုအချိန်မှာ လူတိုင်းလူတိုင်း သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေး
တွေကို တောင်းဆိုနေကြတယ်။
ဒါက သူတို့အခွင့်အရေးပဲ၊ သူတို့ထုတ်ဖော်တောင်းဆိုရမှာပဲ။ လူတစ်ယောက်အနေနဲ့ ကြိုက်တာကို ကြိုက်တယ်။ မ
ကြိုက်တာကို မကြိုက်ဘူးဆိုတဲ့
အခွင့်အရေးမျိုးကတော့ ဘယ်လိုတိုင်းပြည်မှာမဆို ရှိသင့်တယ်။ ကျွန်တော်တို့တိုင်းပြည်မှာ မရှိရင်လည်းအနုနည်း၊
ငြိမ်းချမ်းတဲ့နည်းနဲ့ ရအောင်ယူရမှာပဲ” တဲ့။
&
;
Credit
Zawgyi
ကမာၻေမၾကဘူး” သီခ္င္း ပိုင္႐ြင္ ေတးေရး ႏိုင္်မႏၼာၾကၾယႅန္ၾသား႐ြာၿပီအသိဉာဏ္ပညာ၊ဆင္ျခင္တုံတရားႏွင့္ ဒီမိုကေရစီစန
စ္ ဒီေန႔ ကမာၻမေၾကဘူး သီခ်င္းရဲ႕ ဖန္တီးရွင္ ေတးေရးႏိုင္ျမန္မာနဲ႔ေတြ႕ခဲ့တယ္။
အဓိက ကလက္ရွိ ည ၈နာရီတိုင္း သူ႔သီခ်င္းေတြဆိုေနတဲ့ အေၾကာင္းကို အင္တာဗ်ဴးလုပ္ဖို႔ပါပဲ။ဆရာႏိုင္ျမန္မာက အသ
က္(၆၃)ႏွစ္ရွိၿပီ။လူပုံကတုတ္တုတ္ခိုင္ခိုင္ ခႏၶာကိုယ္က ၀၀လုံးလုံးအသားညိဳညိဳနဲ႔ လက္ခလယ္ၾကားမွာ မယ္ေခြပဲအၿမဲေန
တယ္။
၈၈ အေရးအခင္းျဖစ္ေတာ့ သီခ်င္းေရးတဲ့သူျဖစ္တဲ့အေလွ်ာက္ ေတြ႕ေနျမင္ေနရတာေတြကို အမ်ားသူငါလိုပဲ မခံႏိုင္လို႔ ေ
တာ္လွန္ေရးသီခ်င္းေတြ ေရးခဲ့တယ္။ စုစုေပါင္း ခုနစ္ပုဒ္ေလာက္ရွိတယ္။
သီခ်င္းေျခာက္ပုဒ္က ကိုယ္ပိုင္သံစဥ္ျဖစ္ၿပီးေတာ့ ကမာၻမေၾကဘူးဆိုတဲ့ သီခ်င္းတစ္ပုဒ္တည္းပဲ Dust in the wind ကို သံ
စဥ္ယူၿပီး ျပန္မြမ္းမံထားတာပါ။
အဓိကကေတာ့ လူေတြလိုက္ဆိုဖို႔ လြယ္တဲ့သီခ်င္းကို သံစဥ္ယူၿပီးစာသားထည့္ထားတာပါ။ၿပီးေတာ့ သူ႔ရဲ႕ ေျမာက္ဥကၠ
လာပက ႏြားၿခံထဲမွာပဲ သီခ်င္းေလ့က်င့္ အသံသြင္း။
အသံသြင္းေတာ့ လူငယ္ ၁၄ ေယာက္ပါခဲ့တယ္။ မိန္းကေလး ၁ဝ ေယာက္၊ ေယာက္်ားေလး ေလးေယာက္။ အားလုံးကို
သူ႔ႏြားၿခံရွိတဲ့ ရပ္ကြက္ထဲကေန ေခၚထားၾကတာ။
(သီခ်င္းသမိုင္းေၾကာင္းက သူ႔အင္တာဗ်ဴးေတြၾကည့္ၿပီးတဲ့ လူေတာ္ေတာ္မ်ားမ်ား သိၿပီးၾကပါၿပီ)ဒီေန႔ေတြ႕ေတာ့ သူေျပာတ
ယ္။ ”၈ နာရီထိုးတိုင္းလူေတြ ကြၽန္ေတာ္ေရးခဲ့တဲ့ သီခ်င္းကိုဆိုၾကတယ္။
