ၾကားသိရသမွ်

ဆယ်လီသတင်းတွေနဲ့ အချိန်ကုန်ပြီး အမေ့ကို သတိမရတဲ့ သူတွေကို ဒဲ့ပြောလိုက်တဲ့ ညီမလေး (ရုပ်သံဖိုင်)

ဆယ္လီသတင္းေတြနဲ႔ အခ်ိန္ကုန္ၿပီး အေမ့ကို သတိမရတဲ့ သူေတြကို ဒဲ့ေျပာလိုက္တဲ့ ညီမေလး (႐ုပ္သံဖိုင္)

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔သမၼတဦးဝင္းျမင့္တို႔ရင္ဆိုင္ေနရတဲ့အမႈေတြထဲက သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ နဲ႔စြဲဆိုခံထားရတဲ့အမႈနဲ႔ ပုဒ္မ ၅၀၅(ခ)တို႔အတြက္ မနက္ျဖန္ ႏိုဝင္ဘာလ ၃၀ရက္မွာ အၿပီးသတ္အမိန႔္ခ်ဖို႔ရွိတယ္လို႔ တရား႐ုံးနဲ႔နီးစပ္တဲ့ အသိုင္းအဝိုင္းက သိရပါတယ္။

မနက္ျဖန္မွာ အမိန႔္ခ်ဖို႔ တရား႐ုံးက လ်ာထားတဲ့ သဘာဝေဘးစီမံအမႈဟာ ၂၀၂၀ မဲဆြယ္ကာလမွာ ဥတၱသီရိၿမိဳ႕နယ္ထဲျဖတ္သြားတဲ့ NLD မဲဆြယ္ယာဥ္တန္းကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔က ထြက္ၿပီးလက္ျပႏႈတ္ဆက္လို႔ဆိုတဲ့ စြပ္စြဲခ်က္နဲ႔စြဲဆိုခံထားရတဲ့အမႈပါ။ ကိုဗစ္ကာလအတြင္းလူစုလူေဝးျဖစ္ေစတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔စြဲဆိုခံထားရတာျဖစ္ပါတယ္။

ေနာက္ထပ္အမိန႔္ခ်မယ့္ ပုဒ္မ ၅၀၅(ခ)အမႈကေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ေကာင္စီဥကၠ႒ေဒါက္တာမ်ိဳးေအာင္တို႔ ၃ ဦး လုံးတစ္ေပါင္းတည္းစြဲဆိုခံထားရတဲ့အမႈျဖစ္ပါတယ္။

သူတို႔ ၃ ဦးလုံး ရင္ဆိုင္ေနရတဲ့ အဲဒီအမႈဟာ အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီ ၇ ရက္ နဲ႔ ေဖေဖာ္ဝါရီ ၁၃ ရက္မွာ NLD ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ထုတ္ျပန္ခဲ့တဲ့ စာႏွစ္ေစာင္နဲ႔ပတ္သက္လို႔ ပါတီအႀကီး အကဲေတြျဖစ္တဲ့ သူတို႔ ၃ဦးလုံးမွာ တာဝန္ရွိတယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ တရားစြဲဆိုခံထားရတာျဖစ္ပါတယ္။

သူတို႔ သုံးဦးလုံး ဖမ္းဆီးခံထားရခ်ိန္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ထုတ္ျပန္တဲ့ စာ ၂ ေစာင္ကိုအေၾကာင္းျပဳလို႔ တရားစြဲခံထားတာျဖစ္တဲ့အေၾကာင္းနဲ႔ သမၼတ၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဒါက္တာမ်ိဳးေအာင္တို႔ကို စြဲဆိုထားတဲ့ပုဒ္မ ၅၀၅(ခ)နဲ႔ပတ္သက္လို႔ စြဲဆိုရန္ မသင့္တဲ့အေၾကာင္း ၿပီးခဲ့တဲ့ေအာက္တိုဘာ ၁၂ ရက္က သမၼတဦးဝင္းျမင့္ကိုယ္တိုင္ သက္ေသထြက္ဆိုထားပါတယ္။

