VPNအသုံးပြုပါက ထောင်ဒဏ်(၃)နှစ်အထိအပြစ်ပေးအရေးယူခြင်းခံရမည်
ဆန့်ကျင်သူများကို ပိုမိုနှိပ်ကွပ်နိုင်ရန် အချက်များထည့်သွင်းရေးဆွဲထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေပြဋ္ဌာန်းရန် စစ်ကောင်စီ
အပူတပြင်းကြိုးပမ်းလျက်ရှိသည်ကို Myanmar Now က ရရှိထားသည့် စာရွက်စာတမ်းအထောက်အထားများအရ သိရသည်..။
စစ်ကောင်စီက ၎င်းတို့ အချောသတ်ပြင်ဆင် ရေးဆွဲထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းအပေါ် ယခုလ =ဇန်နဝါရီ= ၁၃ ရက်စွဲဖြင့်
သဘောထားမှတ်ချက်တောင်းခံရာတွင် ဇန်နဝါရီ ၂၈ ရက် နောက်ဆုံးထားအကြောင်းပြန်ရန် အပူတပြင်း တောင်းဆိုထားသည်..။

စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက
သဘောထားမှတ်ချက်တောင်းခံရာတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနများအပြင် စီးပွားရေးနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ရယူထားသူများနှင့် ဘဏ်များလည်း ပါဝင်သည်..။
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး မတရားလုပ်ဆောင်နေသည်များကို ကမ္ဘာက သိသွားမည်ကို ကြောက်သဖြင့် ဆက်သွယ်ရေး
ယန္တရားများကို တားဆီးပိတ်ပင်နေခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ =NUG= ၏ တရား ရေးဝန်ကြီး ဦးသိန်းဦးက ဆိုသည်..။
မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ သူတို့အကျိုးစီးပွားအတွက် လုပ်တာဖြစ်တယ်။ သူတို့ရဲ့ မတရားလုပ်ဆောင်မှုတွေကို အမှောင်ချနိုင်ဖို့
အင်တာနက်ကို သူတို့နဲ့ဆန့်ကျင်သူမှန်သမျှ သုံးမရအောင် မသုံးရဲအောင် လုပ်တာဖြစ်တယ် ဟု ၎င်းက ပြောသည်..။
အမှောင်ကမ္ဘာကြီးထဲကို ရောက်အောင် ဆွဲခေါ်နေတာ ဖြစ်တယ်။ အလင်းထဲ =နည်းပညာခေတ်= ကို သွားနေတဲ့ ကမ္ဘာကြီးနဲ့
ပြောင်းပြန်ဖြစ်နေတယ်ဆိုက်ဘာလုံခြုံရေးဥပဒေ အတည်ပြုပြုဌာန်းရန် စစ်ကောင်စီက အာဏာသိမ်းပြီး ရက်ပိုင်းအကြာ ဖေဖော်ဝါရီလဆန်းတွင် ပထမဆုံးကြိုးပမ်းခဲ့ဖူးသည်..။

ထိုစဉ်က မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရရှိထားသူများထံ သဘောထားမှတ်ချက်
တောင်းခံသည့်အကြောင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာရာ စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး
ကို ဆိုးဆိုးရွားရွား ချိုးဖောက်ထားသည့်အတွက် လက်မခံနိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်..။
ထိုသို့သော ဝေဖန်ကန့်ကွက်မှုများကြောင့် ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို အတည်ပြုခဲ့ခြင်း မရှိသော်လည်း အာဏာသိမ်း
ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၅ ရက်စွဲဖြင့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်..။
ဆက်သွယ်ရေးဥပဒေပါ အချက်များအနက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက်ဖြင့် သတင်းတု သတင်းမှားဖြန့်ချိ
ခြင်း ကွန်ပျူတာ Malware များ ဖြန့်ချိခြင်း ဆိုက်ဘာတိုက်ခိုက်ခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်နိုင်သည်ဟု
ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။အထက်ပါအချက်များမှာ အပူတပြင်းပြဋ္ဌာန်းရန် စစ်ကောင်စီက စိုင်းပြင်းလာသည့် ဆိုက်ဘာလုံခြုံရေးဥပဒေတွင် ပါဝင်လျက်ရှိသည်..။
အခန်း ၁၈ ခန်းပါ ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို ပြီးခဲ့သည့် အောက်တိုဘာနှင့် ဒီဇင်ဘာလအတွင်း အချောသတ်ပြင်ဆင် ပြီးစီးခဲ့ကြောင်း စစ်ကောင်စီ၏ ဇန်နဝါရီ ၁၃ ရက်စွဲဖြင့် အကြောင်းကြားစာတွင် ဖော်ပြထားသည်..။

