ၾကားသိရသမွ်

မိဘတွေရဲ့အမွေပြတ်စွန့်လွှတ်ခြင်းကို ခံခဲ့ရတဲ့အထိ အရေးတော်ပုံအောင်မြင်ဖို့ အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေတဲ့ လူငယ်တစ်ဦး

မတရားမှုကို ဆန့်ကျင်နေကြတဲ့ လူငယ်လေးတွေဟာ ဖေဖော်ဝါရီလကတည်းကစပြီး လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

အာဏာရှင်လူတစ်စုမှ ရက်စက်စွာ နှိမ်နှင်းခဲ့ပေမယ့်လည်း ကြောက်ရွံ့ခြင်းမရှိဘဲနေ့စဉ်လူထုလှုပ်ရှားမှုတွေမှာ ပါဝင်အားဖြည့်နေကြတာကို အားရဖွယ် မြင်တွေ့ကြရ

မှာပါ။ ဒီလိုတွေ ပါဝင်ခဲ့ကြတဲ့အတွက် မိဘတွေရဲ့ အမွေပြတ်စွန့်လွှတ်တာတွေကို ခံနေရတဲ့ လူငယ်လေးတွေလည်း များစွာရှိနေပါတယ်။

မကြာသေးခင် ရက်ပိုင်းလောက်ကလည်း အရေးတော်ပုံအောင်မြင်ဖို့အတွက် အားသွန်ခွန်စိုက်ကြိုးစားနေတာကြောင့် မိဘတွေရဲ့ အမွေပြတ်စွန့်လွှတ်ခြင်းကို ခံခဲ့ရ

ကြောင့် အမျိုးသမီးငယ်တစ်ဦးရဲ့ လူမှုကွန်ယက်တွင်ရေးသားထားပါတယ်။

သူမကတော့ ဒီတိုက်ပွဲအတွက် အရာအားလုံးကို ရင်းထားပြီး သူမလိုပဲ စွန့်လွှတ်ထားသူများလည်း ဒုနဲ့ဒေးရှိကြောင်း ဖွင့်ဟရေးသားထားပါတယ်။

ဒီတိုက်ပွဲပြီးမြောက်ဖို့အတွက် ပြည်သူတွေအားလုံးလည်း တတ်နိုင်တာထက်ပိုပြီး ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံကြောင်းကိုလည်း ရေးသားထားပါသေးတယ်။

အမှန်တရားတစ်ခုအတွက် အိမ်ကိုမပြန်နိုင်သေးဘဲ ပန်းတိုင်ရောက်ဖို့ ရှေ့ဆက်လျှောက်လှမ်းနေကြသူများစွာလည်း ရှိနေပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအားလုံး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အရေးတော်ပုံအောင်ဖို့ ကြိုးစားပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Credit

မတရားမႈကို ဆန႔္က်င္ေနၾကတဲ့ လူငယ္ေလးေတြဟာ ေဖေဖာ္ဝါရီလကတည္းကစၿပီး လမ္းမေပၚထြက္ကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာ ျဖစ္ပါတယ္။

အာဏာရွင္လူတစ္စုမွ ရက္စက္စြာ ႏွိမ္ႏွင္းခဲ့ေပမယ့္လည္း ေၾကာက္႐ြံ႕ျခင္းမရွိဘဲေန႔စဥ္လူထုလႈပ္ရွားမႈေတြမွာ ပါဝင္အားျဖည့္ေနၾကတာကို အားရဖြယ္ ျမင္ေတြ႕ၾကရ

မွာပါ။ ဒီလိုေတြ ပါဝင္ခဲ့ၾကတဲ့အတြက္ မိဘေတြရဲ႕ အေမြျပတ္စြန႔္လႊတ္တာေတြကို ခံေနရတဲ့ လူငယ္ေလးေတြလည္း မ်ားစြာရွိေနပါတယ္။

မၾကာေသးခင္ ရက္ပိုင္းေလာက္ကလည္း အေရးေတာ္ပုံေအာင္ျမင္ဖို႔အတြက္ အားသြန္ခြန္စိုက္ႀကိဳးစားေနတာေၾကာင့္ မိဘေတြရဲ႕ အေမြျပတ္စြန႔္လႊတ္ျခင္းကို ခံခဲ့ရ

ေၾကာင့္ အမ်ိဳးသမီးငယ္တစ္ဦးရဲ႕ လူမႈကြန္ယက္တြင္ေရးသားထားပါတယ္။

သူမကေတာ့ ဒီတိုက္ပြဲအတြက္ အရာအားလုံးကို ရင္းထားၿပီး သူမလိုပဲ စြန႔္လႊတ္ထားသူမ်ားလည္း ဒုနဲ႔ေဒးရွိေၾကာင္း ဖြင့္ဟေရးသားထားပါတယ္။

ဒီတိုက္ပြဲၿပီးေျမာက္ဖို႔အတြက္ ျပည္သူေတြအားလုံးလည္း တတ္ႏိုင္တာထက္ပိုၿပီး ပါဝင္ေပးၾကဖို႔ ေမတၱာရပ္ခံေၾကာင္းကိုလည္း ေရးသားထားပါေသးတယ္။

အမွန္တရားတစ္ခုအတြက္ အိမ္ကိုမျပန္ႏိုင္ေသးဘဲ ပန္းတိုင္ေရာက္ဖို႔ ေရွ႕ဆက္ေလွ်ာက္လွမ္းေနၾကသူမ်ားစြာလည္း ရွိေနပါတယ္။

ဒါ့ေၾကာင့္ ျပည္သူေတြအားလုံး ကိုယ္တတ္ႏိုင္တဲ့ဘက္ကေန အေရးေတာ္ပုံေအာင္ဖို႔ ႀကိဳးစားေပးၾကဖို႔ ေျပာၾကားရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Credit