ဒါေပမယ့္ မနက္ျဖန္မွာ အဲဒီအမႈေတြကို အၿပီးသတ္အမိန႔္ခ်ႏိုင္မလား၊စစ္ေဆးခ်ိန္အကန႔္အသတ္ အပါအဝင္ တျခားအေၾကာင္းျပခ်က္ တခ်ိဳ႕ေၾကာင့္ ထပ္မံေ႐ႊ႕ဆိုင္းႏိုင္တဲ့အေျခအေနလည္းရွိတာေၾကာင့္ တရားသူႀကီးရဲ႕ဆုံးျဖတ္ခ်က္ေပၚမူတည္တယ္လို႔ ဥပေဒေရးရာစိတ္ဝင္စားသူေတြက သုံးသပ္ၾကတာ လည္းရွိပါတယ္။

သဘာဝေဘးစီမံပုဒ္မနဲ႔ ပုဒ္မ ၅၀၅(ခ)ပုဒ္မေတြဟာ အျမင့္ဆုံးျပစ္ဒဏ္ေထာင္ဒဏ္ ၂ ႏွစ္အထိ ခ်မွတ္ႏိုင္တဲ့ပုဒ္မေတြျဖစ္တယ္လို႔သိရပါတယ္။

တခါ ေနာက္ထပ္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒပုဒ္မ နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို အရပ္သားတစ္ဦးျဖစ္တဲ့ ဦးညီညီဆိုသူက စြဲဆိုထားတဲ့ အမႈအတြက္လည္း မနက္ျဖန္ ႏိုဝင္ဘာလ ၃၀ ရက္မွာ စြပ္စြဲခံရသူ ေဒၚေအာင္ဆန္းစုၾကည္ဘက္က ခံျပသက္ေသအျဖစ္တင္ထားတဲ့ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို ဘယ္လိုစစ္ေဆးမလဲဆိုတာနဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ခ်ဖို႔ရွိတယ္လို႔သိရပါတယ္။

ၿပီးခဲ့တဲ့ အပတ္က ေဒါက္တာေဇာ္ျမင့္ေမာင္ကို ခံျပသက္ေသအျဖစ္စစ္ေဆးရမွာျဖစ္ေပမယ့္ သူ႔ကို က်န္းမာေရးစစ္ေဆးတဲ့အစိုးရဆရာဝန္က က်န္းမာေရးအေျခအေနအရ ခရီးသြားဖို႔ခြင့္မျပဳသင့္ဘူးဆိုတဲ့မွတ္ခ်က္ကို ေပးခဲ့တာေၾကာင့္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ မႏၲေလးအိုးဘိုေထာင္ကေန ေနျပည္ေတာ္အထူးတရား႐ုံးကို လာေရာက္သက္ေသ ထြက္ဆိုခြင့္မရခဲ့တာျဖစ္ပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး ေဒါက္တာေဇာ္ျမင့္ေမာင္ကို ဘယ္လိုပုံစံနဲ႔ စစ္ေဆးမလဲဆိုတဲ့ဆုံးျဖတ္ခ်က္ကို မနက္ျဖန္မွာတရား႐ုံးကခ်မွတ္ဖို႔ရွိပါတယ္။

အာဏာသိမ္းမႈျဖစ္ၿပီးကတည္းက ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အမႈေပါင္း ၁၁ မႈနဲ႔ တရားရင္ဆိုင္ေနရတာျဖစ္ၿပီးလာမယ့္ႏိုဝင္ဘာ ၃၀ရက္မွာေတာ့ စြဲဆိုခံထားရတဲ့အမႈေတြထဲက တခ်ိဳ႕အမႈေတြကို အၿပီးသတ္ အမိန႔္ခ်ဖို႔ရွိေနတာ ျဖစ္ပါတယ္။

source-BBC

ဆယ်လီသတင်းတွေနဲ့ အချိန်ကုန်ပြီး အမေ့ကို သတိမရတဲ့ သူတွေကို ဒဲ့ပြောလိုက်တဲ့ ညီမလေး (ရုပ်သံဖိုင်)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုခံထားရတဲ့အမှုနဲ့ ပုဒ်မ ၅၀၅(ခ)တို့အတွက် မနက်ဖြန် နိုဝင်ဘာလ ၃၀ရက်မှာ အပြီးသတ်အမိန့်ချဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

