ၾကားသိရသမွ်

ဝပ်ရှော့မှာ ၄ သိန်းကျော်ကုန်ခဲ့တဲ့ ခွေးဘီးလူး (၅၀၀) ကျပ်တန် ကြိုးနဲ့မှ ကောင်းသွားတဲ့ အဖြစ်

ဝပ်ရှော့မှာ ၄ သိန်းကျော်ကုန်ခဲ့တဲ့ ခွေးဘီးလူး (၅၀၀) ကျပ်တန် ကြိုးနဲ့မှ ကောင်းသွားတဲ့ အဖြစ်

ဝပ်ရှော့ အကြိမ်ကြိမ်ရောက်ပြီး ၄ သိန်းကျော်ကုန်ခဲ့တဲ့ ခွေးဘီးလူး (၅၀၀) ကျပ်တန် ကြိုးနဲ့မှ ကောင်းသွားတဲ့ အဖြစ်.. “ခွေးကိုက်တယ်ဆိုတာ” ကျနော် ခွေးဘီလူးကားလေးတစ်စီး ဝယ်လာတယ်။ မောင်းကာစကတော့ အကောင်းဗျ၊ နောက်နေ့မနက် ကားလေးထုတ်ပြီး အပြင်သွားမလို့ စက်ကလေးနိုးလိုက်တော့၊ မနိုးချင်နိုးချင်နဲ့ နိုးလာတယ်ဗျာ.. စက်သံကလဲ မမှန်ဘူး၊ ဇောင့်.. ဇောင့်နဲ့ နိုးပြီး မောင်းလာတယ်..

အင်ဂျင်ပူလာရင်တော့ မောင်း ရတာအဆင်ပြေတယ်၊ ရပ်တာ နဲနဲကြာပြီး ပြန်နိုးရင် ပြန်ဖြစ်ရောဗျို့။ ထုံးစံအတိုင်း ဝပ်ရှော့ပြေးရတာပေါ့ဗျာ။ ဝပ်ရှော့ကတော့ လဲစရာရှိတာလဲပီပေါ့ဗျာ။ အင်ဂျင်ဝိုင်၊ ရေ၊ ပလပ် လဲရောဗျာ။ သူ့စီမှာတော့ အကောင်းဗျ၊ မိုးလင်းစက်စနိုးမှ ရောဂါကဖြစ်တာ။ နောက်တစ်ခါထပ်ပြီး ဝပ်ရှော့ ပြေးရပါလေရောဗျာ၊ ထိုက်သင့်သလောက်လဲ လဲပြီးပြီဆိုတော့၊ ဒီတစ်ခါရောဂါက ပလပ် ကွိုင်တဲ့ဗျာ၊ ပလပ်ကွိုင်စမ်းပြီး သုံးလုံးမှာ တစ်လုံးမကောင်းဘူးဆိုပြီး လဲရပါလေရောဗျာ၊ အိမ်ပြန်လာတော့လဲ အကောင်းပဲဗျို့ မနက်နိုးတော့ ထုံးစံအတိုင်းဖြစ်ပြန်ရောဗျာ။ ဝပ်ရှော့ပြန်ပြတော့၊ ဆရာသမားက စဉ်းစားတယ်ဗျ။ မီးကအဆင်မပြေတော့ ဆီကို ထပ်ရန်ရှာတယ်ဗျာ။

ဆီတိုင်ကီကို ဖြုတ်ချပြီး၊ ဆီပန့် အသစ်လဲရောဗျာ၊ ပရက်ရှာ မပြည့်လို့ ဆိုလားပဲ၊ အံမယ်အပြန် ကျတော့ မောင်းကောင်းတယ် အဆင်ပြေပြီလို့ စဉ်းစားမီတယ်.. အဲ.. မနက်ကျ ထိုနည်းလည်းကောင်းပါပဲဗျာ.. ဝပ်ရှော့ ထပ်သွားရပြီ ပေါ့ဗျာ။ မီးကော၊ ဆီကောလုပ်ပြီးပြီ၊ ဒီတစ်ခါ ဘားမလုံတာလို့ ပြောပြန်တယ်၊ ရင်းလဲ၊ ဘားကရိုင်းရမယ်လို့ ပြောပြန်တယ်၊ ခွဲပြီးကုရမယ်ပေါ့ဗျာ (ဆရာဝန် လိုပြောတာ) အာစရိကောင်းရင်ပြီးရော၊ ချသာချလို့ ပြောပြီး ကားထားခဲ့ တယ်။

