ေဗဒင္

ငွေ (၂) ဆ ပွားစေသော ငွေပွား အစီအရင် (တစ်လမှာ နှစ်ကြိမ်သာ ပြုလုပ်ခွင့်ရှိပါတယ်)

ငွေ (၂) ဆ ပွားစေသော ငွေပွား အစီအရင် (တစ်လမှာ နှစ်ကြိမ်သာ ပြုလုပ်ခွင့်ရှိပါတယ်)

တစ်လမှာ (၂) ကြိမ်သာ ပြုလုပ်ခွင့်ရှိသော ငွေ (၂) ဆ ပွားစေတဲ့ ငွေပွား အစီအရင်…

ဝင်ငွေများ ပုံမှန်ဝင်နေရာကနေ ရုတ်တရက် ရပ်တန့်သွားသူများ၊ လုပ်ငန်းကိစ္စများလုပ်သလောက် ကြိုးစားသလောက် အလုပ်မဖြစ်ထွန်းသူများ၊ လုပ်နေတာတစ်မျိုး ဖြစ်နေတာတစ်မျိုး အမျိုးမျိုးလွဲချော်နေကြသူများ၊

မနာလိုအပြိုင်အဆိုင် အတိုက်အခိုက်များကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရသူများ၊ ငွေကြေးနဲ့ပတ်သတ်လို့ စိတ်သောကရောက်နေသူများ စသောအမျိုးမျိုးအထွေထွေသောကိစ္စများကြောင့်

သောကရောက်နေသူများအတွက် အထူးရည်ရွယ်၍ လွယ်ကူထိရောက်မှုရှိသော ငွေပွားအစီအရင်အား မျှဝေပေးလိုက်ပါတယ်။

သိသူဖော်စား မသိသူကျော်သွား ငွေပွားအစီအရင်သည် (၇) ရက်သား/သမီး မည်သူမဆိုလုပ်ဆောင်နိုင်သော လွယ်ကူရိုးရှင်းငွေပွားအစီအရင်မို့ ယုံကြည်စွာ လုပ်ဆောင်ကြည့်ပါ။ သိသာထူးခြားစွာ အကျိုးပေးပါလိမ့်မယ်။

“အစီအရင်လုပ်ဆောင်ပုံ”

ပန်းကန်ပြားတစ်ချပ်ပေါ်တွင် ပိုက်ဆံ ၁၁၀၀ ကျပ်အားတင်ပါ။ ထိုပိုက်ဆံပေါ်တွင် သံပုရာသီးစစ်စစ် ၂ လုံးအားထည့်၍ ရေဖြည့်ထားသော ဖန်ခွက်တစ်ခွက်တင်ပါ။

မိမိနေအိမ်ရှိ မြတ်စွာဘုရားတွင် တနင်္လာနေ့တစ်ညထားပြီး နောက်တစ်ရက် အင်္ဂါနေ့မနက် (၇) နာရီမှ (၇) ခွဲအတွင်း ထိုဖန်ခွက်ထဲမှ သံပုရာသီးတစ်လုံးကို ယူ၍ ၄ စိပ်စိပ်ပါ။

မိမိနေအိမ်၊ ခြံ၊ တိုက်ခန်း စသောနေရာထောင့်လေးထောင့်မှာ ထိုသံပုရာသီး ၄ စိပ်အား တစ်စိပ်စီချထားပါ။ ကျန် သံပုရာသီး တစ်လုံးအားလဲ ထိုဖန်ခွက်မှယူ၍ ၂ ခြမ်း ခြမ်း။

ပြီးလျှင် ထို ၂ ခြမ်းအား ဖန်ခွက်ထဲရေညှစ်ထည့် ကာ အိမ်ခြံဝန်း ပတ်ပတ်လည်မှာ ဖြန်းထားပေးပါ။ ပိုက်ဆံ ၁၁၀၀ ကျပ် အား မိမိပိုက်ဆံအိတ် ထဲတွင်အမြဲဆောင်ထားပါ။

သိသိသာသာ ငွေဝင်သလို လက်ရှိ ရှိနေသော ငွေအားလဲ (၂)ဆ တိုးပွားလာစေရန် အထောက်အကူဖြစ်စေပါတယ်။ အနှောက်အယှက်ကင်းကင်း နှင့် စိတ်ချမ်းသာစွာ ငွေပွားလာမည်မှာ ဧကန်ဖြစ်ပါတယ်…

မှတ်ချက်။ ။ဤ အစီအရင်အား တစ်လတွင် ၂ ကြိမ်သာ လုပ်ဆောင်ပါ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့်တကွ ဆရာတင်ထူးအားလဲ လေးစားဦးခိုက်လျှက်..

