က်မၼာေရး ဗဟုသုတ

“မိန္းမကိုယ္ ယားယံေနရျခင္းရဲ႕ အေၾကာင္းအရင္းမ်ား

မိန္းမကိုယ္ ယားယံေနရျခင္းရဲ႕ အေၾကာင္းအရာမ်ား

မိန္းမကိုယ္ယားယံျခင္းဟာ အမ်ိဳးသမီး ႀကီး၊ ငယ္မေ႐ြး ႀကဳံရေလ့ရွိပါတယ္။ လူၾကားထဲမွာ ေနမထိထိုင္မသာ ျဖစ္ရလြန္းလို႔လည္း ေတာ္ေတာ္ခံရခက္တယ္။ ဘာေၾကာင့္ မိန္းမကိုယ္တဝိုက္ ယားယံရသလဲဆိုတဲ့အေၾကာင္းရင္းေတြထဲမွာေတာ့ ဒီအခ်က္ေတြက ထိပ္ဆုံးက ျဖစ္ပါတယ္ေနာ္ …. ။

(1) ေနထိုင္မႈ ပုံစံေၾကာင့္

ရိတ္ထားတဲ့အေမြးေတြ ျပန္ထြက္စမွာ ေနလို႔ထိုင္လို႔မရေလာက္ေအာင္ ယားတယ္။ အတြင္းခံေဘာင္းဘီ တင္းတင္းက်ပ္က်ပ္ ဝတ္လြန္းရင္၊ ေခြၽးစိုအဝတ္ေတြကို ဝတ္ထားရင္လည္း မိန္းမကိုယ္တဝိုက္ ယားယံမႈျဖစ္ေစပါတယ္။ Gym မွာ ေလ့က်င့္ခန္းလုပ္ၿပီးတဲ့အခါ အတြင္းခံကို လဲဝတ္လိုက္ပါ။ အေမြးရိတ္တဲ့ဓားကိုလည္း အမ်ားဆုံး ၅ ႀကိမ္ပဲ သုံးၿပီး အသစ္လဲလွယ္သင့္တယ္ … ။

 

(2) ခ်စ္တင္းေႏွာျခင္းေၾကာင့္

ခ်စ္တင္းေႏွာျခင္းေၾကာင့္ ယားယံတာကေတာ့ သုံးတဲ့ ေခ်ာဆီ (lubricant) ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ေခ်ာဆီမွာပါတဲ့ အယ္လ္ကိုေဟာေၾကာင့္ မိန္းမကိုယ္အတြင္းပိုင္း ယားယံမႈျဖစ္တတ္ပါတယ္ … ။

(3) ေသြးဆုံးကိုင္ျခင္း

အမ်ိဳးသမီးေတြ ေသြးဆုံးခ်ိန္ေရာက္ရင္လည္း မိန္းမကိုယ္တဝိုက္ ယားယံမႈကို ခံဏားရေလ့ရွိပါတယ္။ ေျခာက္ေသြ႕မႈေၾကာင့္ ယားယံမႈခံစားရတာပါ။ အီစထ႐ိုဂ်င္ေဟာ္မုန္း (estrogen) ေလ်ာ့နည္းလာတာနဲ႔အမွ် ယားယံမႈေတြ ျဖစ္ေစပါတယ္ … ။

(4) သန႔္ေဆးရည္

မိန္းမကိုယ္သန႔္ေဆးရည္တိုင္းကလည္း ကိုယ္နဲ႔ အဆင္ေျပခ်င္မွ ေျပဦးမွာကိုး။ တခ်ိဳ႕က်ေတာ့လည္း ဆပ္ျပာနဲ႔ မတည့္ဘူး။ သုံးလိုက္တိုင္း ယားယံမႈျဖစ္တယ္ဆိုရင္ ဆပ္ျပာပဲျဖစ္ျဖစ္ သန႔္ေဆးရည္ပဲျဖစ္ျဖစ္ ေျပာင္းသုံးဖို႔ အႀကံေပးပါရေစ။ ေယဘုယ်အားျဖင့္ေတာ့ မိန္းမကိုယ္တဝိုက္ သုံးတဲ့အရာ (ေဆးရည္၊ ဆပ္ျပာ)တို႔ဟာ အနံ႔မပါတာမ်ိဳးကိုေ႐ြးတာ အေကာင္းဆုံးပါပဲေနာ္ … ။

(5) ပိုးဝင္ျခင္း

ဘက္တီးရီးယားေၾကာင့္လည္း မိန္းမကိုယ္တဝိုက္ ယားယံမႈျဖစ္ရပါတယ္။ သားအိမ္လမ္းေၾကာင္းကို ပိုးမဝင္ေအာင္လို႔ သန႔္သန႔္ရွင္းရွင္းထားဖို႔ လိုပါတယ္။ ရာသီလာေနခ်ိန္မွာဆိုလည္း ဂြမ္းထုပ္၊ tampon တို႔ကို ၄ နာရီတစ္ႀကိမ္ အသစ္လဲလွယ္ေပးသင့္တယ္ …. ။

