မိဘတို့ဧ။် မေတ္တာကျေးဇူးတရားတို့သည် ကြီးမားလွန်းသော်လည်း သိတတ်သော သားသမီးများအဖို့ ပြန်ဆပ်ရန်ကြိုးစားတတ်ကြပြီး မသိတတ်သူများအဖို့ မိဘတွေမှာ မည်မျှအသက်ကြီးနေပြီဖြစ်စေ ရှာကျွေးနေရဆဲဖြစ်ကာ ရင်နာစရာကောင်းလှပေသည်။
သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အသက်၇၆နှစ်အရွယ် ဖခင်တစ်ဦးသည် သားသမီးတွေအပေါ် ငယ်စဉ်လေးတည်းက အလွန်အနစ်နာခံပြီး ရှာကျွေးခဲ့သော်လည်း အရွယ်ရောက်လာသည့်တိုင် ဘာအလုပ်မှမလုပ်ပဲ မိဘအရိပ်လုပ်စာသာ အခန့်သားစားခဲ့သည်။
ထို့ကြောင့် အဖိုးအိုသည် အသက်ကြီးလာပြီး အားအင်များချည့်နဲ့ကာ ပြိုလဲလုနီးပါးဖြစ်နေသည့်တိုင်အောင် လမ်းမပေါ်ထွက်ပြီး မိသားစု စားဝတ်နေရေးအတွက်ကို ဆိုက်ကားနင်းပြီး ဝင်ငွေရှာနေရဆဲဖြစ်သည်။
အဖိုးအိုသည် နေ့စဉ်နေ့တိုင်း လမ်းမပေါ်ထွက်ပြီး ဆိုက်ကားနင်းရသည့်အတွက် ပင်ပန်းနွမ်းနွယ်နေသော်လည်း မနားရပဲရှိကာ နေပူသောနေ့တွင် အလွန်မောဟိုက်ပြီး အသက်ရှုမဝဖြစ်ရင်း လမ်းဘေးတွင် ဆိုက်ကားပေါ်မှာမှောက်လျက်သား ဆုံးပါးသွားခဲ့ရာ မြင်တွေ့သူများအနေနှင့် အဖိုးအိုအတွက် စိတ်မကောင်းဖြစ်ခဲ့ကြရသည်။
Rain (For Ialinks)
Unicode