၂ ရက်လောက်နေတော့ ရပြီ လာယူတော့လို့ပြောတာနဲ့ သွားယူခဲ့တယ်၊ ဟိုမောင်း၊ ဒီမောင်းစမ်းကြည့်တော့၊ ကောင်းမှကောင်းဗျာ၊ ပိုက်ဆံ ရှင်းပြီး ပြန်လာခဲ့တယ်ဗျာ။ မနက်မိုးလင်း ရေလေးဆေးပြီး လျှောက်သွားမယ်လို့ ကြံထားတယ်၊ စက်ကလေးနိုးတော့ ထုံးစံအတိုင်းနတ်ပူးပြီး တုန်နေပါ လေရောဗျာ။ စိတ်တွေတိုပြီး ကားကိုမီးရှို့ချင်စိတ်၊ ပြင်ပေးတဲ့သူကို လုပ်ပစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်ဗျာ။ ငွေကော၊ အချိန်ကော အကုန်ခံပြီးပြင်တာ ကောင်းမလာတော့ စိတ်တိုပြီလေဗျာ။

ဒီပြင့် ဝပ်ရှော့တွေ ပြတော့ ထိုနည်းလည်းကောင်းတွေ များတယ်ဗျာ။ စိတ်ညစ်ညစ်နဲ့ ပြင်နေကျ ဝပ်ရှော့နားက Tea ဆိုင်မှာထိုင်နေတယ်၊ ဝပ်ရှော့ဆရာကတော့ အင်ဂျင်အသစ်လဲရမယ့်ပုံတွေ ပြောနေတယ်ဗျာ။ Tea ဆိုင်မှာ အတူထိုင်နေတဲ့ လိုင်းကားမောင်းတဲ့ ဘိုးတော်တစ်ယောက်က ကားကိုကြည့်ပြီး စဉ်းစားနေတယ်၊ ကျနော် ကားကို အစအဆုံးပြင်နေတာ သူလဲမြင်နေတာပဲ.. လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က သူဒိုင်နာကားအသစ်ကြီးမှာ ဒီလိုပုံစံမျိုးဖြစ်ဖူးတယ်လို့ပြောလာတယ်။

ကွန်ပြူတာဘောက်စ်ပါတော့ တူမလား မသိဘူးဖြစ်နေတယ် ပျက်ချင်ပျက်ပါစေ၊ စမ်းကြည့် စမ်းပါဗျာလို့ ပြောလိုက်တယ်။ ဝါယာကြိုးတုတ်တုတ် ၃ ပေ လောက် ဝယ်ခိုင်းလို့ သွားဝယ် ပေးလိုက်တယ်။ ကားဘေးသွားပြီး ဘက်ထရီအိုးနားမှာထိုင်ပြီးလုပ်နေတယ်.. ဘာတွေလုပ်မှန်းတောင် မသိပါဘူးဗျာ၊ စိတ်ညစ်လို့ Tea ထိုင်သောက်နေလိုက်တယ်ဗျာ။ ၁၀ မိနစ်လောက်နေတော့ ထွက်လာတယ်၊ ရပြီ ညီလေး နိုးကြည့်လိုက်တဲ့.. မယုံတစ်ဝက်၊ ယုံတစ်ဝက်နဲ့ ရရင်အမြတ်ပဲဆိုပြီး ကားပေါ်တက် စက်နိုးလိုက်တယ်ဗျ။

