ၾကားသိရသမွ်

နွားနို့ခိုးသောက်လို့ ရိုက်နှက်ခံရပြီး ဒဏ်ရာတွေကြောင့် ပျံလွန်တော်မူသွားတဲ့ သက်တော် (၉)နှစ်အရွယ်ကိုရင်လေးတစ်ပါး

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စု မိုင်းကောင်ကျေးရွာရှိ ကိုရင်လေးတစ်ပါး နွားနို့ ခိုးသောက်တာကြောင့် ရိုက်နှက်ခံရပြီးနောက် ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဩဂုတ် (၂၄)ရက်နေ့မှာ ကျောင်းရှိကိုရင်လေးတွေဟာ သန့်ရှင်းရေးလုပ်အပြီးမှာ သက်တော် (၉)နှစ်အရွယ် ကိုရင်လေးတစ်ပါးက နွားနို့ခိုးသောက်တာကြောင့် ဦးဇင်းတစ်ပါး ရိုက်နှက်ဆုံးမပြီးနောက် ဒဏ်ရာတွေကြောင့် စက်တင်ဘာ (၃)ရက်နေ့မှာ ပျံလွန်တော်မူသွားတာဖြစ်ပါတယ်။

ကိုရင်လေးဟာ ဆယ်ချက်ကျော် အရိုက်ခံခဲ့ရသလို အရိုက်ခံရပြီးနောက်မှာလည်း ခေါင်းကိုက်ပြီး သုံးလေးရက်အကြာမှာတော့ လေဖြတ်သလိုဖြစ်ကာ ခြေထောက်တွေမလှုပ်နိုင်တော့ဘူးလို့ မိသားစုဝင်တွေက ဆိုပါတယ်။

ကိုရင်လေးဟာ အရင်က အတက်ရောဂါအခံရှိသူဖြစ်ပြီး မိဘနှစ်ပါးစလုံးကလည်း ထိုင်းနိုင်ငံမှာရောက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ရိုက်နှက်ခံရပြီးနောက် ပျံလွန်တော်မူသွားတဲ့ ကိုရင်လေးနဲ့ ပတ်သက်ပြီးတော့ ဆရာတော်တွေ၊ ရပ်ရွာဥက္ကဌတွေဟာ ဆွေးနွေးမှုတစ်စုံတစ်ရာ ပြုလုပ်ပေးတာ မရှိသေးဘူးလို့လည်း သိရပါတယ်။

ကိုရင်လေးရဲ့ မိသားစုဝင်တွေကတော့ ကိုရင်လေးကို အခုလို ညိုမဲအောင် ရိုက်နှက်ဆုံးမတာကို မဖြစ်သင့်သလို ဆုံးမရင်လည်း အသက်အန္တရာယ်ဖြစ်စေနိုင်မယ့် ပြစ်ဒဏ်မပေးသင့်တဲ့အကြောင်းတွေနဲ့ ရိုက်နှက်ဆုံးမခဲ့တဲ့ ဦးဇင်းဖြစ်သူလည်း ဝန်ခံစေချင်တယ်ဆိုပြီး စိတ်မကောင်းစွာပြောပြထားပါတယ်။

unicode







credit original writer