ၾကားသိရသမွ်

အာဇာနည်မလေး ကြယ်စင်ရဲ့ သူမကိုယ်တိုင်သီဆိုထားတဲ့ သီချင်းလေးနဲ့ သူမရဲ့ အကြောင်း (ရုပ်သံ)

မတ် (၃) ရက် နေ့က မန္တလေး မြို့ ၈၄ လမ်း နဲ့ လမ်း၃၀ ထောင့် မှာ ဦးခေါင်း တွင် သေနတ် ကျည်ဆန် ထိမှန် ကာ ကျဆုံး ခဲ့ရတဲ့ အသက် ၁၉ နှစ် အရွယ် အမျိုး သမီးငယ် လေး Deng Jia Xi (ခ) မကြယ်စင် (ခ) ကျားရှိ (ခ) အိန်ဂျယ် က တော့ မအေးအေးမြင့် ဆံပင် ညှပ်ဆိုင် ပိုင်ရှင် ရဲ့ တစ်ဦး တည်းသော သမီးလေး ပဲ ဖြစ် ပါတယ် ။

ယနေ့ မတ် လ ၄ ရက်နေ့ မှာ တော့ အိန်ဂျယ်ရဲ့ စျာပနာ အခမ်း အနားကို လမ်း (၈၀) ရှိ ယူနန် ဗုဒ္ဓဘာသာ ဘုရားကျောင်း တွင် ပြုလုပ် ကာ အေးရိပ် ငြိမ် သုဿန် မှာ ဂူသွင်း သင်္ဂြိလ် ခဲ့ပါတယ် ။

ပြည် သူ့ သူရဲကောင်း မလေး အိန်ဂျယ် အတွက် ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည် က လွမ်းသူ့ ပန်းခွေ ပို့ပေး ခဲ့ကာ” ပြည်သူ့ အာဇာနည် သူရဲကောင်း ကို လေးစား ဂုဏ်ပြုပြီး အေးချမ်း ရာ ဘုံဘဝမှာ ကောင်းရာ သုဂတိလား ပါစေ ” လို့ ရေးသား ခဲ့ ပါသေး တယ် ။ သူမ ချစ် ခင်တဲ့ အနုပညာရှင် က အမှတ် တရပြုလုပ် ပေးခဲ့လို့ အိန်ဂျယ် သိခွင့် ရရင် လည်း ကျေနပ် နေမယ် လို့ မျှော်လင့် ပါတယ် …

မသေ ဆုံးခင် က တည်း က သွေး၊ မျက်ကြည်လွှာ ၊ ခန္ဓာ ကိုယ်ရဲ့ ဘယ်အစိတ် အပိုင်းကို မဆို လှူဒါန်းမယ့် အကြောင်း နဲ့ တကယ် လိုအပ်ခဲ့ ပါက အသက် မသေလည်း အသေခံ ပြီး လှူပါတယ် လို့ ကိုယ်တိုင်ခွင့်ပြုလက်ခံတဲ့ အကြောင်းကို သူမရဲ့ လူမူကွန်ယက် စာမျက်နှာမှာလည်း ရေးသား ဖော်ပြခဲ့ပါသေးတယ်။

သူမရဲ့ဖခင်ကလည်း နွေဦး တော်လှန်ရေး အတွက် သမီးကို လက်ပတ် လေး ချည်ပေးခဲ့တဲ့ ပုံရိပ်ကလည်း ပြည်သူများကြား ရင်ထဲထိရောက်ပြီး ရေပန်းစားခဲ့တဲ့ ပုံရိပ်လေးတွေလည်း ဖြစ်ခဲ့ပါ တယ် ။ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့်လည်း သတ္တိရှိ ထက်မြက်ရုံသာမက အနုပညာမှာလည်း ပါရမီရှိတဲ့ မျိုးဆက်သစ် လူငယ်လေးတစ်ဦးလည်း ဖြစ် ပါ တယ် ။

အဆိုတော် ဖြစ်ချင် ခဲ့တဲ့ အိန်ဂျယ်လ် ကိုယ် တိုင် သီဆိုထား တဲ့ သီချင်း တစ် ပုဒ် ( Official Song ) ဖြစ်တဲ့ ” No Reason ” ဆိုတဲ့ သီချင်း ကလည်း ပြည်သူ တွေအနေ နဲ့ လွမ်းဆွတ် မှုတွေ ကို ပိုးတိုး စေခဲ့ပါ တယ် ။