စက်နိုးလိုက်တာများ ဒေါက်ဝှီး ပဲဗျာ၊ ကို့နားကိုယ်တောင်မယုံ ဘူးဗျို့၊ အင်ဂျင်လဲ မတုန်တော့ဘူး၊ ဒါနဲ့ပတ်မောင်းကြည့်တာ အဆွဲအရုန်း၊ စက်သံလေးလဲ ညက်လိုက်ဗျာ။ ကောင်းမှကောင်း ဗျို့။ နောက်တစ်နေ့မနက်နိုးလည်း ဒေါက်ဝှီးပဲဗျာ။ ဒါနဲ့ ကျေးဇူးတွေတင်ပြီး၊ ပြင်ပေးတဲ့ ဘိုးတော်ကို ဥာဏ်ပူဇော်ခ သုံးသောင်းပေးလိုက်တယ်ဗျာ။ ဝါယာကြိုးဖိုး ၅ ရာလောက်နဲ့ ကားကကောင်းသွားတယ်ဗျာ.. အရင်က ၄ သိန်းကျော်ကုန်သွားတဲ့ ငွေတွေဟာ အလွန်နှမျောစရာကောင်းတယ်ဗျာ။ နောက်ဝယ်တဲ့ ခွေးဘီလူးမှန်သမျှကို ဒီနည်းလေးနဲ့လုပ်လိုက်တာ ကောင်းမှကောင်းဗျာ။ မိတ်ဆွေတို့လဲ ခွေးမကိုက်ခံရအောင် ဒီနည်းလေးပေးမယ်ဗျာ ကျနော်လိုမခံရအောင်၊ ငွေမကုန်အောင်ပေါ့ဗျာ။

ကျနော်က ဝါယာလေး ၃ ပေလောက်နဲ့ ကောင်းအောင်ပြင်ပေးတဲ့ ဘိုးတော်ကို မေးကြည့်တယ်။ ဒီကားတွေရဲ့ အသက်ဟာ မီးပဲ လို့ပြောတယ်ဗျ။ သော့ဖွင်တာနဲ့ ကွန်ပြူတာရောက်တယ်၊ သူကနေမှ ဆီတိုင်ကီထဲက ပန့်ကို အမိန့်ပေးတယ်၊ မီးအားကအပြည့် မရောက်ရင် ကားအင်ဂျင်က တိုင်ပတ်တော့တာပဲလို့ ရှင်းပြတယ်။

ပြင်နည်းကလွယ်တယ်ဗျ.. ဘက်ထရီကနေ အပ်ကြိုး (ဂရောင်းကြိုး) ထုတ်လိုက်တယ်၊ ဂီယာဘောက်က နပ်လျော့ပြီး ကြိုးကို တိုက်ရိုက် ပေးလိုက်တယ်ဗျာ။ ဒါဆိုမီးက အပြည့်ရောက်ပြီး အကုန်မှန်သွားလိမ်မယ်တဲ့ဗျို့။ ကျနော့ခွေးလေးတွေတော့ ဒီနည်းနဲ့ အဆင်ပြေနေတယ်ဗျာ။ ဝပ်ရှော့တော့ သွားမပြောနဲ့ လက်ခံမှာမဟုတ်ဘူးဗျို့။ တကယ်တော့ ကားတွေက အဟောင်းတွေပါဗျာ။ သံချေးတက် ဆေးသုတ်ထားတာများတော့ ဂရောင်းကြိုး မမိတမိ ဖြစ်နေတာများတယ်ဗျ။ မိတ်ဆွေတို့လဲ ကျနော်လို ခွေး ကိုက်မခံရအောင် ဒီနည်းလေးကို မှတ်ထားကြဗျို့။ လူအချင်းချင်း၊ လှည့်ပတ်ချင်း၊ ကင်းရှင်းကြပါစေဗျာ..

(Ko Nyi Min)

ဝပ္ေရွာ့မွာ ၄ သိန္းေက်ာ္ကုန္ခဲ့တဲ့ ေခြးဘီးလူး (၅၀၀) က်ပ္တန္ ႀကိဳးနဲ႔မွ ေကာင္းသြားတဲ့ အျဖစ္

