လွတ်မြောက်နယ်မြေက ဒါရိုက်တာကိုပေါက်ဆွဲထားတဲ့ သိန်း ၁၆၀ တန်သွားတဲ့ ပန်းချီကားတွေရဲ့ အကြောင်းကိုပေါက်ကြီးကို ။
ပထမဆုံးတောင်းပန်ချင်ပါတယ်နော်။Admin ဝရမ်းပြေးက နေရာပြောင်းရင်း၊ တွင်းအောင်းရင်းနဲ့

သေချာမရောင်းပေးနိုင်ခဲ့ပါဘူး။နောက်ပြီး ပည ာရေး Live show လက်မှတ်ကရောင်းပေးရမယ့် တာဝန်ကြီးပါ ရောက် လာတော့။
အဲ့ဘက် အရင်ရောင်းပေးနေခဲ့ရတာပါ။(ပါလေရာ ဒေါ်အေးဘုံကို ကိုယ့်ညီမအငယ်ဆုံးလေး မလိမ်မိုး မလိမ်မာလေးကိုထုံးစံတိုင်း ခွင့်လွှတ်ပေးပါ။
ကိုကြီးကိုပေါက်ရေလက်မှတ် ၁၀၀၀ မှာ ၇၉၁ စောင် ရောင်းပြီးခဲ့ပါပြီ။ (ဝယ်လို့ရပါသေးတယ်နော်) ၇၉၁ စောင်ဆိုတော့ ကျပ် သိန်း ၁၆၀ နီးပါးတန်တဲ့ ပန်းချီကားတွေဖြစ်သွားပါပြီနော်။

နွေဦးတော်လှန်ရေး ပန်ချီကားတန်ဖိုးဟာ စွပုပြောသလို သန်းနဲ့ပြောရင်တော့၁၆ သန်းတန် ပန်းချီကားတွေပါ။
(ဒဿမ သုညတွေ ဘာတွေ မလိုတဲ့ သန်းချီတန်တဲ့ ပန်းချီကားတွေနော် စွခွေး ငယ်ကျွန်ကြီးတို့ သိဖို့ သိဖို့)။
ကိုပေါက်ကြီးကိုလည်ကံစမ်းမဲဖောက်တဲ့နေ့မှာ သီချင်းဆိုပေးပါလို့ အနိုင်ကျင့်တောင်းဆိုထ ားတော့ သီချင်းတွေလည်း နား ထောင်ရင်း
ကံစမ်းမဲတွက် ရင်ခုန်လို့ရဆိုတော့က 2 in 1 အစီစဉ်လေးပါနော်။ ကိုကျော်(ကိုမင်းမော်ကွန်း)၊ ဒါရိုက်တာ ကိုသည်ခေတ်နေတို့ကိုလည်း Live ကံစမ်းမဲပွဲကိုတက်ပေးဖို့အတွက် ခေါ်ထားပါတယ်။ဘုန်းဘုန်းအရှင်ထာဝရ(နာ်ဝေ) ကတော့ ရှင်အေးဘုံရဲ့ဆရာသမားဆိုတော့

မတက်မနေရကို ချောဆွဲလိုက်တယ်ပြောမနိုင်၊ ဆိုမရ၊ ဆူလိုက်ငိုက်လိုက်နဲ့ ဆုံးမနေရတဲ့ ဘုန်းဘုန်းလည်း မောရှာနေလောက်ပါပြီ။ ဟီးးးး)။
ဪPresenters အနေနဲ့ကတော့ ဒေါ်ရှင်အေးဘုံ ဒုက္ခပေးတဲ့ ဒုက္ခတွေကြောင့် Dday Chan nel တွက် ကူပေးဖို့ အကူညီတောင်းရာကနေ။
၅၀၅ နဲ့ သူ့ဘာသာရိုးရိုးဝရမ်းပြေးကနေအခုတော့ ဇွန်းတပ်ဝရမ်းပြေး သရုပ်ဆောင် ကိုသီဟထွန်းနဲ့ ဓာတ်ဆရာကြီး ကိုရဲဟိန်းတို့ဖြစ်ပါတယ်နော်။

(ရှင်အေးဘုံ ငါးမွှေထိုး)လက်မှတ်ဝယ်မယ်ဆိုရင် တစောင် ၂၀၀၀၀ ကျပ်နဲံဝယ်လို့ရပါသေးတယ်။ ထုံးစံတိုင်း page messenger မှာနာမည် (သို့)
nickname/ လက်မှတ်အစောင်ရေ/ ကွေလွှဲမယ့် ဘဏ် ရေးထားပေးရုံပါပဲ။ကဲ ၁၆ ရက်နေ့ ည ၇ နာရီကျရင် Dday channel နဲ့ People’s Voices Page မှာ လွှင့်မယ့် Live မှာတွေ့မယ်နော်။
ဘယ်သူတွေက သန်းချီတန် နွေဦးပန်းချီကား ကံထူးလဲ ရင်ခုန်ရင်း သီချင်းလည်းနားထောင်ကြမယ်နော်။
#Credit