ဒီသီ ချင်းထဲ မှာ ခံစား သက်ဝင်မှု အပြည့် နဲ့ အကောင်း ဆုံး သီဆို ထားတဲ့ အပြင် အိန်ဂျယ် ကိုယ်တိုင် ပါ ဝင်သရုပ်ဆောင် ထားတာ ပဲ ဖြစ်ပါတယ်။ပြည်သူ့ သူရဲကောင်းမလေး အိန်ဂျယ်ကတော့ သီချင်းဆိုတာ ကောင်းတဲ့အပြင် အကပိုင်းမှာလည်း ထူးချွန်သူလေးလည်း ဖြစ်ပါ တယ် ။

အသက် အရွယ် ငယ် ပေ မယ့် မြင့်မြတ် တဲ့ စိတ်ဓာတ် ကို လေးစား ဂုဏ်ပြုကာ မှတ်တမ်း တင် ဦးညွှတ် ရင်း ရင်ထဲ မှာ အမှတ် ရနေပါ မယ် ….ပြည် သူ့ သူရဲကောင်း မလေး အိန်ဂျယ် ကို မေတ္တာ ပို့ အမျှဝေ ဆုတောင်းစကားလေး ပြောပေးကြဖို့ တောင်းဆိုရင်း ပြည်သူတွေ အားလုံးလည်း ဘေးအန္တရယ် ကင်းရှင်းပြီး အမြန် ဆုံး အေးချမ်းမှု ရရှိနိုင် ပါစေလို့ ဆုတောင်း လိုက် ပါ တယ်

သတင်းအရင်းမြစ် Deng Jia Xi fB account

Zawgyi

မတ္ (၃) ရက္ ေန႔က မႏၲေလး ၿမိဳ႕ ၈၄ လမ္း နဲ႔ လမ္း၃၀ ေထာင့္ မွာ ဦးေခါင္း တြင္ ေသနတ္ က်ည္ဆန္ ထိမွန္ ကာ က်ဆုံး ခဲ့ရတဲ့ အသက္ ၁၉ ႏွစ္ အရြယ္ အမ်ိဳး သမီးငယ္ ေလး Deng Jia Xi (ခ) မၾကယ္စင္ (ခ) က်ားရွိ (ခ) အိန္ဂ်ယ္ က ေတာ့ မေအးေအးျမင့္ ဆံပင္ ညႇပ္ဆိုင္ ပိုင္ရွင္ ရဲ့ တစ္ဦး တည္းေသာ သမီးေလး ပဲ ျဖစ္ ပါတယ္ ။

ယေန႔ မတ္ လ ၄ ရက္ေန႔ မွာ ေတာ့ အိန္ဂ်ယ္ရဲ့ စ်ာပနာ အခမ္း အနားကို လမ္း (၈၀) ရွိ ယူနန္ ဗုဒၶဘာသာ ဘုရားေက်ာင္း တြင္ ျပဳလုပ္ ကာ ေအးရိပ္ ၿငိမ္ သုႆန္ မွာ ဂူသြင္း သၿဂႋလ္ ခဲ့ပါတယ္ ။

ျပည္ သူ႔ သူရဲေကာင္း မေလး အိန္ဂ်ယ္ အတြက္ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ အကယ္ဒမီ ဝတ္မႈံေရႊရည္ က လြမ္းသူ႔ ပန္းေခြ ပို႔ေပး ခဲ့ကာ” ျပည္သူ႔ အာဇာနည္ သူရဲေကာင္း ကို ေလးစား ဂုဏ္ျပဳၿပီး ေအးခ်မ္း ရာ ဘုံဘဝမွာ ေကာင္းရာ သုဂတိလား ပါေစ ” လို႔ ေရးသား ခဲ့ ပါေသး တယ္ ။ သူမ ခ်စ္ ခင္တဲ့ အႏုပညာရွင္ က အမွတ္ တရျပဳလုပ္ ေပးခဲ့လို႔ အိန္ဂ်ယ္ သိခြင့္ ရရင္ လည္း ေက်နပ္ ေနမယ္ လို႔ ေမၽွာ္လင့္ ပါတယ္ …