မနက်ဖြန်မှာ အမိန့်ချဖို့ တရားရုံးက လျာထားတဲ့ သဘာဝဘေးစီမံအမှုဟာ ၂၀၂၀ မဲဆွယ်ကာလမှာ ဥတ္တသီရိမြို့နယ်ထဲဖြတ်သွားတဲ့ NLD မဲဆွယ်ယာဉ်တန်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့က ထွက်ပြီးလက်ပြနှုတ်ဆက်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့စွဲဆိုခံထားရတဲ့အမှုပါ။ ကိုဗစ်ကာလအတွင်းလူစုလူဝေးဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့စွဲဆိုခံထားရတာဖြစ်ပါတယ်။

နောက်ထပ်အမိန့်ချမယ့် ပုဒ်မ ၅၀၅(ခ)အမှုကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ ၃ ဦး လုံးတစ်ပေါင်းတည်းစွဲဆိုခံထားရတဲ့အမှုဖြစ်ပါတယ်။

သူတို့ ၃ ဦးလုံး ရင်ဆိုင်နေရတဲ့ အဲဒီအမှုဟာ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက် နဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ စာနှစ်စောင်နဲ့ပတ်သက်လို့ ပါတီအကြီး အကဲတွေဖြစ်တဲ့ သူတို့ ၃ဦးလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

သူတို့ သုံးဦးလုံး ဖမ်းဆီးခံထားရချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့ စာ ၂ စောင်ကိုအကြောင်းပြုလို့ တရားစွဲခံထားတာဖြစ်တဲ့အကြောင်းနဲ့ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ပုဒ်မ ၅၀၅(ခ)နဲ့ပတ်သက်လို့ စွဲဆိုရန် မသင့်တဲ့အကြောင်း ပြီးခဲ့တဲ့အောက်တိုဘာ ၁၂ ရက်က သမ္မတဦးဝင်းမြင့်ကိုယ်တိုင် သက်သေထွက်ဆိုထားပါတယ်။

ဒါပေမယ့် မနက်ဖြန်မှာ အဲဒီအမှုတွေကို အပြီးသတ်အမိန့်ချနိုင်မလား၊စစ်ဆေးချိန်အကန့်အသတ် အပါအဝင် တခြားအကြောင်းပြချက် တချို့ကြောင့် ထပ်မံရွှေ့ဆိုင်းနိုင်တဲ့အခြေအနေလည်းရှိတာကြောင့် တရားသူကြီးရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်တယ်လို့ ဥပဒေရေးရာစိတ်ဝင်စားသူတွေက သုံးသပ်ကြတာ လည်းရှိပါတယ်။

သဘာဝဘေးစီမံပုဒ်မနဲ့ ပုဒ်မ ၅၀၅(ခ)ပုဒ်မတွေဟာ အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မတွေဖြစ်တယ်လို့သိရပါတယ်။

တခါ နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရပ်သားတစ်ဦးဖြစ်တဲ့ ဦးညီညီဆိုသူက စွဲဆိုထားတဲ့ အမှုအတွက်လည်း မနက်ဖြန် နိုဝင်ဘာလ ၃၀ ရက်မှာ စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်ဘက်က ခံပြသက်သေအဖြစ်တင်ထားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဘယ်လိုစစ်ဆေးမလဲဆိုတာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ရှိတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဒေါက်တာဇော်မြင့်မောင်ကို ခံပြသက်သေအဖြစ်စစ်ဆေးရမှာဖြစ်ပေမယ့် သူ့ကို ကျန်းမာရေးစစ်ဆေးတဲ့အစိုးရဆရာဝန်က ကျန်းမာရေးအခြေအနေအရ ခရီးသွားဖို့ခွင့်မပြုသင့်ဘူးဆိုတဲ့မှတ်ချက်ကို ပေးခဲ့တာကြောင့် ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးအိုးဘိုထောင်ကနေ နေပြည်တော်အထူးတရားရုံးကို လာရောက်သက်သေ ထွက်ဆိုခွင့်မရခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒေါက်တာဇော်မြင့်မောင်ကို ဘယ်လိုပုံစံနဲ့ စစ်ဆေးမလဲဆိုတဲ့ဆုံးဖြတ်ချက်ကို မနက်ဖြန်မှာတရားရုံးကချမှတ်ဖို့ရှိပါတယ်။

အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၁ မှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီးလာမယ့်နိုဝင်ဘာ ၃၀ရက်မှာတော့ စွဲဆိုခံထားရတဲ့အမှုတွေထဲက တချို့အမှုတွေကို အပြီးသတ် အမိန့်ချဖို့ရှိနေတာ ဖြစ်ပါတယ်။

source-BBC