ဝပ္ေရွာ့ အႀကိမ္ႀကိမ္ေရာက္ၿပီး ၄ သိန္းေက်ာ္ကုန္ခဲ့တဲ့ ေခြးဘီးလူး (၅၀၀) က်ပ္တန္ ႀကိဳးနဲ႔မွ ေကာင္းသြားတဲ့ အျဖစ္.. “ေခြးကိုက္တယ္ဆိုတာ” က်ေနာ္ ေခြးဘီလူးကားေလးတစ္စီး ဝယ္လာတယ္။ ေမာင္းကာစကေတာ့ အေကာင္းဗ်၊ ေနာက္ေန႔မနက္ ကားေလးထုတ္ၿပီး အျပင္သြားမလို႔ စက္ကေလးနိုးလိုက္ေတာ့၊ မနိုးခ်င္နိုးခ်င္နဲ႔ နိုးလာတယ္ဗ်ာ.. စက္သံကလဲ မမွန္ဘူး၊ ေဇာင့္.. ေဇာင့္နဲ႔ နိုးၿပီး ေမာင္းလာတယ္..

အင္ဂ်င္ပူလာရင္ေတာ့ ေမာင္း ရတာအဆင္ေျပတယ္၊ ရပ္တာ နဲနဲၾကာၿပီး ျပန္နိုးရင္ ျပန္ျဖစ္ေရာဗ်ိဳ႕။ ထုံးစံအတိုင္း ဝပ္ေရွာ့ေျပးရတာေပါ့ဗ်ာ။ ဝပ္ေရွာ့ကေတာ့ လဲစရာရွိတာလဲပီေပါ့ဗ်ာ။ အင္ဂ်င္ဝိုင္၊ ေရ၊ ပလပ္ လဲေရာဗ်ာ။ သူ႔စီမွာေတာ့ အေကာင္းဗ်၊ မိုးလင္းစက္စနိုးမွ ေရာဂါကျဖစ္တာ။ ေနာက္တစ္ခါထပ္ၿပီး ဝပ္ေရွာ့ ေျပးရပါေလေရာဗ်ာ၊ ထိုက္သင့္သေလာက္လဲ လဲၿပီးၿပီဆိုေတာ့၊ ဒီတစ္ခါေရာဂါက ပလပ္ ကြိဳင္တဲ့ဗ်ာ၊ ပလပ္ကြိဳင္စမ္းၿပီး သုံးလုံးမွာ တစ္လုံးမေကာင္းဘူးဆိုၿပီး လဲရပါေလေရာဗ်ာ၊ အိမ္ျပန္လာေတာ့လဲ အေကာင္းပဲဗ်ိဳ႕ မနက္နိုးေတာ့ ထုံးစံအတိုင္းျဖစ္ျပန္ေရာဗ်ာ။ ဝပ္ေရွာ့ျပန္ျပေတာ့၊ ဆရာသမားက စဥ္းစားတယ္ဗ်။ မီးကအဆင္မေျပေတာ့ ဆီကို ထပ္ရန္ရွာတယ္ဗ်ာ။

ဆီတိုင္ကီကို ျဖဳတ္ခ်ၿပီး၊ ဆီပန္႔ အသစ္လဲေရာဗ်ာ၊ ပရက္ရွာ မျပည့္လို႔ ဆိုလားပဲ၊ အံမယ္အျပန္ က်ေတာ့ ေမာင္းေကာင္းတယ္ အဆင္ေျပၿပီလို႔ စဥ္းစားမီတယ္.. အဲ.. မနက္က် ထိုနည္းလည္းေကာင္းပါပဲဗ်ာ.. ဝပ္ေရွာ့ ထပ္သြားရၿပီ ေပါ့ဗ်ာ။ မီးေကာ၊ ဆီေကာလုပ္ၿပီးၿပီ၊ ဒီတစ္ခါ ဘားမလုံတာလို႔ ေျပာျပန္တယ္၊ ရင္းလဲ၊ ဘားကရိုင္းရမယ္လို႔ ေျပာျပန္တယ္၊ ခြဲၿပီးကုရမယ္ေပါ့ဗ်ာ (ဆရာဝန္ လိုေျပာတာ) အာစရိေကာင္းရင္ၿပီးေရာ၊ ခ်သာခ်လို႔ ေျပာၿပီး ကားထားခဲ့ တယ္။