ဆောင်းသော်တာဝေ (တားရော့၊ မြန်မာဗေဒင်နှင့် ယတြာအစီအရင်)

Zawgyi

ေငြ (၂) ဆ ပြားေစေသာ ေငြပြား အစီအရင္ (တစ္လမွာ ႏွစ္ႀကိမ္သာ ျပဳလုပ္ခြင့္ရွိပါတယ္)

တစ္လမွာ (၂) ႀကိမ္သာ ျပဳလုပ္ခြင့္ရွိေသာ ေငြ (၂) ဆ ပြားေစတဲ့ ေငြပြား အစီအရင္…

ဝင္ေငြမ်ား ပုံမွန္ဝင္ေနရာကေန ႐ုတ္တရက္ ရပ္တန႔္သြားသူမ်ား၊ လုပ္ငန္းကိစၥမ်ားလုပ္သေလာက္ ႀကိဳးစားသေလာက္ အလုပ္မျဖစ္ထြန္းသူမ်ား၊ လုပ္ေနတာတစ္မ်ိဳး ျဖစ္ေနတာတစ္မ်ိဳး အမ်ိဳးမ်ိဳးလြဲေခ်ာ္ေနၾကသူမ်ား၊

မနာလိုအၿပိဳင္အဆိုင္ အတိုက္အခိုက္မ်ားေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္ေနရသူမ်ား၊ ေငြေၾကးနဲ႔ပတ္သတ္လို႔ စိတ္ေသာကေရာက္ေနသူမ်ား စေသာအမ်ိဳးမ်ိဳးအေထြေထြေသာကိစၥမ်ားေၾကာင့္

ေသာကေရာက္ေနသူမ်ားအတြက္ အထူးရည္႐ြယ္၍ လြယ္ကူထိေရာက္မႈရွိေသာ ေငြပြားအစီအရင္အား မွ်ေဝေပးလိုက္ပါတယ္။

သိသူေဖာ္စား မသိသူေက်ာ္သြား ေငြပြားအစီအရင္သည္ (၇) ရက္သား/သမီး မည္သူမဆိုလုပ္ေဆာင္ႏိုင္ေသာ လြယ္ကူ႐ိုးရွင္းေငြပြားအစီအရင္မို႔ ယုံၾကည္စြာ လုပ္ေဆာင္ၾကည့္ပါ။ သိသာထူးျခားစြာ အက်ိဳးေပးပါလိမ့္မယ္။

“အစီအရင္လုပ္ေဆာင္ပုံ”

ပန္းကန္ျပားတစ္ခ်ပ္ေပၚတြင္ ပိုက္ဆံ ၁၁၀၀ က်ပ္အားတင္ပါ။ ထိုပိုက္ဆံေပၚတြင္ သံပုရာသီးစစ္စစ္ ၂ လုံးအားထည့္၍ ေရျဖည့္ထားေသာ ဖန္ခြက္တစ္ခြက္တင္ပါ။

မိမိေနအိမ္ရွိ ျမတ္စြာဘုရားတြင္ တနလၤာေန႔တစ္ညထားၿပီး ေနာက္တစ္ရက္ အဂၤါေန႔မနက္ (၇) နာရီမွ (၇) ခြဲအတြင္း ထိုဖန္ခြက္ထဲမွ သံပုရာသီးတစ္လုံးကို ယူ၍ ၄ စိပ္စိပ္ပါ။

မိမိေနအိမ္၊ ၿခံ၊ တိုက္ခန္း စေသာေနရာေထာင့္ေလးေထာင့္မွာ ထိုသံပုရာသီး ၄ စိပ္အား တစ္စိပ္စီခ်ထားပါ။ က်န္ သံပုရာသီး တစ္လုံးအားလဲ ထိုဖန္ခြက္မွယူ၍ ၂ ျခမ္း ျခမ္း။

ၿပီးလွ်င္ ထို ၂ ျခမ္းအား ဖန္ခြက္ထဲေရညႇစ္ထည့္ ကာ အိမ္ၿခံဝန္း ပတ္ပတ္လည္မွာ ျဖန္းထားေပးပါ။ ပိုက္ဆံ ၁၁၀၀ က်ပ္ အား မိမိပိုက္ဆံအိတ္ ထဲတြင္အၿမဲေဆာင္ထားပါ။

သိသိသာသာ ေငြဝင္သလို လက္ရွိ ရွိေနေသာ ေငြအားလဲ (၂)ဆ တိုးပြားလာေစရန္ အေထာက္အကူျဖစ္ေစပါတယ္။ အေႏွာက္အယွက္ကင္းကင္း ႏွင့္ စိတ္ခ်မ္းသာစြာ ေငြပြားလာမည္မွာ ဧကန္ျဖစ္ပါတယ္…

မွတ္ခ်က္။ ။ဤ အစီအရင္အား တစ္လတြင္ ၂ ႀကိမ္သာ လုပ္ေဆာင္ပါ။

သင္ဆရာ၊ ျမင္ဆရာ၊ ၾကားဆရာမ်ားႏွင့္တကြ ဆရာတင္ထူးအားလဲ ေလးစားဦးခိုက္လွ်က္..

ေဆာင္းေသာ္တာေဝ (တားေရာ့၊ ျမန္မာေဗဒင္ႏွင့္ ယၾတာအစီအရင္)