မေသ ဆုံးခင္ က တည္း က ေသြး၊ မ်က္ၾကည္လႊာ ၊ ခႏၶာ ကိုယ္ရဲ့ ဘယ္အစိတ္ အပိုင္းကို မဆို လႉဒါန္းမယ့္ အေၾကာင္း နဲ႔ တကယ္ လိုအပ္ခဲ့ ပါက အသက္ မေသလည္း အေသခံ ၿပီး လႉပါတယ္ လို႔ ကိုယ္တိုင္ခြင့္ျပဳလက္ခံတဲ့ အေၾကာင္းကို သူမရဲ့ လူမူကြန္ယက္ စာမ်က္ႏွာမွာလည္း ေရးသား ေဖာ္ျပခဲ့ပါေသးတယ္။

သူမရဲ့ဖခင္ကလည္း ေႏြဦး ေတာ္လွန္ေရး အတြက္ သမီးကို လက္ပတ္ ေလး ခ်ည္ေပးခဲ့တဲ့ ပုံရိပ္ကလည္း ျပည္သူမ်ားၾကား ရင္ထဲထိေရာက္ၿပီး ေရပန္းစားခဲ့တဲ့ ပုံရိပ္ေလးေတြလည္း ျဖစ္ခဲ့ပါ တယ္ ။ ငယ္ရြယ္တဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္ေပမယ့္လည္း သတၱိရွိ ထက္ျမက္႐ုံသာမက အႏုပညာမွာလည္း ပါရမီရွိတဲ့ မ်ိဳးဆက္သစ္ လူငယ္ေလးတစ္ဦးလည္း ျဖစ္ ပါ တယ္ ။

အဆိုေတာ္ ျဖစ္ခ်င္ ခဲ့တဲ့ အိန္ဂ်ယ္လ္ ကိုယ္ တိုင္ သီဆိုထား တဲ့ သီခ်င္း တစ္ ပုဒ္ ( Official Song ) ျဖစ္တဲ့ ” No Reason ” ဆိုတဲ့ သီခ်င္း ကလည္း ျပည္သူ ေတြအေန နဲ႔ လြမ္းဆြတ္ မႈေတြ ကို ပိုးတိုး ေစခဲ့ပါ တယ္ ။

ဒီသီ ခ်င္းထဲ မွာ ခံစား သက္ဝင္မႈ အျပည့္ နဲ႔ အေကာင္း ဆုံး သီဆို ထားတဲ့ အျပင္ အိန္ဂ်ယ္ ကိုယ္တိုင္ ပါ ဝင္သ႐ုပ္ေဆာင္ ထားတာ ပဲ ျဖစ္ပါတယ္။ျပည္သူ႔ သူရဲေကာင္းမေလး အိန္ဂ်ယ္ကေတာ့ သီခ်င္းဆိုတာ ေကာင္းတဲ့အျပင္ အကပိုင္းမွာလည္း ထူးခၽြန္သူေလးလည္း ျဖစ္ပါ တယ္ ။

အသက္ အရြယ္ ငယ္ ေပ မယ့္ ျမင့္ျမတ္ တဲ့ စိတ္ဓာတ္ ကို ေလးစား ဂုဏ္ျပဳကာ မွတ္တမ္း တင္ ဦးညႊတ္ ရင္း ရင္ထဲ မွာ အမွတ္ ရေနပါ မယ္ ….ျပည္ သူ႔ သူရဲေကာင္း မေလး အိန္ဂ်ယ္ ကို ေမတၱာ ပို႔ အမၽွေဝ ဆုေတာင္းစကားေလး ေျပာေပးၾကဖို႔ ေတာင္းဆိုရင္း ျပည္သူေတြ အားလုံးလည္း ေဘးအႏၲရယ္ ကင္းရွင္းၿပီး အျမန္ ဆုံး ေအးခ်မ္းမႈ ရရွိနိုင္ ပါေစလို႔ ဆုေတာင္း လိုက္ ပါ တယ္

သတင္းအရင္းျမစ္ Deng Jia Xi fB account