ၾကားသိရသမွ်

အတိုင်ပင်ခံရဲ့ သက်တော်စောင့် ချယ်ရီထက် ရဲတပ်ဖွဲ့စည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ

အတိုင်ပင်ခံရဲ့ သက်တော်စောင့် ချယ်ရီထက် ရဲတပ်ဖွဲ့စည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ

စင်္ကာပူ၊ နိုဝင်ဘာ ၂၁

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက်ဟာ ရဲတပ်ဖွဲ့စည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရတယ်လို့ စင်္ကာပူ CNA သတင်းထောက်က ရေးသားလာပါတယ်။

ဒုရဲအုပ်ချယ်ရီထက်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း သတင်းအစအနပျောက်သွားပြီး စက်တင်ဘာ ၂၁ ရက်နေ့မှာတော့ ချယ်ရီထက်ကို SAC က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ချယ်ရီထက် ဖမ်းဆီးခံရပြီးနောက် နေပြည်တော် အမှတ်(၁) မြို့မရဲစခန်းမှာ SAC ဘက်က တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရတာပါ။

လက်ရှိမှာတော့ ချယ်ရီထက်ကို ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ထားတယ်လို့ သိရပြီး ပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုထားမှုကိုလည်း ဆက်လက်ရင်ဆိုင်ရမယ်လို့ သိရပါတယ်။

ပုံစာ- စင်္ကာပူ သတင်းထောက်က ချယ်ရီထက်ထောင်ဒဏ် ကျခံရကြောင်း ရေးသားလာပုံ။

Mercury_Media

———

အတိုင္ပင္ခံရဲ႕ သက္ေတာ္ေစာင့္ ခ်ယ္ရီထက္ ရဲတပ္ဖြဲ႕စည္းကမ္း ေဖာက္ဖ်က္မႈနဲ႔ ေထာင္ဒဏ္ ၆ ႏွစ္ ခ္မြတၡံရ

စကၤာပူ၊ ႏိုဝင္ဘာ ၂၁

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သက္ေတာ္ေစာင့္ ဒုရဲအုပ္ခ်ယ္ရီထက္ဟာ ရဲတပ္ဖြဲ႕စည္းကမ္းေဖာက္ဖ်က္မႈနဲ႔ ေထာင္ဒဏ္ ၆ ႏွစ္ ခ်မွတ္ခံရတယ္လို႔ စကၤာပူ CNA သတင္းေထာက္က ေရးသားလာပါတယ္။

ဒုရဲအုပ္ခ်ယ္ရီထက္ဟာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ေနာက္ပိုင္း သတင္းအစအနေပ်ာက္သြားၿပီး စက္တင္ဘာ ၂၁ ရက္ေန႔မွာေတာ့ ခ်ယ္ရီထက္ကို SAC က ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ သိရပါတယ္။

ခ်ယ္ရီထက္ ဖမ္းဆီးခံရၿပီးေနာက္ ေနျပည္ေတာ္ အမွတ္(၁) ၿမိဳ႕မရဲစခန္းမွာ SAC ဘကၠ တရားလိုျပဳလုပ္ကာ ပုဒၼ ၅၀၅-က နဲ႔ အမႈဖြင့္ခံထားရတာပါ။

လက္ရွိမွာေတာ့ ခ်ယ္ရီထက္ကို ရဲစည္းကမ္းေဖာက္ဖ်က္မႈနဲ႔ ေထာင္ဒဏ္ ၆ ႏွစ္ ခ်မွတ္ထားတယ္လို႔ သိရၿပီး ပုဒၼ ၅၀၅-ကနဲ႔ တရားစြဲဆိုထားမႈကိုလည္း ဆက္လက္ရင္ဆိုင္ရမယ္လို႔ သိရပါတယ္။

ပုံစာ- စကၤာပူ သတင္းေထာက္က ခ်ယ္ရီထက္ေထာင္ဒဏ္ က်ခံရေၾကာင္း ေရးသားလာပုံ။

Mercury_Media