စစ်ကောင်စီက ပြဋ္ဌာန်းမည့် ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်း၏ ရည်ရွယ်ချက်များတွင် အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးကို
ထိခိုက်စေမည့် အီလက်ထရွန်နစ်နည်းပညာနှင့် ဆိုက်ဘာအသုံးပြုတိုက်ခိုက်ခြင်းများကို ကာကွယ်ရန်ဟု ပါရှိသည်..။
ဒီဂျစ်တယ်ပလက်ဖောင်းတွင် စည်းလုံးမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော ရေးသားဖော်ပြမှုမျိုးစုံနှင့် တည်ဆဲဥပဒေကို ဆန့်
ကျင်သည့် ရေးသားပြောဆို ဖော်ပြချက်များ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေရန် ရေးသားပြောဆို ဖော်ပြချက်များကို တားဆီးဖယ်ရှားရမည်ဟု ဆိုသည်..။
ထို့ပြင် VPN နည်းပညာအသုံးပြုခြင်း၊ ကွန်ပျူတာ Malware များ ထည့်သွင်းအသုံးပြုခြင်းနှင့် Digital ငွေကြေးအသုံးပြုခြင်းများကိုလည်း စစ်ကောင်စီပြဋ္ဌာန်းလိုသည့် ဆိုက်ဘာလုံခြုံရေးဥပဒေတွင် တားမြစ်ထားသည်..။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်ရေးသားမှုများ ဖြန့်ဖြူးရာ အင်တာနက်စာမျက်နှာများကို ကန့်သတ်ပိတ်
ပင်ထားရာ လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် Facebook ကြည့်ရှုလိုသူများအနေဖြင့် အွန်လိုင်းလှုပ်ရှားမှုများကို ခြေရာဖျောက်နိုင်သည့် VPN ခေါ် သီးသန့်ကွန်ရက်တစ်မျိုးကို မဖြစ်မနေ ထည့်သွင်းအသုံးပြုနေရသည်..။
ထိုသို့ VPN နည်းပညာအသုံးပြုပါက ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိဖြစ်စေ ငွေဒဏ် ကျပ်သိန်း ၅၀ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်..။

ထို့ပြင် အခြားသော အီလက်ထရောနစ်နှင့် ဆိုက်ဘာနည်းပညာဆိုင်ရာ ကန့်သတ်ချက်များ အရေးယူဆောင်ရွက်မည့် ပြစ်မှု ပြစ်ဒဏ်မျာ
းအကြောင်းလည်း ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲထားသည်ကို တွေ့ရသည်။ စစ်တပ်ဒုတိယအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ဥက္ကဋ္ဌ
အဖြစ် ဦးဆောင်စေလျက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီ ဖွဲ့စည်းရန်လည်း ဥပဒေကြမ်းတွင် ထည့်သွင်းထားသည်..။
ဆိုက်ဘာလုံခြုံရေးဥပဒေမှာ လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဖော်ခွင့်အပေါ် စစ်ကောင်စီ၏ နောက်စစ်မျက်နှာတစ်ခုဖြစ်ကြောင်း Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က Myanmar Now ကို ပြောသည်..။
အတည်ပြုဖြစ်ခဲ့ရင် ဒီတရားမဝင်ဥပဒေက လူ့အသက်တွေကို အန္တရာယ်ကျရောက်စေမှာ ဖြစ်ပါတယ်။ စစ်တပ်က
ဆက်သွယ်ရေးလုပ်ငန်းတွေအပေါ် ကန့်သတ်ချက်တွေ တိုးမယ် စောင့်ကြည့်တာတွေ လုပ်မယ် ဟု ၎င်းက ပြောသည်..။
စီးပွားရေးအသိုင်းအဝိုင်းအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းအားဖြင့် ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းအားလုံးကို အသုံးပြုကာ ဆိုက်ဘာလုံခြုံရေးဥပဒေကို ဆန့်ကျင်ရန်လည်း Justice For Myanmar အဖွဲ့က တောင်းဆိုသည်..။
ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်းဖြစ်ပါက စစ်ကောင်စီအလိုအရ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးသည်ဆိုသော စကားရပ်
အားဖြင့် မည်သည့်ရေးသားချက်ကိုမဆို ပိတ်ပင်ရန် သို့မဟုတ် ဖြုတ်ချရန် ဆက်သွယ်ရေးကုမ္ပဏီများက လိုက်နာဆောင်ရွက်ပေးရမည်ဖြစ်သည်..။
စစ်ကောင်စီက ဆက်သွယ်ရေးလုပ်ငန်းများကို ၎င်းတို့စိတ်တိုင်းကျ ကြားဖြတ်ထောက်လှမ်းနိုင်ရန် နိုင်လွတ်လုံ ဟု အတိုကောက်ခေါ်ဝေါ်
သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ကိုလည်း အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ပြင်ဆင်ခဲ့သည်
crd



