ထိုင်းနိုင်ငံ Samut Prakanပြည်နယ်တွင် နေထိုင်သော အသက်၁၂နှစ်အရွယ် ကလေးမလေးတစ်ဦးသည် အိမ်တွင် အဖွားဖြစ်သူအပါအဝင် မွေးချင်းမောင်နှမကလည်း များတာကြောင့် စားဝတ်နေရေးအတွက် ဝင်ငွေကူရှာပေးခဲ့သည်။

ကလေးမလေးဧ။် ဖခင်ဖြစ်သူသည် နေမကောင်းဖြစ်ပြီးကတည်းက အလုပ်မလုပ်နိုင်တော့ပဲ အိပ်ရာထဲတွင်သာ လှဲနေရပြီး မိခင်တစ်ယောက်တည်း ငှက်ပျောကောက်ညှင်းထုပ်လုပ်ရာတွင် ပင်ပန်းလွန်းလှသည်ကို သိရှိကာ စျေးရောင်းကူခဲ့သည်။

ထို့ကြောင့် ကလေးမလေးသည် မနက်၅နာရီတွင် လမ်းမပေါ်ထွက်ပြီး ခေါက်ခုံလေးတစ်ခုပေါ်တွင် စားချင်စဖွယ်ကောင်းသော ဌက်ပျောထုပ်လေးတွေကို စီတန်းကာ ရောင်းချခဲ့ပြီး နောက်ပိုင်းကနေ မိခင်ဖြစ်သူက ကောက်ညှင်းပေါင်းပေးနေခဲ့သည်။

ထိုအဖြစ်ကို မြင်တွေ့သောသူများမှာ ကလေးမလေးကိုကြည့်ပြီး အိမ်စောစောပြန်နားစေလို၍ ဝယ်ယူအားပေးကြပြီး ငယ်ငယ်ရွယ်ရွယ်နှင့် မိဘကျေးဇူးသိတတ်နေခြင်းကြောင့် ချီးမွမ်းစကားများ ဆိုခဲ့ကြသည်။

Hlaing (Love Feeling)
Zawgyi
မနက္၅နာရီထၿပီး လမ္းမေပၚထြက္၍ ငွက္ေပ်ာထုပ္ႏွင့္ ေကာက္ညႇင္းထုပ္တို႔ကို ေရာင္းခ်ကာ မိခင္ျဖစ္သူကို ပင္ပန္းတာသက္သာေအာင္ ကူညီေပးေနေသာ ကေလးမေလး

ထိုင္းႏိုင္ငံ Samut Prakanျပည္နယ္တြင္ ေနထိုင္ေသာ အသက္၁၂ႏွစ္အ႐ြယ္ ကေလးမေလးတစ္ဦးသည္ အိမ္တြင္ အဖြားျဖစ္သူအပါအဝင္ ေမြးခ်င္းေမာင္ႏွမကလည္း မ်ားတာေၾကာင့္ စားဝတ္ေနေရးအတြက္ ဝင္ေငြကူရွာေပးခဲ့သည္။
ကေလးမေလးဧ။္ ဖခင္ျဖစ္သူသည္ ေနမေကာင္းျဖစ္ၿပီးကတည္းက အလုပ္မလုပ္ႏိုင္ေတာ့ပဲ အိပ္ရာထဲတြင္သာ လွဲေနရၿပီး မိခင္တစ္ေယာက္တည္း ငွက္ေပ်ာေကာက္ညႇင္းထုပ္လုပ္ရာတြင္ ပင္ပန္းလြန္းလွသည္ကို သိရွိကာ ေစ်းေရာင္းကူခဲ့သည္။

ထို႔ေၾကာင့္ ကေလးမေလးသည္ မနက္၅နာရီတြင္ လမ္းမေပၚထြက္ၿပီး ေခါက္ခုံေလးတစ္ခုေပၚတြင္ စားခ်င္စဖြယ္ေကာင္းေသာ ဌက္ေပ်ာထုပ္ေလးေတြကို စီတန္းကာ ေရာင္းခ်ခဲ့ၿပီး ေနာက္ပိုင္းကေန မိခင္ျဖစ္သူက ေကာက္ညႇင္းေပါင္းေပးေနခဲ့သည္။
ထိုအျဖစ္ကို ျမင္ေတြ႕ေသာသူမ်ားမွာ ကေလးမေလးကိုၾကည့္ၿပီး အိမ္ေစာေစာျပန္နားေစလို၍ ဝယ္ယူအားေပးၾကၿပီး ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ မိဘေက်းဇူးသိတတ္ေနျခင္းေၾကာင့္ ခ်ီးမြမ္းစကားမ်ား ဆိုခဲ့ၾကသည္။
Hlaing (Love Feeling)



