ၾကားသိရသမွ်

ပြင်ဦးလွင်မှာ မြေကွက်ဝယ်ထားသူတွေ ကျူးဖြစ်သွားခြင်းနှင့် ပွဲစားများ ထည့်တဲ့ ဂျင်း

ပင္ဦးလြင္မွာ ေျမကြက္ဝယ္ထားသူေတြ က်ဴးျဖစ္သြားျခင္းႏွင့္ ပြဲစားမ်ား ထည့္တဲ့ ဂ်င္း ( ေရာင္းေနတုန္းက မေျပာဘဲ ၿခံစည္း႐ိုးခတ္ အိမ္ေဆာက္ၿပီးမွ သစ္ေတာႀကိဳးဝိုင္းေျမဆိုေတာ့…..)

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ေမၿမိဳ႕ထင္းႀကိဳးဝိုင္းအတြင္း ခြင့္ျပဳခ်က္တစ္စုံ တစ္ရာမရွိဘဲ က်ဴးေက်ာ္ဝင္ေရာက္၍ ေက်ာက္တိုင္စိုက္/သြပ္ဆူးႀကိဳးကာရံျခင္း၊

အုတ္တံတိုင္း ခတ္ကာရံ၍ အေဆာက္အဦ အခိုင္အမာေဆာက္လုပ္ထားျခင္းမ်ား ေတြ႕ရွိရၿပီး က်ဴးေက်ာ္ လုပ္ကိုင္ေဆာင္႐ြက္ေနသူမ်ား အား ေဖာ္ထုတ္၍ ဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သစ္ေတာဦးစီးဌာနက လူမႈကြန္ရက္မွတစ္ဆင့္ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ျပင္ဦးလြင္တြင္ ေျမကြက္မ်ားကို အကြက္႐ိုက္၍ ေစ်းႏႈန္းခ်ိဳသာစြာျဖင့္ ေရာင္း ခ်မႈမ်ား ၂၀၁၅ ခုႏွစ္မွစတင္၍ ေခတ္စားလာၿပီး အနယ္နယ္အရပ္ရပ္မွ ျပင္ဦးလြင္သို႔ သြားေရာက္ဝယ္ယူမႈမ်ားရွိေၾကာင္း၊

အဓိက အားျဖင့္ အရပ္စာခ်ဳပ္မ်ားျဖင့္ ဝယ္ယူေရာင္းခ်မႈမ်ားရွိေၾကာင္း၊ အထူးသျဖင့္ လူမႈကြန္ရက္တြင္ ေစ်းေပါေပါျဖင့္ ျပင္ဦးလြင္ေျမကြက္မ်ား ေရာင္းခ်မႈမ်ား လြန္စြာ တြင္က်ယ္ ေနေၾကာင္း ရန္ကုန္အေျခစိုက္ စကားဝါ အိမ္ၿခံေျမ အက်ိဳးေဆာင္မွ ဦးလြင္က ဆိုပါတယ္။

“တကယ္ေတာ့ အရပ္စာခ်ဳပ္ေတြနဲ႔ ေရာင္းၾက ဝယ္ၾကတာေတြက ျပင္ဦးလြင္ဘက္မွာ ေတာ္ေတာ္မ်ားတယ္။ တခ်ိဳ႕စာခ်ဳပ္ေတြမွာက ေဒသက ေက်း႐ြာ ရပ္ကြက္လူေတြနဲ႔ပဲ လက္မွတ္ထိုးေရာင္းၾကတာ။

အခုေတာ့ သစ္ေတာဘက္က ဒီလို စၿပီး ေၾကညာတာေၾကာင့္ က်ေနာ္ထင္ပါတယ္ အေတာ္မ်ားမ်ား ဆုံးရႈံးမႈေတြေတာ့ ႀကဳံရမယ့္ အေျခအေနပါပဲ” ဟု စကားဝါ အိမ္ၿခံေျမ အက်ိဳးေဆာင္ဦးလြင္က ဆိုပါတယ္။