၂ ရက္ေလာက္ေနေတာ့ ရၿပီ လာယူေတာ့လို႔ေျပာတာနဲ႔ သြားယူခဲ့တယ္၊ ဟိုေမာင္း၊ ဒီေမာင္းစမ္းၾကည့္ေတာ့၊ ေကာင္းမွေကာင္းဗ်ာ၊ ပိုက္ဆံ ရွင္းၿပီး ျပန္လာခဲ့တယ္ဗ်ာ။ မနက္မိုးလင္း ေရေလးေဆးၿပီး ေလၽွာက္သြားမယ္လို႔ ႀကံထားတယ္၊ စက္ကေလးနိုးေတာ့ ထုံးစံအတိုင္းနတ္ပူးၿပီး တုန္ေနပါ ေလေရာဗ်ာ။ စိတ္ေတြတိုၿပီး ကားကိုမီးရွို႔ခ်င္စိတ္၊ ျပင္ေပးတဲ့သူကို လုပ္ပစ္ခ်င္စိတ္ေတြ တဖြားဖြားေပၚလာတယ္ဗ်ာ။ ေငြေကာ၊ အခ်ိန္ေကာ အကုန္ခံၿပီးျပင္တာ ေကာင္းမလာေတာ့ စိတ္တိုၿပီေလဗ်ာ။

ဒီျပင့္ ဝပ္ေရွာ့ေတြ ျပေတာ့ ထိုနည္းလည္းေကာင္းေတြ မ်ားတယ္ဗ်ာ။ စိတ္ညစ္ညစ္နဲ႔ ျပင္ေနက် ဝပ္ေရွာ့နားက Tea ဆိုင္မွာထိုင္ေနတယ္၊ ဝပ္ေရွာ့ဆရာကေတာ့ အင္ဂ်င္အသစ္လဲရမယ့္ပုံေတြ ေျပာေနတယ္ဗ်ာ။ Tea ဆိုင္မွာ အတူထိုင္ေနတဲ့ လိုင္းကားေမာင္းတဲ့ ဘိုးေတာ္တစ္ေယာက္က ကားကိုၾကည့္ၿပီး စဥ္းစားေနတယ္၊ က်ေနာ္ ကားကို အစအဆုံးျပင္ေနတာ သူလဲျမင္ေနတာပဲ.. လြန္ခဲ့တဲ့ အႏွစ္ ၂၀ ေက်ာ္က သူဒိုင္နာကားအသစ္ႀကီးမွာ ဒီလိုပုံစံမ်ိဳးျဖစ္ဖူးတယ္လို႔ေျပာလာတယ္။

ကြန္ျပဴတာေဘာက္စ္ပါေတာ့ တူမလား မသိဘူးျဖစ္ေနတယ္ ပ်က္ခ်င္ပ်က္ပါေစ၊ စမ္းၾကည့္ စမ္းပါဗ်ာလို႔ ေျပာလိုက္တယ္။ ဝါယာႀကိဳးတုတ္တုတ္ ၃ ေပ ေလာက္ ဝယ္ခိုင္းလို႔ သြားဝယ္ ေပးလိုက္တယ္။ ကားေဘးသြားၿပီး ဘက္ထရီအိုးနားမွာထိုင္ၿပီးလုပ္ေနတယ္.. ဘာေတြလုပ္မွန္းေတာင္ မသိပါဘူးဗ်ာ၊ စိတ္ညစ္လို႔ Tea ထိုင္ေသာက္ေနလိုက္တယ္ဗ်ာ။ ၁၀ မိနစ္ေလာက္ေနေတာ့ ထြက္လာတယ္၊ ရၿပီ ညီေလး နိုးၾကည့္လိုက္တဲ့.. မယုံတစ္ဝက္၊ ယုံတစ္ဝက္နဲ႔ ရရင္အျမတ္ပဲဆိုၿပီး ကားေပၚတက္ စက္နိုးလိုက္တယ္ဗ်။