ဒီသီခ်င္းက ၈၈ ၿပီးကတည္းက ကြၽန္ေတာ္မပိုင္ေတာ့ဘူး။ လူေတြအားလုံးပိုင္သြားၿပီ။ ကြၽန္ေတာ္လည္း ေလးႏွစ္အ႐ြယ္
ကြၽန္ေတာ့္သားနဲ႔ ညတိုင္းအတူတူထြက္ဆိုတယ္”တဲ့။
မတရားမႈေတြ မရပ္တန႔္ေသးသေ႐ြ႕ ဒီသီခ်င္းက ဆက္ၿပီးေတာ့ တိုက္ပြဲဝင္ေနဦးမွာပဲ” ဟု သူက ဆိုတယ္။ သူက ဆက္ေျ
ပာေသးတယ္။”လတ္တေလာ ျပည္သူေတြ သိပ္ညီၫြတ္တယ္။ စည္းကမ္းရွိတယ္။
၈၈ တုန္းကလိုမ်ိဳး ေသြးထြက္သံယိုျဖစ္တာ မျမင္ခ်င္ေတာ့ဘူး။ ေသြးထြက္သံယိုျဖစ္တိုင္းလည္း ေအာင္ျမင္တာမဟုတ္
ဘူး။ ဒီမိုကေရစီမွာ လူေတြကပါးနပ္ရမယ္။ အကြက္ျမင္တတ္ရမယ္။ စိတ္ရွည္ရမယ္။
ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေအာင္ျမင္ေအာင္လုပ္ရမယ္” တဲ့။သူဆိုလိုခ်င္တာက ဒီအခ်ိန္မွာဘယ္ဟာက ေက်ာ့ကြင္း၊ ဘယ္ဟာ
ကေျခနင္းလဲဆိုတာ သိရမယ္ေပါ့ဗ်ာ။ ၿပီးေတာ့ သူကလူငယ္ေတြကို အားကိုးရွာပါတယ္။
တကယ္လည္းေခတ္က ၈၈ တုန္းကနဲ႔မွ မတူေတာ့ဘဲ။ လူငယ္ေတြက ပြင့္ေနတဲ့ေကာင္းကင္ႀကီးေအာက္မွာ လြတ္လြတ္
လပ္လပ္ ပ်ံသန္းေနၾကတာ။
႐ုတ္တရက္ ပိတ္ေလွာင္လိုက္ရင္ ဘယ္ေလာက္ မြန္းက်ပ္လဲဆိုတာ ေကာင္းေကာင္းသိၾကတယ္။ဟုတ္တယ္ေလ။ အခုခ်ိ
န္မွာ လူတိုင္းနီးပါး မနက္မိုးလင္း မ်က္လုံးပြင့္လာတာနဲ႔ စိတ္ကအလိုလိုကို မႈိင္းေနတာ။
ဟိုတစ္ခါ ထိန္ပင္အမႈိက္ပုံ မီးေလာင္တုန္းက အူၿပီးထြက္ေနတဲ့ မီးခိုးမႈိင္းထဲ မတ္တတ္ရပ္ေနၾကရသလိုပဲ။ဒါနဲ႔ သူက ”မ
တရားမြန္းက်ပ္ေအာင္လုပ္တဲ့ သူတိုင္းကိုအသိပညာရွင္၊ အတတ္ပညာရွင္ေတြနဲ႔ ေပါင္းၿပီး အိပ္မက္ထဲကေနၿပီးေတာ့ေ
တာင္ ဆန႔္က်င္ရမယ္” တဲ့။
ဒါက ဘယ္လိုအေျခအေနမ်ိဳးမွာမဆို လုပ္ဖို႔ေျပာတာ။”အခုအခ်ိန္မွာ လူတိုင္းလူတိုင္း သူတို႔ရသင့္ရထိုက္တဲ့ အခြင့္အေရးေ
တြကို ေတာင္းဆိုေနၾကတယ္။
ဒါက သူတို႔အခြင့္အေရးပဲ၊ သူတို႔ထုတ္ေဖာ္ေတာင္းဆိုရမွာပဲ။ လူတစ္ေယာက္အေနနဲ႔ ႀကိဳက္တာကို ႀကိဳက္တယ္။ မႀကိဳက္
တာကို မႀကိဳက္ဘူးဆိုတဲ့
အခြင့္အေရးမ်ိဳးကေတာ့ ဘယ္လိုတိုင္းျပည္မွာမဆို ရွိသင့္တယ္။ ကြၽန္ေတာ္တို႔တိုင္းျပည္မွာ မရွိရင္လည္းအႏုနည္း၊ ၿငိမ္းခ်
မ္းတဲ့နည္းနဲ႔ ရေအာင္ယူရမွာပဲ” တဲ့။
Credit



