အစီအစဉ် တင်ဆက်သူ ဦးကျော်သက်လင်း ကို မိဘက အမွေပြတ် စွန့်လွှတ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန (MRTV) တွင် အစီ အစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာ ဏာသိမ်းပြီးနောက် လူထု
အ ဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဦးကျော်သက်လင်းကို ၎င်း ၏ မိဘ၂ ပါးက အမွေပြတ် စွန့်လွှတ်ကြောင်း ကြေ
ညာသည်။နိုဝင်ဘာလ၂၁ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဦးကျော်သက်လင်း၏ မိဘများဖြစ်သည့် ဦးမြသိန်းထွန်းနှင့် ဒေါ်ခင်တိုးမြင့်တို့
ငှားရမ်းထားသည့် ရှေ့နေ ဒေါ်ဖြူမြတ်သွယ်က ကြေညာထားခြင်း ဖြစ်သည်။
သားဖြစ်သူ ဦးကျော်သက်လင်းသည် မိဘများ၏ ဆို ဆုံးမမှုကို မနာခံဘဲ မိဘများ ခွင့်မလွှတ်နိုင်သည့် ကိစ္စများအား ဆောင်ရွက်နေသဖြင့်
သားအဖြစ်မှ စွန့်လွှတ်ကြောင်း၊ နောက်နောင် ဦးကျော်သက်လင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များအား မိသားစုမှ တာဝန်ယူ ဖြေရှင်းပေး
မည် မဟုတ်ကြောင်း အများသိစေရန် ကြေညာခြင်းဖြစ် သည်ဟု ကြေညာချက်တွင် ပါရှိသည်။
ထို့အတူ ဦးကျော်သက်လင်း၏ ဇနီးဖြစ်သူ ဒေါ်မြမြဝင်းကလည်း ဦးကျော်သက်လင်းသည် လွန်ခဲ့သော ၉ လခန့်မှစတင်ကာ အိမ်ပေါ်မှ ဆင်း
သွားပြီး မိသားစုနှင့် မဆက်သွယ်ဘဲ ၎င်း၏ စိတ်ဆန္ဒအတိုင်း ပြုမူနေထိုင်နေကြောင်း နိုင်ငံပိုင် သတင်းစာတွင် အများသိစေရန် ကြေ ညာ
ထားသည်။
ဒေါ်မြမြဝင်းနှင့် ဦးကျော်သက်လင်းတို့သည် စိတ်သ ဘောထားခြင်း မတိုက်ဆိုင်သဖြင့် အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခြင်း မ
ရှိတော့သောကြောင့် ဦးကျော်သက်လင်းနှင့် ပတ်သက်သည့် ကိစ္စများအား တာ ဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း ကြေညာချက်တွင်
ရေးသားထားသည်။
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ MRTV တွင် ဦးစီးအရာရှိအဖြစ် လုပ်ကိုင်ခဲ့ဖူးသော ဦးကျော်သက်လင်းသည် လက်ရှိတွင်
လက်နက်ကိုင် နယ်မြေတခုသို့ ရောက်ရှိနေကြောင်း နိုဝင်ဘာလ ၁၁ ရက်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့သည်။
ထိုသို့တင်ခဲ့ပြီးနောက် ၎င်း၏ မိဘဖြစ်သူနှင့် ဇနီးဖြစ်သူတို့က ဦးကျော်သက်လင်းနှင့် မပတ်သက်တော့ကြောင်း ရှေ့နေမှ တဆင့်
ကြေညာချက် ထုတ်လာခြင်း ဖြစ် သည်။ထိုကဲ့သို့ မိဘဖြစ်သူနှင့် ဇနီးဖြစ်သူတို့က ကြေညာချက်ထုတ်လာခြင်းနှင့် ပတ်သက်ပြီး ဦးကျော်
သက်လင်းက “ခုချိန်ထိတော့ အောင့်လာတဲ့ ဘယ်ဘက်ရင်အုံကို ဖိရင်း တည်ငြိမ်စွာရင်ဆိုင်လျက်ပါ” ဟု ၎င်း၏ Facebook လူမှုကွန်ရက်
စာမျက်နှာတွင် ရေးသားထားသည်။