ၾကားသိရသမွ်

သူများသမီးရည်းစားပြဿနာကြား မဆီမဆိုင်ပါလာလို့ စိတ်ဆိုးနေကြတဲ့ Fan တွေကို ပြန်လည်နှစ်သိမ့်ပေးခဲ့တဲ့ အောင်မင်းခန့်

သရုပ်ဆောင် အောင်မင်းခန့်ကတော့ လတ်တလောမှာ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းခံနေရသူတစ်ယောက်ဖြစ်ပါတယ်။ အကြောင်းကတော့ အောင်မင်းခန့်ဟာ Double Dating အစီအစဉ်ထဲက သူ့ရဲ့ပါတနာ သရုပ်ဆောင် ယွန်းယွန်းနဲ့ စည်သူဝင်းတို့သမီးရည်းစားရဲ့ လှုမှုရေးပြဿနာတွေကြောင့်ပဲဖြစ်ပါတယ်။ စည်သူဝင်းရဲ့ချစ်သူ မြတ်နိုးအိမ်တင်ထားတဲ့ စည်သူဝင်းနဲ့ ယွန်းယွန်းတို့ပြောတဲ့ Conversation ထဲမှာ ယွန်းယွန်းဟာ စည်သူဝင်းရဲ့ချစ်သူဖြစ်နေတာကြောင့် စည်သူဝင်းအရှေ့မှာ အောင်မင်းခန့်ရဲ့ပါတနာအနေနဲ့ရှိမနေချင်တော့ဘူးဆိုပြီး ပြောခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

ယွန်းယွန်းနဲ့ စည်သူဝင်းတို့ရဲ့ အဆိုပါစကားအသွားအလာကြောင့် အောင်မင်းခန့်ရဲ့ Fan တွေဟာ စိတ်ဆိုးဒေါသဖြစ်နေကြပြီး ကိုယ်ရေးကိုယ်တာခံစားမှုတွေကြောင့် အလုပ်အပေါ်လေးစားမှုမရှိဘူးဆိုပြီး ဝေဖန်နေကြတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် အောင်မင်းခန့်ရဲ့ Fan တွေဟာ ယွန်းယွန်းနဲ့စည်သူဝင်းကို ဒေါသထွက်နေကြတာမို့ အောင်မင်းခန့်က သူနဲ့သူ့ပရိသတ်တွေရဲ့ Group Chat ထဲမှာ “သူ့အပူနဲ့သူဖြစ်နေတော့ ညီမလေးရယ် မပြောပါနဲ့.. ညီမလေးစိတ်ထိန်းနော်” ဆိုပြီး ဖြောင်းဖျပေးနေခဲ့တာကို တွေ့ရပါတယ်။

အောင်မင်းခန့်ကတော့ အနုပညာအလုပ်ကြောင့်သာ Double Dating အစီအစဉ်ရိုက်ကူးနေချိန်မှာပဲ ယွန်းယွန်းအပေါ် ချစ်သူတစ်ယောက်လို ဆက်ဆံခဲ့ပြီး ရိုက်ကွင်းနောက်ကွယ်မှာတော့ ခင်မင်ရင်းနှီးတဲ့အနုပညာမောင်နှမတွေအတိုင်းသာရှိခဲ့တယ်ဆိုတာ အားလုံးလည်းအသိပါပဲ။

Source: Aung Min Khant’s fb
ဇော်ဂျီဖြင့်ဖတ်ရန်