Q စင်တာအတွင်း ဖောင်းဒိုင်းလုပ်ခဲ့တဲ့ ကိုဗစ်လူနာနဲ့ သူနာပြုတို့ကိုထောင်၁၀နှစ်စီချမည်
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ ဝိစမာအာ့တလက်အားကစားကျေးရွာကွာရန်တင်းစင်တာတွင်ကိုဗစ် လူနာတစ်ဦးနှင့် သူနာပြုတစ်ဦးတို့ ဖောင်းဒိုင်းလုပ်ခဲ့ကြသည်ဟူသော စွပ်စွဲချက်များကိုဂျကာတာမြို့ အာဏာပိုင်တို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါတယ်။
လူနာကိုယ်တိုင်ကအဆိုပါဖြစ်ရပ်ကို လူမှုကွန်ရက်တွင်ပို့စ်တင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ဝိစမာအာ့တလက်(သို့မဟုတ်)ကမာယိုရန် (Kemayoran) အားကစားကျေးရွာသည်ဂျကာတာမြို့လယ်တွင် တည်ရှိပြီး
၂၀၁၈ ခုနှစ်၊ အာဆီယံ အားကစားပွဲတော် အတွက်တည်ဆောက်ထားခဲ့ခြင်းဖြစ်ကာ ယခုအခါ ကွာရန်တင်းစင်တာအဖြစ် ပြောင်းလဲထားခြင်းလည်း ဖြစ်ပါတယ်။
ပြီးခဲ့သောသောကြာနေ့က ကမာယိုရန် ကွာရန်တင်းစင်တာမှ ကိုဗစ်လူနာတစ်ဦးသည် သူနာပြုနှင့်ဝပ်အက်မှတဆင့် စကားပြောခဲ့ကြပုံများကို ss ရယူကာ တွစ်တာလူမှုကွန်ရက်တွင်တင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ပြောကြားထားသော စကားများအရ ရေချိုးခန်းထဲတွင်ဖောင်းဒိုင်းခဲ့ကြသည်ကို ဖော်ပြနေပါတယ်။
အဆိုပါလူနာက သူနာပြု၏ PPE ဝတ်စုံကိုဓာတ်ပုံရိုက်ကာ တင်ခဲ့ပါတယ်။ သူနာပြုသည် လူနာနှင့်ဖောင်းဒိုင်းချိန်တွင် PPE ဝတ်စုံကို ချွတ်ထားခဲ့တယ်လို့ ယူဆရပါတယ်။
Zawgyi
Credit