Credit:Duwun

ဤစာဖတ္သူမ်ား အားလုံး က်န္းမာခ်မ္းသာၾကပါေစလို႔ ေ႐ႊခ်စ္သူမွ ဆုေတာင္း ေမတၱာ ပို႔သေပးပါတယ္ … ။

မွ်ေဝေပးျခင္းဟာလည္း ေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္…

Unicode

မိန်းမကိုယ် ယားယံနေရခြင်းရဲ့ အကြောင်းအရာများ

မိန်းမကိုယ်ယားယံခြင်းဟာ အမျိုးသမီး ကြီး၊ ငယ်မရွေး ကြုံရလေ့ရှိပါတယ်။ လူကြားထဲမှာ နေမထိထိုင်မသာ ဖြစ်ရလွန်းလို့လည်း တော်တော်ခံရခက်တယ်။ ဘာကြောင့် မိန်းမကိုယ်တဝိုက် ယားယံရသလဲဆိုတဲ့အကြောင်းရင်းတွေထဲမှာတော့ ဒီအချက်တွေက ထိပ်ဆုံးက ဖြစ်ပါတယ်နော် …. ။

(1) နေထိုင်မှု ပုံစံကြောင့်

ရိတ်ထားတဲ့အမွေးတွေ ပြန်ထွက်စမှာ နေလို့ထိုင်လို့မရလောက်အောင် ယားတယ်။ အတွင်းခံဘောင်းဘီ တင်းတင်းကျပ်ကျပ် ဝတ်လွန်းရင်၊ ချွေးစိုအဝတ်တွေကို ဝတ်ထားရင်လည်း မိန်းမကိုယ်တဝိုက် ယားယံမှုဖြစ်စေပါတယ်။ Gym မှာ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အတွင်းခံကို လဲဝတ်လိုက်ပါ။ အမွေးရိတ်တဲ့ဓားကိုလည်း အများဆုံး ၅ ကြိမ်ပဲ သုံးပြီး အသစ်လဲလှယ်သင့်တယ် … ။

(2) ချစ်တင်းနှောခြင်းကြောင့်

ချစ်တင်းနှောခြင်းကြောင့် ယားယံတာကတော့ သုံးတဲ့ ချောဆီ (lubricant) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ချောဆီမှာပါတဲ့ အယ်လ်ကိုဟောကြောင့် မိန်းမကိုယ်အတွင်းပိုင်း ယားယံမှုဖြစ်တတ်ပါတယ် … ။

(3) သွေးဆုံးကိုင်ခြင်း

အမျိုးသမီးတွေ သွေးဆုံးချိန်ရောက်ရင်လည်း မိန်းမကိုယ်တဝိုက် ယားယံမှုကို ခံဏားရလေ့ရှိပါတယ်။ ခြောက်သွေ့မှုကြောင့် ယားယံမှုခံစားရတာပါ။ အီစထရိုဂျင်ဟော်မုန်း (estrogen) လျော့နည်းလာတာနဲ့အမျှ ယားယံမှုတွေ ဖြစ်စေပါတယ် … ။

(4) သန့်ဆေးရည်

မိန်းမကိုယ်သန့်ဆေးရည်တိုင်းကလည်း ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေဦးမှာကိုး။ တချို့ကျတော့လည်း ဆပ်ပြာနဲ့ မတည့်ဘူး။ သုံးလိုက်တိုင်း ယားယံမှုဖြစ်တယ်ဆိုရင် ဆပ်ပြာပဲဖြစ်ဖြစ် သန့်ဆေးရည်ပဲဖြစ်ဖြစ် ပြောင်းသုံးဖို့ အကြံပေးပါရစေ။ ယေဘုယျအားဖြင့်တော့ မိန်းမကိုယ်တဝိုက် သုံးတဲ့အရာ (ဆေးရည်၊ ဆပ်ပြာ)တို့ဟာ အနံ့မပါတာမျိုးကိုရွေးတာ အကောင်းဆုံးပါပဲနော် … ။

(5) ပိုးဝင်ခြင်း

ဘက်တီးရီးယားကြောင့်လည်း မိန်းမကိုယ်တဝိုက် ယားယံမှုဖြစ်ရပါတယ်။ သားအိမ်လမ်းကြောင်းကို ပိုးမဝင်အောင်လို့ သန့်သန့်ရှင်းရှင်းထားဖို့ လိုပါတယ်။ ရာသီလာနေချိန်မှာဆိုလည်း ဂွမ်းထုပ်၊ tampon တို့ကို ၄ နာရီတစ်ကြိမ် အသစ်လဲလှယ်ပေးသင့်တယ် …. ။

Credit:Duwun

ဤစာဖတ်သူများ အားလုံး ကျန်းမာချမ်းသာကြပါစေလို့ ရွှေချစ်သူမှ ဆုတောင်း မေတ္တာ ပို့သပေးပါတယ် … ။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်…