“ေယာက္်ားတိုင္း လိုလိုခ်င္ခ်င္နဲ႔ မက္ေမာတဲ့ မိန္းမဆိုတာ”
ေယာက္်ားတစ္ေယာက္က ေျပာတယ္……
(၁) မိန္းကေလး တစ္ေယာက္ဟာ သိပ္ေခ်ာ သိပ္လွစရာ မလိုဘူး။
လူၾကားသူၾကားထဲ ေခၚထြက္လို႔ရၿပီး အိမ္အျပန္ ေခၚျပန္လာလို႔ရရင္ ရၿပီ။
(၂) ျဖစ္ခဲ့ဖူးတဲ့ အတိတ္ကို ငါလိုက္မေမးဘူး။ ဒါေပမယ့္ ငါနဲ႔ေတြ႕ၿပီးတဲ့ေနာက္ ငါ့တစ္ေယာက္တည္းကိုပဲ ေကာင္းေကာင္းခ်စ္ရင္ ရၿပီ။
(၃) အလုပ္လုပ္ခ်င္ရင္ အလုပ္တစ္ခုရွာ လုပ္ႏိုင္တယ္။ မလုပ္ခ်င္ရင္ အိမ္မွာပဲ
အိမ္ရွင္မအျဖစ္ ပီပီသသေန။ နင့္ကို ငါယူရဲရင္ နင့္ကိုေကြၽးႏိုင္တဲ့ အား ငါ့မွာရွိတယ္။
(၄) တျခားလူေလာက္ ငါခ်မ္းသာခ်င္မွ ခ်မ္းသာမယ္။ ဒါေပမယ့္ တျခားလူ နင့္ကို ေပးႏိုင္တဲ့အရာ ငါလည္းေပးႏိုင္တယ္။
(၅) နင့္အနားမွာ ငါေန႔တိုင္းအေဖာ္ျပဳႏိုင္ခ်င္မွ ျပဳႏိုင္မယ္။ ဒီအိမ္အတြက္ ငါအျပင္ထြက္ ႐ုန္းကန္ရမယ္။ ဒါေပမယ့္ ငါ့ဖုန္း ဘယ္ေတာ့မွ ပိတ္မထားဘူး… ဘယ္အခ်ိန္ျဖစ္ျဖစ္ ငါ့ကို နင္ ရွာေတြ႕ႏိုင္ေစရမယ္။
(၆) သူငယ္ခ်င္းတစ္သိုက္နဲ႔ ငါ ထြက္ေသာက္ျဖစ္တဲ့ အခါတိုင္း နင့္ကိုငါ ေခၚသြားမွာ မဟုတ္ဘူး။ ဒါေပမယ့္ ခမ္းခမ္းနားနား က်င္းပတဲ့ ပြဲမွန္သမွ် နင့္ကို ငါ ဂုဏ္ရွိရွိတြဲေခၚၿပီး လူေတြနဲ႔ မိတ္ဆက္ေပးလို႔ရတယ္။
(၇) တခ်ိဳ႕ကေျပာတယ္.. မိန္းမယူတာ ထမင္းခ်က္၊ အဝတ္ေလွ်ာ္၊ ကေလးထိန္းဖို႔တဲ့။ ငါေတာ့ ဒီလိုမထင္ဘူး။ အိမ္မႈကိစၥေတြကို ငါခြဲေဝကူ လုပ္ေပးႏိုင္တယ္။ ဒါေပမယ့္ ငါလုပ္တယ္ ဆိုၿပီး နင္မလုပ္ေတာ့တာ မျဖစ္ပါေစနဲ႔။
(၈) ဝမ္းနည္းတဲ့ ဘယ္လိုကိစၥမ်ိဳးမဆို ငါ့ကို နင္ေျပာပါ။ ငါရဲ႕ခိုင္ခံ့တဲ့ပခုံးနဲ႔ နင့္ကိုငါ အမွီေပးမယ္။
(၉) ငါ့မွာ ေယာက္်ားမာန္ဆိုတာ ရွိတတ္တယ္။ အျပင္မွာ၊ ငါ့မိတ္ေဆြ သူငယ္ခ်င္းေရွ႕မွာ ငါ့ကို မ်က္ႏွာသာေပးဖို႔ မေမ့ပါနဲ႔။ အိမ္မွာ နင့္ကို ငါမ်က္ႏွာသာေပးထားတယ္။
(၁ဝ) နင္အရမ္းရင့္က်က္ဖို႔ ငါမလိုဘူး။ ရင့္က်က္တဲ့ မိန္းမတစ္ေယာက္ဟာ
အရမ္းေမာရတတ္တယ္။ ငါ့ကို နင္ခြၽဲႏြဲ႕လို႔ ရတယ္။ နင့္ကို ဂ႐ုစိုက္ ကာကြယ္တာဟာ ငါရဲ႕တစ္သက္တာ တာဝန္ပါ။
