ၾကားသိရသမွ်

အချစ်ဆုံးသူငယ်ချင်းက ရုတ်တရက် ယောကျ်ားယူပြီး အိမ်ထောင်ပြုလိုက်လို့ မင်္ဂလာပွဲမှာ ငိုကြွေးနေခဲ့တဲ့ မိန်းကလေး

နှစ်အတော်ကြာ အတူတွဲကစားပြီး ချိုမြိန်စွာဘဝကို မျှဝေခဲ့ကြပေမယ့် ရုတ်တရတ် အချစ်ရဆုံးသူငယ်ချင်းတစ်ယောက် အိမ်ထောင်ပြုဖို့ ထွက်ခွာသွားတဲ့အခါ အတော်လေး ဝမ်းနည်းမိပါတယ် ။ ဟုတ်ပါတယ် ၊ မကြာသေးခင်ကဘဲ မိန်းကလေးငယ်တစ်ဦးဟာ နှစ်လရှည်စွာ အတူတူနေလာတဲ့ အခင်ဆုံးသူငယ်ချင်းက ရုတ်တရက် အိမ်ထောင်ကျပြီးနောက် သူမရဲ့ခံစားချက်တွေကို ထိန်းမထားနိုင်တာကြောင့် မင်္ဂလာပွဲအတွင်း ငိုကြွေးနေခဲ့ပါတယ် ။ ဧည့်သည်များက ဝိုင်းအုံပြီး အားလုံးက နှစ်သိမ့်ပေးကြသော်လည်း သတို့သမီးက သူမကို နှစ်သိမ့်ဖို့ ပိုကြိုးစားလေလေ ပိုငိုလေပါပဲ ။

ဒီပုံတွေကို ကြည့်လိုက်တော့ အင်တာနက်သုံးစွဲသူတော်တော်များများက ရယ်မောကြပါတယ် ။ လက်ရှိမှာ အဆိုပါပုံများကို လူမှုကွန်ရက်ပေါ်ရှိ လူများက တက်ကြွစွာမျှဝေပြီး လက်ခံရယူနေကြဆဲဖြစ်ပါတယ် ။ ဒီသူငယ်ချင်းအပေါ် သင် ဘယ်လိုထင်လဲ၊ သင့်ရဲ့ထင်မြင်ချက်ကို ပြန်လည်ဝေမျှပေးနိုင်ပါတယ် ။

JRose (KB Chimmy One)

Reference : yan

Zawgyi



JRose (KB Chimmy One)