“ခြင်္သေနဲ့ကျားအတူထားဆွေသားမိတ်ဖက် စီးပွားတက်”
မိမိအိမ် မိမိစျေးဆိုင်စီးပွားတက်စေဖို့ငွေရှာရလွယ်ကူစေဖို့ အင်္ဂါနံ ဆန်နဲ့ တနင်္လာနံငွေကို အတူယှဉ်တွဲထားရပါတယ် ဖန်ခွက်နဲ့ဖြစ်စေလင်ဗန်းနဲ့ဖြစ်စေ ကြွေပန်းကန်နဲ့ဖြစ်စေ ပြည်တောင်းနဲ့ဖြစ်စေ ဆန်နဲ့ငွေကိုအတူယှဉ်တွဲထားပြီးဓာတ်ဆင်ထားရပါတယ်
ပြုလုပ်ရမယ်အချိန်က မိမိမွေးနေ့၉နာရီမှ ၁၀နာရီခွဲအတွင်းပြုလုပ်ပေးပါ ၁လလုံး အိမ်မှာဆိုလည်းအဆင်ပြေသောနေရာလေးမှာထားပေးပါ စျေးဆိုင်မှာဆိုလည်းလူမြင်သာတဲ့ကောင်တာမှာ တင်ထားပေးလို့ရပါတယ်
၁လပြည့်ပါက အိတ်တစ်ခုထဲဆန်ကောငွေကော ရောထည့်ပြီးမည်သူကို မဆို ဒါနကုသိုလ်အဖြစ်လှူ ဒါန်းနိူင်ပါတယ် ထိုသို့လှူ ဒါန်းပေးခြင်းဖြင့်သင်တို့စီးပွားကိုအထူးတိုးတက်စေပါတယ်။
နောက်လတွင်လည်း ဒီအတိုင်းထပ်မံ ဓာတ်ဆင် ထပ်မံလှူ ဒါန်းပေးပါ။
ဆရာ ဆန်းသိင်္ခမေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။
မေသံစဥ်(အလင်းစေတမန်)
ကောင်းကျိုးကိုယ်၌ တည်ပါစေ။
ဓမ္မတရားဖြင့် အလင်းဆောင်သူဖြစ်ပါရစေ။
unicode
“ခွငျ်သနေဲ့ကြားအတူထားဆှသေားမိတျဖကျ စီးပှားတကျ”