(၁၁) တစ္ခ်ိန္ခ်ိန္မွာ ငါပိုက္ဆံ မရွိေတာ့တဲ့အခါ ငါ့ရဲ႕အရည္အခ်င္းကို နင္အကဲမျဖတ္ပါနဲ႔။ ဘဝဆိုတာ ဗုံလုံတစ္လွည့္ ငါးပ်ံတစ္လွည့္ပါပဲ။ ငါတို႔ျဖတ္သန္းေနတာက ေန႔ရက္ေတြကိုပါ။ ေငြေၾကးကို ျဖတ္သန္းေနတာ မဟုတ္ပါဘူး။
မိန္းကေလးေတြ လိုခ်င္တာ သိပ္မမ်ားဘူး။
ေယာက္်ားေလး လိုခ်င္တာလည္း သိပ္မမ်ားဘူး။
လိုခ်င္တာခ်င္း တူခ်င္မွ တူလိမ့္မယ္ ဆိုေပမယ့္ ခ်စ္ျခင္းေမတၱာ အဓြန္႔ရွည္ဖို႔၊ တည္တံ့ခိုင္ၿမဲဖို႔၊ သာယာခ်မ္းေျမ့ဖို႔၊ အခ်င္းခ်င္းနားလည္မႈ ရယူႏိုင္ဖို႔ကေတာ့ တူၾကပါလိမ့္မယ္။
တခ်ိဳ႕ကေျပာတယ္…
မိန္းမက ေရ၊ ေယာက္်ားက ႐ႊံ႕ပါတဲ့။
အိမ္ေထာင္တစ္ခု၊ မိသားစုတစ္စုရဲ႕ လွပၿပီး ျပည့္စုံပုံသ႑ာန္ကို ေဖာ္ႏိုင္ဖို႔ ႐ြံ႕နဲ႔ေရရဲ႕ေပါင္းစပ္မႈေပၚမွာ မူတည္သတဲ့။ ႐ြံ႕မ်ားရင္ လိုခ်င္တဲ့ပုံသ႑ာန္ကို လုပ္လို႔ မရႏိုင္ဘူး။ ေရမ်ားရင္ ႐ြံ႕ေပ်ာ့ကုန္တယ္။ ႐ြံ႕နဲ႔ေရကို အခ်ိဳးက်ေပါင္းစပ္မွ လွပတဲ့ ပုံသ႑ာန္တစ္ခုကို ထုဆစ္ႏိုင္မွာျဖစ္ပါတယ္။
(ဖတ္မိသမွ် ျပန္လည္မွ်ေဝပါတယ္)
အားလုံး အဆင္ေျပေျပ ခ်စ္ႏိုင္ၾကပါေစ လို႔
Credit :
Unicode
“ယောက်ျားတိုင်း လိုလို ချင်ချင်နဲ့ မက်မောတဲ့ မိန်းမဆိုတာ”
ယောက်ျားတစ်ယောက်က ပြောတယ်……
(၁) မိန်းကလေး တစ်ယောက်ဟာ သိပ်ချော သိပ်လှစရာ မလိုဘူး။
လူကြားသူကြားထဲ ခေါ်ထွက်လို့ရပြီး အိမ်အပြန် ခေါ်ပြန်လာလို့ရရင် ရပြီ။
(၂) ဖြစ်ခဲ့ဖူးတဲ့ အတိတ်ကို ငါလိုက်မမေးဘူး။ ဒါပေမယ့် ငါနဲ့တွေ့ပြီးတဲ့နောက် ငါ့တစ်ယောက်တည်းကိုပဲ ကောင်းကောင်းချစ်ရင် ရပြီ။
(၃) အလုပ်လုပ်ချင်ရင် အလုပ်တစ်ခုရှာ လုပ်နိုင်တယ်။ မလုပ်ချင်ရင် အိမ်မှာပဲ
အိမ်ရှင်မအဖြစ် ပီပီသသနေ။ နင့်ကို ငါယူရဲရင် နင့်ကိုကျွေးနိုင်တဲ့ အား ငါ့မှာရှိတယ်။
(၄) တခြားလူလောက် ငါချမ်းသာချင်မှ ချမ်းသာမယ်။ ဒါပေမယ့် တခြားလူ နင့်ကို ပေးနိုင်တဲ့အရာ ငါလည်းပေးနိုင်တယ်။
(၅) နင့်အနားမှာ ငါနေ့တိုင်းအဖော်ပြုနိုင်ချင်မှ ပြုနိုင်မယ်။ ဒီအိမ်အတွက် ငါအပြင်ထွက် ရုန်းကန်ရမယ်။ ဒါပေမယ့် ငါ့ဖုန်း ဘယ်တော့မှ ပိတ်မထားဘူး… ဘယ်အချိန်ဖြစ်ဖြစ် ငါ့ကို နင် ရှာတွေ့နိုင်စေရမယ်။
