ဗဟုသုတ

မြန်မာနိုင်ငံမှာခြံစည်းရိုးကာတဲ့သံပြားတွေထုတ်လုပ်ထားခြင်းရဲ့တကယ့်ရည်ရွယ်ချက်ကဘာလဲ?

မြန်မာနိုင်ငံမှာခြံစည်းရိုးကာတဲ့သံပြားတွေထုတ်လုပ်ထားခြင်းရဲ့တကယ့်ရည်ရွယ်ချက်ကဘာလဲ?

အရေးပေါ်လေယာဉ်ကွင်းတွေမှာ ပြေးလမ်းကို အမြန်ခင်းနိုင်အောင် သုံးတဲ့ အပြားတွေဖြစ်ပါတယ်။

M8 PSP (pierced steel planking) ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ အမေရိကန်အင်ဂျင်နီယာတွေက စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။

မြေသားပြေးလမ်းပေါ်မှာ အတက်အဆင်း လုပ်တဲ့အခါ မြေသား မညီညာတာတွေ၊ ပျော့၀င် ကျွံ၀င်တာတွေဖြစ်တတ်တဲ့အတွက် ပြေးလမ်းကို ညီညာမာကျောအောင် အမြန်ဆုံးလုပ်နိုင်မဲ့နည်းကို တီထွင်ရင်း M8 landing mat ကို တွေ့ရှိထုတ်လုပ်နိုင်ခဲ့ပါတယ်။

M8 landing mat အပြားတစ်ပြားဟာ ၁၀ ပေ ရှည်ပြီး ၁၅ လက်မ ကျယ်ပါတယ်။ အပေါက် ၂၉ ပေါက်ပါ အတန်း ၃ တန်း ပါ၀င်လို့ စုစုပေါင်း ၈၇ ပေါက် ပါ၀င်ပါတယ်။

ဘေးပါတ်လည်မှာ တပြားနဲ့ တပြားချိတ်ဆက်လို့ရအောင် အဖို အမငုတ်တွေ ပါ၀င်ပါတယ်။ အပေါက်တွေဖောက်ထားတာက အလေးချိန်နည်းအောင်နဲ့ အပေါက်တွေရဲ့ တဖက်ကို အနားစ ရှည်ထွက်ထားခြင်းအားဖြင့် မြေပြင်မှာ ထိတဲ့အခါ မြေကြီးနဲ့ ငုတ်သဖွယ် ချိတ်မိနေအောင် ဖြစ်ပါတယ်။

ပေ ၅၀၀၀ ပြေးလမ်းတစ်ခုကို အင်ဂျင်နီယာအနည်းငယ်နဲ့ ၂ ရက်အတွင်း ခင်းနိုင်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ M8 landing mat တန်ချိန် ၂ သန်းခန့် ထုတ်လုပ်ခဲ့ပါတယ်။ ပစိဖိတ်စစ်မျက်နှာ၊ နော်မန်ဒီကမ်းတက်ပြီးချိန်မှာ ဥရောပ စစ်မျက်နှာ တွေမှာ သုံးခဲ့ပါတယ်။

ဗီယက်နမ်စစ်မှာတော့ အမေရိကန်တွေဟာ ဖုန်တွေသဲတွေ လေယာဉ်အင်ဂျင်ထဲ မ၀င်အောင် M8A1 landing mat ကို အပေါက်တွေမပါဘဲ ထုတ်လုပ်ခဲ့ပါတယ်။

စစ်ပြီးကာလမှာတော့ လေယာဉ်ပြေးလမ်းမသုံးတော့တဲ့အတွက် လူနေအိမ်ခြံစည်းရိုးတွေ၊ အကာတွေ အဖြစ် သုံးခဲ့ကြပါတယ်။ မြန်မာနိုင်ငံနေရာတော်တော်များများမှာ ခြံစည်းရိုးအဖြစ်သုံးနေကြတာ တွေ့ရပါတယ်။


မူရင်းတင်သူအား လေးစားစွာ

Credit ပေးပါသည်။

Amazing Burma Amazing Burma – The Golden Land #AmazingBurmaTheGoldenLand

UNICODE













Amazing Burma Amazing Burma – The Golden Land #AmazingBurmaTheGoldenLand