က်မၼာေရး ဗဟုသုတ

နှစ်နဲ့ချီခံစားနေရတဲ့ သွားရောဂါ ၂ရက်၃ရက်အတွင်း အစအနမကျန် ပျောက်ကင်းသွားတယ်။

သွားရောဂါအတွက်သတင်းကောင်း၊ တကယ်အံ့သြစရာပါ။ နှစ်နဲ့ချီခံစားနေရတဲ့ရောဂါ နှစ်ရက်သုံးရက်အတွင်း အစအနမကျန် ပျောက်ကင်းသွားတယ်။

ကြိုတင်ဝန်ခံပါရစေ။ ကျုပ်က ဆရာဝန်မဟုတ်ဘူး။ ဝေဒနာရှင်ဗျ။ ကိုယ့်ရောဂါ ကိုယ့်ဝေဒနာကို ကိုယ့်ဖာသာ မှန်းကု ရမ်းကု ဒေါက်တာရမ်းကုလုပ်ရင်း ရရှိလာတဲ့အကျိုးကို မျှဝေလိုက်တာ။

ဒီလိုဗျ-၂၀၁၇ ခုနှစ်မှာ ကျုပ်အံသွားတစ်ချောင်း လှုပ်ပြီး မခံမရပ် ကိုက်လွန်းလို့ ဆရာဝန်သွားပြတယ်။ ဆရာဝန်ကသွားရဲ့တန်ဖိုးကိုသိတော့ မနုတ်စေချင်ဘူး။ စားဆေးပေးပြီး ထိန်းလိုက်တယ်။ သက်သာသွားတယ်။

ဒါပေမယ့် သွားရဲ့ဘေးမှာ အဖုကလေးလိုဖြစ်ပြီး ပြည်တည်လာတယ်။ ဆရာဝန်ထပ်ပြ ဆေးထပ်ပေး ဒီလိုနဲ့ပဲသံသရာလည်နေတာပေါ့။

ပြည်တည်တဲ့အခါ သွားဖုံးတင်းပြီး နေထိုင်ရခက်ပေမယ့် ညှစ်ထုတ်လိုက်လို့ ပြည်ထွက်သွားရင် တစ်ပါတ်လောက် နေထိုင်လို့ ကောင်းသွားပြန်ရော။

ပြီးရင်ပြန်ထွက်။ ဆေးကတော့ မနက်တစ်ကြိမ် ညတစ်ကြိမ် နေ့တိုင်းသောက်လာလိုက်တာ ၂၀၁၇မှ ၂၀၁၉ခုနှစ် ထိပဲ။

၂နှစ် ပြည့်တော့မယ်။ နှစ်ချီကြာလာတော့ ကင်ဆာဘာညာ လန့်လာပြီလေ။ ရန်ကုန်ရောက်တော့ သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ ဆက်ပြတယ်။

ဆရာဝန်က ဓါတ်မှန်ရိုက် စစ်ဆေး အဖြေက ကင်ဆာမဖြစ်သေးဘူးဆိုတော့ စိတ်အေးပြီမို့ ဆက်ကုပေါ့။ သက်သာသလို ရှိပေမယ့် အနာပြည်ထွက်တာတော့ ထုံးစံအတိုင်းပဲ။ တင်းပြီလေ။

လူက ခတ်ရွတ်ရွတ်ဆိုတော့ တွေ့သမျှ လမ်းဘေးအရွက်တွေခူး အရည်ထွက်အောင်ကြိတ် အနာထဲထည့်ပေါ့။ တမာရွက်တွေဝါး။ တမာခေါက်ငုံ။ ဆားရေငုံ မရပါဘူး။

တစ်နေ့ ဖုန်းပွတ်ရင်း ကျောက်ချဉ်အာနိသင်အကြောင်း ပင်စိမ်းရွက်နဲ့ သံပုရာသီးအကြောင်း ရေးထားတာလေးတွေ့လို့ ဖတ်ကြည့်ရင်း အကြံပေါ်လာတာနဲ့ ထုံးစံအတိုင်း စမ်းသပ်တာပေါ့။

(သွားနဲ့ပါတ်သက်တာတော့မပါပါဘူး) အဲဒီမှာ ကြက်ကန်းဆန်အိုး တိုးတော့တာပဲဗျို့”တစ်ကယ်အံ့သြစရာပါ”နှစ်နဲ့ချီ ခံစားနေရတဲ့ရောဂါ နှစ်ရက်သုံးရက်အတွင်း အစအနမကျန် ပျောက်ကင်းသွားတယ်ဆိုရင် ခင်ဗျားတို့ယုံမလား၊

အံ့သြမလားကျုပ် ဘယ်လိုခံစားရမလဲ စဉ်းစားသာကြည့်တော့။ ယိုင်နဲ့နေတဲ့သွားလည်း ပြန်ခိုင်သွားပြီလေ။ ဘဝတူတွေအတွက် စိတ်ဒါဏ်ရာတစ်ချို့ သက်သာစေရန် စေတနာနဲ့ဝေမျှလိုက်တယ်။

ကုနည်း

၁။ကျောက်ချဉ် နှစ်ရာတန် တစ်ထုပ်ဝယ်ပြီး အမှုန့်ကြိတ်။ အဲ့ဒီအမှုန့်ကို အနာရှိတဲ့ဒါဏ်ရာထဲထည့်။ တစ်နေ့နှစ်ကြိမ်။

၂။ပင်စိမ်းပင်တစ်ရာဖိုးဝယ် ငငြုပ်ဆုံ သန့်သန့်နဲ့ထောင်း။ သံပုရာသီးတစ်လုံးညှစ်လို့ရတဲ့အရည်နဲ့ ပင်စိမ်းရောသမ၊ ပြီးလျှင်တစ်နေ့သုံးကြိမ်ထည့်။ ဒါပဲ။

ဘဝတူများ ဝေဒနာပျောက်၍ လိုရာခရီးရောက်ကြပါစေ။