(၆) သူငယ်ချင်းတစ်သိုက်နဲ့ ငါ ထွက်သောက်ဖြစ်တဲ့ အခါတိုင်း နင့်ကိုငါ ခေါ်သွားမှာ မဟုတ်ဘူး။ ဒါပေမယ့် ခမ်းခမ်းနားနား ကျင်းပတဲ့ ပွဲမှန်သမျှ နင့်ကို ငါ ဂုဏ်ရှိရှိတွဲခေါ်ပြီး လူတွေနဲ့ မိတ်ဆက်ပေးလို့ရတယ်။
(၇) တချို့ကပြောတယ်.. မိန်းမယူတာ ထမင်းချက်၊ အဝတ်လျှော်၊ ကလေးထိန်းဖို့တဲ့။ ငါတော့ ဒီလိုမထင်ဘူး။ အိမ်မှုကိစ္စတွေကို ငါခွဲဝေကူ လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ငါလုပ်တယ်ဆိုပြီး နင်မလုပ်တော့တာ မဖြစ်ပါစေနဲ့။
(၈) ဝမ်းနည်းတဲ့ ဘယ်လိုကိစ္စမျိုးမဆို ငါ့ကို နင်ပြောပါ။ ငါရဲ့ခိုင်ခံ့တဲ့ပခုံးနဲ့ နင့်ကိုငါ အမှီပေးမယ်။
(၉) ငါ့မှာ ယောက်ျားမာန်ဆိုတာ ရှိတတ်တယ်။ အပြင်မှာ၊ ငါ့မိတ်ဆွေသူငယ်ချင်းရှေ့မှာ ငါ့ကို မျက်နှာသာပေးဖို့ မမေ့ပါနဲ့။ အိမ်မှာ နင့်ကို ငါမျက်နှာသာပေးထားတယ်။
(၁ဝ) နင်အရမ်းရင့်ကျက်ဖို့ ငါမလိုဘူး။ ရင့်ကျက်တဲ့ မိန်းမတစ်ယောက်ဟာ
အရမ်းမောရတတ်တယ်။ ငါ့ကို နင်ချွဲနွဲ့လို့ ရတယ်။ နင့်ကို ဂရုစိုက် ကာကွယ်တာဟာ ငါရဲ့တစ်သက်တာ တာဝန်ပါ။
(၁၁) တစ်ချိန်ချိန်မှာ ငါပိုက်ဆံ မရှိတော့တဲ့အခါ ငါ့ရဲ့အရည်အချင်းကို နင်အကဲမဖြတ်ပါနဲ့။ ဘဝဆိုတာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ပါပဲ။ ငါတို့ဖြတ်သန်းနေတာက နေ့ရက်တွေကိုပါ။ ငွေကြေးကို ဖြတ်သန်းနေတာ မဟုတ်ပါဘူး။
မိန်းကလေးတွေ လိုချင်တာ သိပ်မများဘူး။
ယောက်ျားလေး လိုချင်တာလည်း သိပ်မများဘူး။
လိုချင်တာချင်း တူချင်မှ တူလိမ့်မယ် ဆိုပေမယ့် ချစ်ခြင်းမေတ္တာ အဓွန့်ရှည်ဖို့၊ တည်တံ့ခိုင်မြဲဖို့၊ သာယာချမ်းမြေ့ဖို့၊ အချင်းချင်းနားလည်မှု ရယူနိုင်ဖို့ကတော့ တူကြပါလိမ့်မယ်။
တချို့ကပြောတယ်…
မိန်းမက ရေ၊ ယောက်ျားက ရွှံ့ပါတဲ့။
အိမ်ထောင်တစ်ခု၊ မိသားစုတစ်စုရဲ့ လှပပြီး ပြည့်စုံပုံသဏ္ဍာန်ကို ဖော်နိုင်ဖို့ ရွံ့နဲ့ရေရဲ့ပေါင်းစပ်မှုပေါ်မှာ မူတည်သတဲ့။ ရွံ့များရင် လိုချင်တဲ့ပုံသဏ္ဍာန်ကို လုပ်လို့ မရနိုင်ဘူး။ ရေများရင် ရွံ့ပျော့ကုန်တယ်။ ရွံ့နဲ့ရေကို အချိုးကျပေါင်းစပ်မှ လှပတဲ့ ပုံသဏ္ဍာန်တစ်ခုကို ထုဆစ်နိုင်မှာဖြစ်ပါတယ်။
(ဖတ်မိသမျှ ပြန်လည်မျှဝေပါတယ်)
အားလုံး အဆင်ပြေပြေ ချစ်နိုင်ကြပါစေ လို့
Credit :