စက္နိုးလိုက္တာမ်ား ေဒါက္ဝွီး ပဲဗ်ာ၊ ကို႔နားကိုယ္ေတာင္မယုံ ဘူးဗ်ိဳ႕၊ အင္ဂ်င္လဲ မတုန္ေတာ့ဘူး၊ ဒါနဲ႔ပတ္ေမာင္းၾကည့္တာ အဆြဲအ႐ုန္း၊ စက္သံေလးလဲ ညက္လိုက္ဗ်ာ။ ေကာင္းမွေကာင္း ဗ်ိဳ႕။ ေနာက္တစ္ေန႔မနက္နိုးလည္း ေဒါက္ဝွီးပဲဗ်ာ။ ဒါနဲ႔ ေက်းဇူးေတြတင္ၿပီး၊ ျပင္ေပးတဲ့ ဘိုးေတာ္ကို ဥာဏ္ပူေဇာ္ခ သုံးေသာင္းေပးလိုက္တယ္ဗ်ာ။ ဝါယာႀကိဳးဖိုး ၅ ရာေလာက္နဲ႔ ကားကေကာင္းသြားတယ္ဗ်ာ.. အရင္က ၄ သိန္းေက်ာ္ကုန္သြားတဲ့ ေငြေတြဟာ အလြန္ႏွေမ်ာစရာေကာင္းတယ္ဗ်ာ။ ေနာက္ဝယ္တဲ့ ေခြးဘီလူးမွန္သမၽွကို ဒီနည္းေလးနဲ႔လုပ္လိုက္တာ ေကာင္းမွေကာင္းဗ်ာ။ မိတ္ေဆြတို႔လဲ ေခြးမကိုက္ခံရေအာင္ ဒီနည္းေလးေပးမယ္ဗ်ာ က်ေနာ္လိုမခံရေအာင္၊ ေငြမကုန္ေအာင္ေပါ့ဗ်ာ။

က်ေနာ္က ဝါယာေလး ၃ ေပေလာက္နဲ႔ ေကာင္းေအာင္ျပင္ေပးတဲ့ ဘိုးေတာ္ကို ေမးၾကည့္တယ္။ ဒီကားေတြရဲ့ အသက္ဟာ မီးပဲ လို႔ေျပာတယ္ဗ်။ ေသာ့ဖြင္တာနဲ႔ ကြန္ျပဴတာေရာက္တယ္၊ သူကေနမွ ဆီတိုင္ကီထဲက ပန္႔ကို အမိန္႔ေပးတယ္၊ မီးအားကအျပည့္ မေရာက္ရင္ ကားအင္ဂ်င္က တိုင္ပတ္ေတာ့တာပဲလို႔ ရွင္းျပတယ္။

ျပင္နည္းကလြယ္တယ္ဗ်.. ဘက္ထရီကေန အပ္ႀကိဳး (ဂေရာင္းႀကိဳး) ထုတ္လိုက္တယ္၊ ဂီယာေဘာက္က နပ္ေလ်ာ့ၿပီး ႀကိဳးကို တိုက္ရိုက္ ေပးလိုက္တယ္ဗ်ာ။ ဒါဆိုမီးက အျပည့္ေရာက္ၿပီး အကုန္မွန္သြားလိမ္မယ္တဲ့ဗ်ိဳ႕။ က်ေနာ့ေခြးေလးေတြေတာ့ ဒီနည္းနဲ႔ အဆင္ေျပေနတယ္ဗ်ာ။ ဝပ္ေရွာ့ေတာ့ သြားမေျပာနဲ႔ လက္ခံမွာမဟုတ္ဘူးဗ်ိဳ႕။ တကယ္ေတာ့ ကားေတြက အေဟာင္းေတြပါဗ်ာ။ သံေခ်းတက္ ေဆးသုတ္ထားတာမ်ားေတာ့ ဂေရာင္းႀကိဳး မမိတမိ ျဖစ္ေနတာမ်ားတယ္ဗ်။ မိတ္ေဆြတို႔လဲ က်ေနာ္လို ေခြး ကိုက္မခံရေအာင္ ဒီနည္းေလးကို မွတ္ထားၾကဗ်ိဳ႕။ လူအခ်င္းခ်င္း၊ လွည့္ပတ္ခ်င္း၊ ကင္းရွင္းၾကပါေစဗ်ာ..

(Ko Nyi Min)