ျပင္ဦးလြင္ၿမိဳ႕နယ္၊ သစ္ေတာႀကိဳးဝိုင္းအတြင္း ပါဝင္ေသာ ေျမကြက္မ်ားကို ေျမကြက္ ေပ ၄၀ x ေပ ၆၀ အကြက္တကြက္လွ်င္ ေငြက်ပ္ ၂၅ သိန္းမွ အက်ယ္အဝန္းႏွင့္ ေနရာကိုလိုက္၍ သိန္းရာေက်ာ္အထိ ေစ်းေပါက္၍ အေရာင္းအဝယ္လုပ္မႈမ်ား ရွိခဲ့ေၾကာင္း စုံစမ္း သိရွိရပါတယ္။

Crd_Blacker

ပင်ဦးလွင်မှာ မြေကွက်ဝယ်ထားသူတွေ ကျူးဖြစ်သွားခြင်းနှင့် ပွဲစားများ ထည့်တဲ့ ဂျင်း ( ရောင်းနေတုန်းက မပြောဘဲ ခြံစည်းရိုးခတ် အိမ်ဆောက်ပြီးမှ သစ်တောကြိုးဝိုင်းမြေဆိုတော့…..)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း ခွင့်ပြုချက်တစ်စုံ တစ်ရာမရှိဘဲ ကျူးကျော်ဝင်ရောက်၍ ကျောက်တိုင်စိုက်/သွပ်ဆူးကြိုးကာရံခြင်း၊

အုတ်တံတိုင်း ခတ်ကာရံ၍ အဆောက်အဦ အခိုင်အမာဆောက်လုပ်ထားခြင်းများ တွေ့ရှိရပြီး ကျူးကျော် လုပ်ကိုင်ဆောင်ရွက်နေသူများ အား ဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြင်ဦးလွင်တွင် မြေကွက်များကို အကွက်ရိုက်၍ စျေးနှုန်းချိုသာစွာဖြင့် ရောင်း ချမှုများ ၂၀၁၅ ခုနှစ်မှစတင်၍ ခေတ်စားလာပြီး အနယ်နယ်အရပ်ရပ်မှ ပြင်ဦးလွင်သို့ သွားရောက်ဝယ်ယူမှုများရှိကြောင်း၊

အဓိက အားဖြင့် အရပ်စာချုပ်များဖြင့် ဝယ်ယူရောင်းချမှုများရှိကြောင်း၊ အထူးသဖြင့် လူမှုကွန်ရက်တွင် စျေးပေါပေါဖြင့် ပြင်ဦးလွင်မြေကွက်များ ရောင်းချမှုများ လွန်စွာ တွင်ကျယ် နေကြောင်း ရန်ကုန်အခြေစိုက် စကားဝါ အိမ်ခြံမြေ အကျိုးဆောင်မှ ဦးလွင်က ဆိုပါတယ်။

“တကယ်တော့ အရပ်စာချုပ်တွေနဲ့ ရောင်းကြ ဝယ်ကြတာတွေက ပြင်ဦးလွင်ဘက်မှာ တော်တော်များတယ်။ တချို့စာချုပ်တွေမှာက ဒေသက ကျေးရွာ ရပ်ကွက်လူတွေနဲ့ပဲ လက်မှတ်ထိုးရောင်းကြတာ။

အခုတော့ သစ်တောဘက်က ဒီလို စပြီး ကြေညာတာကြောင့် ကျနော်ထင်ပါတယ် အတော်များများ ဆုံးရှုံးမှုတွေတော့ ကြုံရမယ့် အခြေအနေပါပဲ” ဟု စကားဝါ အိမ်ခြံမြေ အကျိုးဆောင်ဦးလွင်က ဆိုပါတယ်။

ပြင်ဦးလွင်မြို့နယ်၊ သစ်တောကြိုးဝိုင်းအတွင်း ပါဝင်သော မြေကွက်များကို မြေကွက် ပေ ၄၀ x ပေ ၆၀ အကွက်တကွက်လျှင် ငွေကျပ် ၂၅ သိန်းမှ အကျယ်အဝန်းနှင့် နေရာကိုလိုက်၍ သိန်းရာကျော်အထိ စျေးပေါက်၍ အရောင်းအဝယ်လုပ်မှုများ ရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

Crd_Blacker